(Z) Ruyi _ Chapter (27)_ နူးညံ့သိမ်မွေ့စွာ ဆက်ဆံခြင်း

5.8K 178 1
                                    

(Z) Ruyi _ Chapter (27)_ နူးညံ့သိမ်မွေ့စွာ ဆက်ဆံခြင်း


မင်းသားရဲ့ ပင်မ အဆာင်ထဲမှာ အစေခံတွေ အစောင့်တွေ အများကြီးရှိသည်။

ရူရိက အမြဲတမ်း တစ်ယောက်တည်း အထီးကျန်ခဲ့ရ သည်။ သူမက မြို့စားသမီးဖြစ်ခဲ့ရင်တောင်မှ အစေခံကိုယ်လုပ်တော်မှ မွေးသည့် ရှုသမီးဖြစ်သောကြောင့် သခင်မလေး အဆောင်အယောင်တွေ၊ အခြွေရံတွေ မရခဲ့ပေ။  

ဒါပေမယ့် မင်းသားဝူကျန်ရဲ့ ဝမ်ဖေးဖြစ်သွားသည်နှင့် ချက်ချင်း အခြွေရံများစွာရှိသည့်အပြင် သူမရဲ့လက်မြှောက်စရာမလိုအောင် ခစားကာ အလုပ်ကျွေးပြုမည့် အစေခံများစွာ ရောက်လာသည်။ အခုဆိုရင် သူမရဲ့ ခြေဆုံးခေါင်းဆုံး အကောင်းဆုံး ဆိုသည့် အရာတွေနှင့် ဆင်ယင်ထားပြီး နေ့စဉ် ပိုးထည်ဆိုတာ မထပ်အောင် လဲလှယ်ပေးကြသည်။ ရူရိ ရဲ့လက်တွေ လည်ပင်းတွေ နားရွက်တွေနဲ့ ဆံပင်တွေကို ရွှေငွေလက်ဝတ်လက်စား၊ ဆံထိုး၊ လည်ဆွဲ၊လက်ကောက်၊ နားဆွဲ စသည့် တန်ဖိုးကြီး လက်ဝတ်ရတနာများကို ဆင်ယင်ပေးကြသည်။

" ဝမ်ဖေးက အရမ်းချောတာပဲ။ ဘာဝတ်ဝတ် အရမ်းလိုက်ဖက်တယ် "

အခြားလူတွေက ရူရိရဲ့ရုပ်ရည်ကို ခုလို မြှောက်ပင့်ကာ ပြောဆိုတော့ ရူရိမှာ ကြားရတာ ထူးဆန်းလို့နေတယ်။ ရူရိက ဘယ်လို ရုပ်ရည်ရှိတယ်ဆိုတာ ကိုယ့်ဖာသာ အသိဆုံးဖြစ်တယ် မဟုတ်လား။

အလှဆိုတာ ရူရိနဲ့ လုံးဝ မလိုက်ဖက်တဲ့ စကားလုံးဖြစ်တယ်။ အရင်က ရူရိရဲ့ ဖြူယော်ယော်နှင့် သရဲဝိဉာဉ်နှင့်တူသော ရုပ်ရည်ကြောင့် အိမ်တော်ထဲက ကလေးတွေ လန့်ငိုခဲ့ဖူးသည်။ ဒါကြောင့် အမတ်ကြီး အိမ်တော်က ဧည့်သည်လာတိုင်း ခြောက်လှန့်မိမည် စိုးသောကြောင့် ရူရိကို ဘယ်တော့မှ အပြင်ကို မထွက်ခိုင်းခဲ့ပေ။ ဧည့်သည်တော်တွေ လာတိုင်း ရူရိက အခန်းကျဉ်းလေးထဲမှာ ငြိမ်ငြိမ်လေး နေခဲ့ရတာ အကျင့်တစ်ခုလိုဖြစ်နေခဲ့လေပြီ။

အခုမှ သူတို့က ရူရိကို လှတယ်တဲ့လား....


