Unicode
"ရန်ကုန်မြို့နယ် ရဲစခန်းတစ်ခုရှေ့တွင် Mr.Johnအမည်ရသော ဂိုဏ်းခေါင်းဆောင်တစ်ဦးနှင့် သူ၏ ဂိုဏ်းသားများအား သေနတ်ဒဏ်ရာများဖြင့် လာရောက်ပစ်သွားကြောင်း သတင်းရရှိခဲ့ပါတယ်။ Mr.Johnအပါအဝင် ဂိုဏ်းသားများမှာ အသက်မရှိတော့ကြောင်း အတည်ပြုခဲ့ကြပြီးပါပြီ။ ရုပ်အလောင်းတို့အပြင် Mr.John၏ တရားမဝင် ကျောက်အရောင်းအဝယ်လျှို့ဝှက်စာရင်းများနှင့် လက်ဝယ်ရှိသော ကျောက်အကြွင်းအကျန်များကိုပါ အလောင်းတို့နှင့် တစ်ပါတည်း တွေ့ရှိခဲ့ရကြောင်း သတင်းရရှိခဲ့ပါတယ်။ Mr.Johnနှင့်အပေါင်းအပါများအား မည်သူက သတ်ပစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါသည်။ "
(ဇာတ်လမ်းပါ အကြောင်းအရာများမှာ ယခုလက်ရှိနိုင်ငံရေးအခြေအနေနဲ့ မသက်ဆိုင်ပါကြောင်း ဇာတ်လမ်းအရ ထည့်သွင်းရခြင်းဖြစ်ပါကြောင်း)
remoteကို ဇက်ခနဲယူပြီး တီဗီဖန်သားပြင်အား ပိတ်ပစ်လိုက်ရသည်။ ကုတင်ပေါ်တွင် အသက်ရှူမှန်မှန်ဖြင့် အိပ်မောကျနေသူအား မင်းတိုင်းဆ ကြည့်ရင်း သက်ပြင်းချမိသည်။
ကုတင်ဘေးရှိ ခုံတွင် ထိုင်လိုက်ရင်း ကိုသက်၏ နှဖူးပြင်အား လက်ဖဝါးဖြင့် ဖွဖွစမ်းလိုက်သည်။ ပူကျစ်နေသော ခံစားမှုကြောင့် မင်းတိုင်းဆစိတ်မကောင်းဖြစ်မိသွားသည်။
အမြဲမျက်နှာထားတည်တင်းပြီး အေးစက်စက်အကြည့်တို့မြဲနေတတ်တဲ့ ကိုသက်ဟာ တကယ်လည်း သွေးအေးအေးဖြင့် လူသတ်နိုင်သူတစ်ဦးဖြစ်ခဲ့ဖူးသည်။ ယခုလို ပျော့ညံ့တတ်သူမဟုတ်ပေ။
ညစာစားပွဲညက ရယ်သံအဆုံး ပျော့ခွေပြီး လဲကျသွားသူကိုသက်အား မင်းတိုင်းဆပွေ့ချီပြီး ဂရုစိုက်ပေးရလေသည်။ ဦးလေးရဲ့ သင်ပြမှုတွေအောက် အရဲရင့်ကြီးရဲရင့်ခဲ့တဲ့ ကိုသက်ဟာ ခုများတော့ သိပ်ကိုအားပျော့လွန်းတာမို့ မင်းတိုင်းဆ အားမရဖြစ်လာတယ်။
မေ့မျောနေသည်မှာ သုံးရက်ပင်ပြည့်တော့မည် ဖြစ်သော်လည်း ဖုန်းတစ်ကောလ်ပင် ခေါ်ဖော်မရသော မြတ်ဇာတာရှင်အားလည်း မကျေမနပ်ဖြစ်မိသည်။
![](https://img.wattpad.com/cover/291128255-288-k927560.jpg)
YOU ARE READING
You own Maung's world (completed)
Romanceဆွေးရဲ့ ဒုတိယမြောက်ဖန်တီးမှုလေးပါ... (မောင့်ကမ္ဘာလေးကို မင်းပိုင်တယ်) ဇာတ်လမ်းပါအကြောင်းအရာများ ဇာတ်ကောင်နာမည်မှအစ အခြားသော အကြောင်းအရာများမှာ စာရေးသူ၏ စိတ်ကူးယဥ်မှုသက်သက်သာ.... Coverphoto from printerest...