Unicode
"အဟွတ်....ဟွတ်..ခင်ဗျား ဒါဘာလုပ်တာလဲ လွှတ်...."
နှိုင်းတည်တံ့ အားကုန်ရုန်းမိသည်။ သို့သည့်တိုင် မင်းတိုင်းဆရင်ခွင်ထဲမှ ရုန်းမထွက်နိုင်ချေ။ အနမ်းတို့အား ရပ်ပစ်နိုင်ရုံသာ။ နှိုင်းမှာ မွန်းကြပ်မှုမှ လွတ်လာသည်မို့ ချောင်းတဟွတ်ဟွတ်ဆိုးကာ မျက်ရည်တို့ရစ်ဝိုင်းနေလေသည်။
မင်းတိုင်ဆမှာ ရီဝေဝေကြည့်နေဆဲဖြစ်သည်။ ဘာစကားမှ မတုံ့ပြန်လာ။ မျက်နှာနားမှ ကလေးငယ်၏ နီရဲရဲမျက်နှာကလေးကိုသာ စိုက်ကြည့်နေတော့သည်။ အသက်အလုအယက်ရှူရသည်မို့ ရင်ဘတ်တို့မှာ နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး ရင်ခုန်သံစီးချက်တို့ပင် မူမမှန်တော့မှန်း နှိုင်း ကိုယ့်ကိုယ်ကို သတိထားမိသည်။
"သည်မှာ....ခင်ဗျား ဘာလို့အဲ့လိုလုပ်တာလဲ....."
"မနက်ဖြန် မနက်ပိုင်းဂျူတီရှိလား....."
ရစ်မူးနေသော အကြည့်တို့ မပြောင်းလဲစွာ ခပ်တည်တည်မေးလာသည်။
"ရှိတယ်....ဘာဖြစ်လဲ...."
"ဖျက်လိုက်...."
"ဘာ...ဘယ်လို!!!!"
နှိုင်း မင်းတိုင်းဆ၏ရင်ဘတ်အား ခြေဖြင့်ကန်လိုက်ပြီး ကိုယ်နှစ်ခုကို ကွာဝေးစေလိုက်သည်။ မင်းတိုင်းဆမှာ ကားမောင်းသူထိုင်ခုံပေါ် ပြန်ရောက်သွားပြီး အဓိပ္ပာယ်ဖော်မရသော မျက်ဝန်းတစ်စုံနှင့် ကြည့်နေပြန်သည်။
"ကိုယ့်ကို သဘောမကျဘူးလား...."
သည်မေးခွန်းအမေးခံလိုက်ရသည့်အချိန် ရေခဲရေဖြင့် လောင်းချခံလိုက်ရသကဲ့သို့ တောင့်ခဲသွားရလေသည်။ နှိုင်းမည်သို့ အဖြေပေးရမည်မှန်း မသိတော့ချေ။ မင်းတိုင်းဆအပေါ် သူစိတ်ဝင်စားပေမဲ့ သဘောမကျဘူးလား ဟူသော မေးခွန်းသည် စိတ်ရှုပ်ထွေးဖွယ်ဖြစ်လာသည်။ မရေရာသော အဖြေကိုပေးမဲ့အစား တိကျသည့် မေးခွန်းကိုသာ ပြန်မေးလိုက်မိသည်။
"ကျွန်တော့်ကိုရော ခင်ဗျားက သဘောကျတယ်လား....သဘောကျလို့ သည်လိုလုပ်တာလား...."
မင်းတိုင်းဆမှာ ရုတ်ချည်း တိတ်ဆိတ်သွားသည်။ မျက်လွှာချရင်း မျက်ဆံကစားနေသည်မို့ တွေးနေသည်မှန်းသိသာသည်။ နှိုင်းမည်သို့မှန်းမသိ မာနထိခိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သည်လူတကယ်ပဲ သူ့ကို ဘယ်လိုသဘောထားနေသလဲ။ သဘောကျလား ဟူသော မေးခွန်းအတွက် တိတ်ဆိတ်သွားတဲ့သူ့ကို နှိုင်းစိတ်ထဲ ချဥ်တင်တင်ခံစားနေရတယ်။ ကိုယ့်မလည်း မာနနှင့် ဆရာဝန်ဟူသော ဂုဏ်ပုဒ်ရှိသေးသည်မို့ ဟန့်ချောင်းတစ်ချက်လုပ်ဆိုးလိုက်ကာ ပျက်ယွင်းသွားသော အဝတ်အစားနှင့် ဆံပင်တို့ကို ပြင်နေလိုက်သည်။ ပြင်နေရင်းမှသည်။
ESTÁS LEYENDO
You own Maung's world (completed)
Romanceဆွေးရဲ့ ဒုတိယမြောက်ဖန်တီးမှုလေးပါ... (မောင့်ကမ္ဘာလေးကို မင်းပိုင်တယ်) ဇာတ်လမ်းပါအကြောင်းအရာများ ဇာတ်ကောင်နာမည်မှအစ အခြားသော အကြောင်းအရာများမှာ စာရေးသူ၏ စိတ်ကူးယဥ်မှုသက်သက်သာ.... Coverphoto from printerest...