" ဝမ်ဖေး...မနက်စာ သုံးဆောင်ဖို့ အသင့်ဖြစ်ပါပြီ "

မင်းသားက ယောကျာ်းလေး အစေခံတွေနဲ့ ကိုယ်ရံတော် အစောင့်တွေတွကို ရူရိနဲ့ 5 မီတာ အကွာမှ နေဖို့ အမိန့်ပေးထားတယ်။ အဲ့ဒီအမိန့်က ထူးဆန်းနေပေမယ့် ရူရိ ထွေထွေထူးထူး မတွေးတော့ပေ။ သူ့လူတွေကို သူ ဘယ်လိုအမိန့် ပေးပါစေ ရူရိနဲ့မှ မသက်ဆိုင်ပဲလေ။

ရူရိ အခု အာရုံစိုက်နေမိတာက အစေခံတွေ ယူဆောင်လာခဲ့သည့် အစားအသောက်တွေဖြစ်သည်။

" စားပွဲပေါ်မှာ ခင်းကျင်းလိုက် "

အစေခံတစ်ယောက်က ပြောလိုက်ကာ ကျန်လူတွေက  ပူပူနွေးနွေး အငွေ့တထောင်းထောင်းထနေသည့် ဟင်းတွေကို စားပွဲ အပြည့်ခင်းကျင်းလိုက်ကြသည်။

 မင်းသားဝူကျန့် အခန်းထဲကို ဝင်လာတဲ့အချိန်မှာ  အစေခံတစ်ယောက်က မတော်တဆ ခလုတ်တိုက်မိကာ လဲကျသွားသည်။ တခန်းလုံးက ရုတ်တရက်  ကြောက်ဖို့ကောင်းလောက်အောင်   တိတ်ဆိတ်သွားလို့ ရူရိ မော့ကြည့်လိုက်မိသည်။

ထိုအစေခံက မင်းသားရှေ့မှာ ဒူးထောက်တောင်းပန်ပြီး သူ့အသက်ကို ချမ်းသာပေးဖို့ေ တောင်းဆိုနေတယ်။ ဒါပေမယ့် မင်းသားက အချက်ပြလိုက်သည်နှင့်  အစောင့်တွေက အစေခံကို ဆွဲထုတ်သွားသည်။

မင်းသားရဲ့ မှုန်မှိုင်းမှိုင်း အမူအရာက သူ စိတ်မပျော်ဘူးလို့ ရူရိကို ထင်လိုက်စေတယ်။


" ရူရိ...."

ထိုအစေခံရဲ့ ကျယ်လောင်တဲ့ငိုကြွေး တောင်းပန်သံကြောင့် ငေးကြောင်နေတဲ့ ရူရိရဲ့ ပါးပြင်ကို မင်းသားက သူ့လက်ဝါးကြီးဖြင့် အသာယာပွတ်သပ်ကာ ခေါ်လိုက်သည်။ ရူရိရဲ့ ရှေ့မှာ မင်းသားရောက်နေတာကိုတောင် ရူရိ သတိမထားမိလိုက်ပါလား။

သူ့ရဲ့ မီးခိုးရောင် မျက်ဝန်းတွေကို မော့ကြည့်လိုက် ချိန်မှာ ရူရိရဲ့ နူတ်ခမ်းတွေထက်ကို   မင်းသားရဲ့ လက်မက  နူးညံ့စွာ ပွတ်သပ်လာခဲ့သည်။ ရူရိက သူ့အကြည့်တစ်စုံကြောင့် မိန်းမောသွားမိစဉ် အခြားလူတွေက သဘောပေါက်စွာ အကုန် အပြင်ထွက်သွားခဲ့သည်ကို သူမ လုံးလုံး သတိမထားလိုက်မိပေ။

 
"ရူရိလေး... ဆေးသောက်ပြီးပြီလား "

ရူရိ ခေါင်းညိမ့်ပြလိုက်တယ်။

" မင်း ဒီနေ့ ကိုယ့်ကို လွမ်းနေရဲကလား... ရူရိလေး "

