" ဒီအိမ်လား "
" အင်း ဟုတ်တယ်ပြီးတော့ကိုယ်ပြောစရာရှိတယ် ကိုယ့်ကိုဖုန်းနံပါတ်ပေးခဲ့လို့ရမလား "
" ဘာကိစ္စပေးရမှာလဲ "
" အမ် ကိုယ့်ခြေထောက်ကနာနေရင်ဘယ်လိုလုပ်မလဲ ခင်ဗျားကဆေးခန်းလိုက်ပို့ပေးရအုံးမယ်လေ "
" လာပြန်ပြီလား ခင်ဗျား ရှင်ယဉ်ကျေးမှုရှိစမ်းပါ "
" မှားလို့ပါ အဲ့တော့ ပေးခဲ့မှာမို့လား ဖုန်းနံပါတ် "
" ကျစ် ပေးရှင့်ဖုန်း "
Lisa လည်းအဲ့တော့မှပြုံးလိုက်ကာ ဘောင်းဘီအိတ်ကပ်ထဲကဖုန်းထုတ်ပေးလိုက်တယ်။ Jen လည်းသူ့ဖုန်းနံပါတ်ရိုက်ထည့်ပေးပြီး Lisa ကိုဖုန်းပြန်ပေးလိုက်တယ်။" ရော့ ကျေနပ်ပြီမလား "
" အများကြီးကျေနပ်တာပေါ့ "
Lisa မျက်လုံးတစ်ဖက်မှိတ်ပြပြီးပြောလိုက်တော့ Jen နှာခေါင်းရှုံ့လိုက်တယ်။" လိုက်ပို့ပေးရအုံးမလား "
" ရတယ် ကိုယ်ဘာသာသွားမယ် မ ပင်ပန်းလိမ့်မယ် "
" ပြီးရော "
Lisa လည်းပြောပြီးကားပေါ်ကဆင်းဆင်းခြင်းမှာပဲ လှဲကျသွားတယ်။ Jen လည်းကားပေါ်ကအမြန်ဆင်းကာ Lisa ဘက်သွားလိုက်ပြီး။" ရရဲ့လား ရှင်ဟာလေ "
" မရဘူးလေ အဲ့တိုင်းရပ်ကြည့်မနေနဲ့ထူမှရမယ် "
Jen လည်း Lisa ကိုထူလိုက်တယ်။" ရှင်ဟာလေ တအားဒုက္ခပေးတာသိလား "
" ပြောရက်လိုက်တာ သူကလည်းဝင်တိုက်သေးတယ် "
Jen လည်းမျက်စောင်းထိုးလိုက်ကာ။" ကျမဝင်တိုက်တာက ရှင် အဆစ်ပဲလွဲတာ ကျမကကျ ရှင့် ကိုအကုန်လိုက်လုပ်ပေးနေရတယ် "
" မတရားဘူးလို့ပြောချင်တာပေါ့လေ "
" တော်ပြီ ပြော အိမ်ထဲလိုက်ပို့ရမှာမလား "
" ဟုတ်ပါတယ်ဗျာ အိမ်ထဲလိုက်ပို့ပေးရမှာပါခင်ဗျ "
" ရှင်လာရွဲ့နေတာလား "
ပြောလည်းပြော Jen က Lisa ချိုင်းအောက်ကိုဝင်ကာ Lisa လက်ကိုသူ့ပခုံးပေါ်တင်ကာ တွဲလိုက်တယ်။ Lisa က Jen ထက်သာငယ်တာအရပ်ကကန်လန်ကလားနဲ့ Jen ထက်အရပ်ရှည်တယ်။ Jen ကိုငုံ့ကြည့်ပြီးပြုံးပြုံးကြီးလုပ်နေတယ်။ ရုတ်တရက် Jen ကမော့ကြည့်လိုက်တော့ Lisa ရှက်ကိုးရှက်ကန်းနဲ့မျက်နှာလွှဲလိုက်ကာချောင်းဟန့်လိုက်တယ်။
ESTÁS LEYENDO
I want you Jennie Ruby Jane // Jëñlìsã
RomanceJennie Ruby Jane ကိုချစ်တာထက်ပိုတယ် # lalisa manobal Jennie Ruby Jane ကိုခ်စ္တာထက္ပိုတယ္ # lalisa manobal