Extra

4.5K 261 10
                                        

Unicode

မျက်စိရှေ့တွင်ရှိသော မင်္ဂလာဓာတ်ပုံအား ကြည့်ရင်း ပြုံးနေမိသည်။ အဖြူရောင်အနောက်တိုင်းဝတ်စုံနှင့် သက်ကမ္ဘာရှင်သည် အနောက်တိုင်းဝတ်စုံအနက်ရောင်နှင့် ဦးခိုက်၏ လက်မောင်းအား တွဲချိတ်ကာ ရယ်မောနေလေသည်။

ထိုအပြုံးပုံရိပ်တို့သည် တစ်ဖက်ဓာတ်ပုံကြည့်နေသူထံသို့ပင် ကူးစက်လာစေသည်။ ပူထွက်နေတဲ့ ဗိုက်လုံးလုံးကို ပွတ်ရင်း အတိတ်တစ်နေရာသို့ အတွေးခဏအလည်သွားနေမိသည်။

ထိုနေ့က။

သဘာဝကိုဆန့်ကျင်သည့် မင်္ဂလာပွဲဖြစ်သော်ငြား ထောက်ခံအားပေးသူအများအပြားရှိခဲ့သည်။ ကုမ္ပဏီနှစ်ခု၏အရှိန်အဝါကြောင့်လည်းပါလိမ့်မည်။ ပွဲအတွင်းတွင် စီးပွားရေးလုပ်ငန်းရှင်များရှိနေပြီး ပွဲအပြင်တွင် ဆယ်ကျော်သက်ကောင်မလေးအများအပြားရှိနေသည်။ ဖိတ်စာမပါဝင်လျှင် ဝင်ခွင့်မရှိသည်မို့ ဘုရားကျောင်းအပြင်တွင် ဖုန်းလေးတကိုင်ကိုင်နှင့် အုတ်အော်သောင်းနင်းဖြစ်နေတော့သည်။လုံခြုံရေးဝန်ထမ်းများလည်း အလုပ်ရှုပ်နေရတော့သည်။

ထိုမိန်းကလေးများ ရောက်လာရခြင်းအကြောင်းမှာ အင်တာနက်ပေါ်တွင် ပျံ့နှံ့သွားသော ဦးခိုက်တို့၏လက်ထပ်ခွင့်တောင်းသည့်ဗီဒီယိုကြောင့်ဖြစ်သည်။ LGBTအား တွင်တွင်ကျယ်ကျယ်ထောက်ခံနေပြီဖြစ်သော ခေတ်ရေစီးကြောင်းအရ ထိုဗီဒီယိုမှာ တဟုန်ထိုး ပျံ့နှံ့သွားပြီး ကြည့်ရှုနှုန်း မြင့်တက်ခဲ့သည်။ နောက်မှ သိလိုက်ရသည်က ထိုဗီဒီယိုကို ဧကရီမှ ရိုက်၍ တင်လိုက်ကြောင်းသိလိုက်ရသည်။ ထိုနေ့ကရှယ်ယာရှင်များထဲတွင် ဧကရီ၏အဖေရော ဧကရီပါရှိနေပြီး ထိုဗီဒီယိုကို ရိုက်၍တင်လိုက်ခြင်းဖြစ်သည်။

မည်၍မည်မျှ ရို​မန်တစ်ဆန်ကြောင်း မည်မျှအားကျမိကြောင်း စသည့်စသည့် captionများဖြင့် အမျိုးမျိုးပြန်တင်ကြရင်း သက်ကမ္ဘာရှင်တို့အတွဲသည်လည်း မြန်မာနိုင်ငံတွင် မသိသူမရှိဖြစ်ခဲ့ရသည်။ မင်္ဂလာဆောင်သည့်နေ့တွင်လည်း စိတ်အားထက်သန်သော fujoshiမကလေးများက အရောက်လာကြခြင်းဖြစ်သည်။ ချစ်စရာကောင်းလှသည်။ သက်ကမ္ဘာရှင် ထိုမိန်းကလေးတို့အား ဝင်ခွင့်ပေးလိုက်ချင်ပါသော်လည်း ခန်းမအခြေအနေအရ ဝင်ခွင့်ပြုလို့မရခဲ့ပေ။

You own Maung's world (completed)Onde histórias criam vida. Descubra agora