သူ့ကို ဒီနေ့မနက်မှာ တွေ့လိုက်တာမဟုတ်ဘူးလား။ မင်းသားရဲ့မေးခွန်းကို သူမ ဘယ်လိုပြန်ဖြေရမှန်းမသိ ခေါင်းရှုပ်သွားပြီး သူမ ခေါင်းကို နည်းနည်းစောင်း လိုက်မိသည်။

 " တကယ်လို့ မင်း ကိုယ့်ကို မလွမ်းရင် ကိုယ် ဒီနေရာ ကနေ ထွက်သွားရမလား။  တစ်ယောက်ယောက် ကတော့ ကိုယ့်ကို လွမ်းနေမှာ သေချာတယ် "

ဒီစကားကိုကြားတော့ ရူရိ မသိလိုက်ခင်မှာ လက်ကို ဆန့်ပြီး သူ့လက်မောင်းကို ဆုပ်ကိုင်လိုက်မိသည်။ မင်းသားက ရူရိ ရဲ့အမူအရာလေးကို သဘောကျစွာ ရယ်မောလိုက်ပြီး ရူရိကို ချက်ချင်းပဲ ပွေ့ချီကာ သလွန်ပေါ်ကို လှဲချလိုက်သည်။

" ရူရိ ကိုယ့်နာမည်ကို ခေါ်ပါ... ကိုယ် မင်းရဲ့ နူတ်ဖျားက ထွက်တဲ့ အသံလေးကို ကြားချင်တယ် "

"ကျ...ကျန့် "

"ရူရိ..ကိုယ့်ကို ဒီနေရာမှာ လိုချင်သလား ဒါမှမဟုတ် ကိုယ်တို့ အိပ်ဆောင်မှာ လုပ်တာ လိုချင်သလား "  

မျက်နှာရဲသွားပြီး ရူရိက မင်းသားရဲ့ ပြုံးနေတဲ့မျက်နှာကို မော့ကြည့်လိုက်မိသည်။

" တကယ်လို့ ရူရိ မဖြေဘူးဆိုရင် ရူရိကို ကိုယ် ဒီနေရာမှာပဲ ချစ်ပစ်လိုက်မယ်...  "

သူ့အမေးကို ရူရိ ဘယ်လိုဖြေရမှာလဲ?

 ဒီမနက်ကပဲ သူက ရူရိကို အကြိမ်ကြိမ် ယူခဲ့ပြီးပြီ မဟုတ်လား။   ပြီးတော့လည်း သူ အခုထိ ယူချင်နေတုန်းပဲ။ ရူရိ..သူ့ အနမ်းတွေ၊ အကြည့်အောက်မှာ ခြေလက်တွေ ပျော့ကျလာသလို သူက ရူရိရဲ့ နူတ်ခမ်းတွေကို စုပ်နမ်းရင်း လည်တိုင်မှာ ချစ်ခြင်းရဲ့အမှတ်တွေကို ထပ်မံ ရေးထွင်းနေတော့သည်။

ရူရိ ရဲ့တစ်ကိုယ်လုံးမှာ မင်းသားရဲ့ အချစ်သင်္ကေတတွေနဲ့ ပြည့်နှက်နေတယ်။ အစေခံတွေက ရူရိကို အဝတ်လဲလှယ်ပေးတိုင်း ရှက်သွေးဖြာကာ ပင့်သက်ရှိုက်လိုက်သံကို ကြားရစမြဲဖြစ်သည်။

 
ဒါပေမယ့် ရူရိ ဘာတတ်နိုင်မှာလဲ။  မင်းသားကို ရူရိ တားမှ မတားနိုင်တာပဲလေ။ ပြီးတော့ ရူရိကော..တကယ်ပဲ သူ့ကို တားချင်ရဲ့လားဆိုတာ မသိတော့ဘူး။

 တကယ်လို့ မင်းသားကိုသာ ရူရိ လိုက်လျောခဲ့ရင် သူက ရူရိကို ပိုပြီး ကြင်ကြင်နာနာနဲ့  နူးညံ့သိမ်မွေ့စွာ ဆက်ဆံလာ မလားပဲ.....

 

.....................

(Completed) ရူရိ/ရူရိ (MM translation)Donde viven las historias. Descúbrelo ahora