ep 4

6K 472 63
                                    

Unicode

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးသည် လူများပြည့်လျှံနေလေသည်။ ကျယ်လောင်လှသော ဖိနပ်သံအမျိုးမျိုးကသာ လွှမ်းမိုးနေလေသည်။ ထိုအချိန် လေဆိပ်ထဲတွင် ထင်းသော အလင်းတစ်ခုပေါ်ထွက်လာသည်။

အလင်းဟုပြောရသည်မှာ နှိုင်းယှဥ်မှုတစ်ရပ်ပင်ဖြစ်သည်။ ထိုလူသားသည် အလင်းကဲ့သို့ ထင်ရှားလှသောကြောင့်။ ရှပ်အကျီဖြူလွှလွှနှင့် ဂျင်းနက်ပြာအား လိုက်ဖက်စွာဝတ်ဆင်ထားလေသည်။ အနက်ရောင်နားကြပ်နှင့် နေကာမျက်မှန်တို့မှာ ခန့်ချောမှုအား တစ်ရစ်တိုးစေသည်။

ထိုလူသည် ခရီးဆောင်အိတ်အား စတိုင်လ်ကျကျဆွဲကာ ထွက်လာသည်။ ပျိုမဒီအပေါင်း၏ မျက်ဝန်းများသည် ထိုလူသား၌ဆွဲကပ်လျက်။ လေဆိပ်၏အပြင်သို့ရောက်သောအခါ လတ်ဆတ်သော မြန်မာနိုင်ငံလေထုအား ထိတွေ့လိုက်ရ၍ ထိုလူပြုံးလိုက်မိသည်။

*သတိုးပြည့်ရှင်ပြန်လာပြီ* ထိုလူ့စိတ်ထဲ တိုးတိုးရွတ်ဆိုကာ ချိုသောအပြုံးကို ဖန်တီးလိုက်လေသည်။

######

ပူလောင်လှသော ရန်ကုန်ရာသီဥတုသည် ဧကရာဇ်ဦးခိုက်အတွက် စိတ်ရှုပ်စရာဖြစ်သည်။ ဦးခိုက်သည် ပူအိုက်သည့်ဒဏ်အားမခံစားနိုင်ပါ။ လူကပူလာလျှင် ဒေါကဆူလာသည်။ နေရင်းထိုင်ရင်းဒေါသထွက်တတ်သည်။ ဒါကြောင့်မို့ အပူကို ဦးခိုက်မနှစ်သက်ပါ။ အေးသောအရာကိုသာသဘောကျသည်။

အပြင်တွင်ချစ်ချစ်တောက်ပူနေသော နေအလင်းရောင်အား မှန်နံရံမှ တစ်ဆင့် ဦးခိုက်လှမ်းကြည့်ရင်း မျက်မှောင်ကြုံ့ထားမိသည်။ သူ၏မူအတိုင်း ရှေ့ရှိ စားပွဲဝိုင်းပေါ်သို့ သူ၏ရှည်မြောလှသော ခြေထောက်များအား ချိတ်တင်ထားပြန်သည်။ သေးသေးကျုံ့ကျုံ့ထိုင်ခုံများအား ဦးခိုက်မကြိုက်ပါ။ ယခုလည်း သူ၏ကြီးစွာသော ခန္ဓာကိုယ်ကြီးမှာ ခုံနှင့်မဆန့်ဖြစ်လို့နေသည်။

လူရှင်းလှသော ရေခဲမုန့်ဆိုင်လေးထဲတွင် စားသုံးသူတစ်ဦးနှစ်ဦးမှ လွဲ၍ ဆိုင်မှဝိတ်တာကောင်မလေးများသာရှိသည်။ အလုပ်သမားကောင်မလေးများမှာ ဦးခိုက်ကို ကွက်ကြည့် ကွက်ကြည့်ဖြင့် တီးတိုးစကားဆိုနေကြသည်။ *သိပါတယ်....ငါသိပ်ချောတာ သည်လောက်ကြည့်နေဖို့လိုလို့လား...*

You own Maung's world (completed)Donde viven las historias. Descúbrelo ahora