" ရှင် ဘာလို့ကျမကိုဖုန်းခနခနခေါ်နေတာလဲ lalisa ရယ် "
Lisa အလုပ်လုပ်နေချိန်သူ့ရဲ့ Jennie Ruby Jane လေးကိုလွမ်းလို့ဖုန်းခေါ်လိုက်တာဖုန်းကိုင်တာနဲ့ပြောတော့တာပဲဒီအမျိုးသမီးလေးကတော့တကယ့်မနိုင်စိန်လေး။" အမ် ဘာလုပ်နေတာလဲ "
" ကျမကိုဖုန်းခေါ်တိုင်းဘာလုပ်နေတာလဲ ဘာလုပ်နေတာလဲခနခနမမေးပါနဲ့ဘာမှမလုပ်ဘူးကျမကလုပ်ငန်းရှင်ကြီးလည်းမဟုတ်ဘူးလုပ်စရာလည်းမရှိဘူး "
Lisa သက်ပြင်းချကာဖုန်းကိုင်ထားရင်းသူထိုင်နေတဲ့ခုံကိုမှီချလိုက်ကာ။
" ကိုယ့်ကိုဘယ်တော့မှစကားအကောင်းပြောမှာလဲကွာ "
Lisa အသံကဝမ်းနည်းပြီးပင်ပန်းနေတဲ့အသံပေါက်နေတာကြောင့် Jen သနားသွားရတယ်။ဟုတ်သည်လေသူကလည်း Lisa ကိုဆိုဘယ်တော့မှပြေပြေလည်လည်မပြောမိ။" အင်း ဘာပြောမို့လဲ ရှင်ကတစ်နေ့ကို 4 ခါလောက်ခေါ်နေတာကိုကျမကစိတ်မရှည်တော့တာပေါ့လို့ "
Lisa Jen ပြောနေတဲ့အသံလေးကြောင့်အူယားနေမိတယ်။ခုချိန်ဆိုနှုတ်ခမ်းလေးကရှေ့ကိုနှစ်တောင်လောက်ဆူနေလောက်ပြီ။" ကိုယ်လေးခါခေါ်ရင် မ ကသုံးခါလောက်ပဲကိုင်တာကို "
အော်သုံးခါဆိုတာနည်းလား lalisa ရယ်တကယ်ပါပဲပြောရင်လဲ Jennie Ruby Jane တို့ကမကောင်းဖြစ်အုံးမယ်။
" အော် နောက်ခါလေးခါလုံးကိုင်ရမယ်ဆိုတဲ့သဘောဟုတ်ပြီဟုတ်ပြီ အခုကဘယ်မှာလဲ company မှာမဟုတ်ဘူးလားအားကောအားလို့လား "
Lisa Jen ကစကားကောင်းကောင်းပြန်ပြောတာကြောင့်ပြုံးလိုက်ကာမှီထားတာကိုပြန်မတ်လိုက်ပြီး။
" အမ် ကိုယ်အခုက company မှာလေ မ ကိုလွမ်းလို့ဖုန်းခေါ်လိုက်တာ "
ဟွန့်လွမ်းတယ်ပဲပြောနေတာယုံရမှာလားမသိဘူး။
" လွမ်းမနေနဲ့အလုပ်ကိုသေချာလုပ် "
Lisa ဖွဖွလေးရယ်လိုက်ကာ။" အင်း ကိုယ်ကအလုပ်လဲလုပ်တယ် မ ကိုလဲလွမ်းတယ်လေတစ်ကန့်စီမတူဘူး "
Lalisa ခေါင်းကတော်တော်များကြီးနေလို့အဲ့လောက်အကန့်တေထည့်လို့ရနေတာလား။
KAMU SEDANG MEMBACA
I want you Jennie Ruby Jane // Jëñlìsã
RomansaJennie Ruby Jane ကိုချစ်တာထက်ပိုတယ် # lalisa manobal Jennie Ruby Jane ကိုခ်စ္တာထက္ပိုတယ္ # lalisa manobal