ep 3

7.2K 533 57
                                    

Unicode

နှိုင်းတည်တံ့ သူ့ရှေ့တွင် ထိုင်နေသော တကောင့်သားအား မျက်ထောင့်နီဖြင့်စိုက်ကြည့်နေမိသည်။ ဆရာဝန်ရုံးခန်းအထိလာကာ စားပွဲပေါ်သို့ ခြေထောက်နှစ်ဖက်ပင် ချိတ်တင်ထားလေသော ဦးခိုက်ကြောင့် နှိုင်းစိတ်ညစ်လာမိသည်။

သူငယ်ချင်းအနေဖြင့် ရှိနေသည့် အချိန်တွင်မပြောလိုပါ။ ယခုကဲ့သို့ ဂျူတီကုတ်ဝတ်ထားသူတစ်ယောက်အပေါ်တွင်တော့ လေးစားမှုရှိသင့်လေသည်။ နှိုင်းတည်တံ့သည် ပျော်ပျော်နေတတ်သော်ငြား အပြုအမူ ကျင့်ဝတ်နှင့် ယဥ်ကျေးမှုအား လေးစားသူဖြစ်သည်။

Lolipopတစ်လုံးကို ပါးစောင်တွင် ငုံခဲကာ နှိုင်းအား စိတ်မရှည်သော မျက်လုံးတို့ဖြင့် မှေးကျဥ်းကျဥ်းကြည့်နေလေသည်။ပိုက်ထားသော လက်ကလည်းမဖြုတ်သေး။ မည်သူ့ကိုမှ ဂရုမစိုက်သော လူတစ်ဦးကဲ့သို့ပင်။

"နှိုင်းတည်တံ့.....မင်း ငါမေးတာဘယ်တော့ဖြေမှာလဲ...."

"ဦးခိုက်.....မြတ်ဇာတာရှင်နဲ့ ကြိုက်ခဲ့တာမင်းလေ.....ကိုယ်တစ်လကျော်တွဲခဲ့သူရဲ့အစ်ကို့ကုမ္ပဏီကို ဘယ့်နှယ့်ကြောင့် ငါ့လာမေးနေတာတုန်း....."

ဦးခိုက်သည် သူ့ပါးစောင်ထဲမှ lolipopအား ညာလက်ဖြင့် ကိုင်ထားလိုက်ကာ နှိုင်းမျက်လုံးအား သေချာစူးစိုက်ကြည့်လိုက်ပြီး....

"မင်းက သတိုးပြည့်ရှင်ရဲ့ သူငယ်ချင်းလေ....မသိဘဲနေမလား...."

ဦးခိုက်က မဲ့ပြုံးပြုံး မျက်ခုံးတစ်ဖက်တွန့်ပြကာ ခနဲ့တဲ့တဲ့ပြောလေသည်။ နှိုင်းအဖို့တော့ ပျက်ယွင်းသွားမိသော မျက်နှာအား အားချင်း ပြင်လိုက်ရသည်။ ထိုအချိန် ဦးခိုက်ဆီသို့ massage တစ်စောင်ဝင်လာ၍ ဦးခိုက်၏ အကြည့်တို့ အရှိန်ပျက်သွားသည်။ ဖုန်းခေါ်သူကိုပင် နှိုင်းတစ်ယောက် မသိစိတ်မှ ကျေးဇူးတင်နေမိသည်။ ဦးခိုက်မှာ ဖုန်းမျက်နှာပြင်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် အပြုံးရိပ်တို့ဖြတ်ပြေးသွားသည်ကို တွေ့လိုက်ရသည်။ ချိတ်တင်ထားသော ခြေတစ်စုံအား ချက်ချင်းချလိုက်ပြီး အပြုံးတစ်ပွင့်ဖြင့် စကားပြောလေသည်။ မှတ်ချက် အမြင်ကတ်စရာကောင်းသော အပြုံးတစ်ခုသာ။

You own Maung's world (completed)Место, где живут истории. Откройте их для себя