-7-

3.3K 309 12
                                    

Lisa တစ်ယောက်အိမ်ပြန်ရောက်တော့ဧည့်ခန်းမှာထိုင်နေတဲ့ appa နဲ့ Omma Lisa လည်းဆိုဖာပေါ်ဝင်ထိုင်ပြီး။

" appa ကတော့နော်လုပ်ရက်လိုက်တာ "

" ဟေ appa ကဘာပြေလို့လဲပြောပါအုံး "

" တစ်ရုံးလုံးရုံးဆင်းသွားတာတောင် appa ကသမီးတစ်ယောက်ထဲထားခဲ့ရတယ်လို့ Omma ပြောပါအုံး appa ကိုနည်းနည်းပါးပါးသမီးကိုဒီနေ့မှအလုပ်စဝင်တာကိုအလုပ်တေပေးထားတာအများကြီးပဲ "

" အယ် သမီးရယ်အရင်လူကမရှိတော့သူ့နေရာမှာတာဝန်ယူရတယ့်သမီးကပဲသူ့အလုပ်တေကိုလုပ်ရတာပေါ့ "

" ဟွန်း ဟုတ်ပါပြီ appa ပြီးတော့သမီးတိုက်ခန်းတစ်ခန်းမှာသက်သက်နေချင်တယ် "

" ဘာလို့လဲသမီးရဲ့ဒီတိုင်းလဲအဆင်ပြေနေတာပဲဟာ "
Lisa Omma ကဝင်ပြောတော့။

" ဒီတိုင်းသမီးတစ်ယောက်ထဲနေချင်လို့ပါ Omma Omma တို့အကူအညီမလိုပဲတစ်ယောက်ထဲရှင်သန်ကြည့်ချင်တယ် သမီး ကိုခွင့်ပြုပါနော် appa နဲ့ Omma "
သနားစရာမျက်လုံးလေး‌နဲ့ပြောနေတဲ့သမီးလေးကို Mrs manobal တို့လင်မယားနှစ်ယောက်တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးသက်ပြင်းသာချလိုက်တော့တယ်။သူတို့သမီးလေးကိုလဲစိတ်မဆင်းရဲစေချင် တစ်ယောက်ထဲဆိုတော့လည်းစိတ်မချ ဒါပေမယ့် လည်းသမီးလေးကဒီလောက်စိတ်အားထက်သန်နေတော့လည်း ခွင့်ပြုပေးရမှာပေါ့လေ။

" ကောင်းပြီ သမီး ဒါပေမယ့် တစ်ခုတော့ရှိတယ် appa တို့ဆီတစ်ပတ်တစ်ခါတော့ပြန်လာရမယ် ပြီးတော့ သမီး ကဘာမှချက်ပြုတ်တတ်တာမဟုတ်သေးတော့ဒေါ်လေး ဝမ် ကိုခေါ်ထား "

" အာ appa ကလည်းတစ်ယောက်ထဲနေချင်ပါတယ်ဆိုမှ ဒေါ်လေးဝမ် ကိုဘာလို့လဲ "

" သမီး appa တို့ပြောတာလက်မခံရင်သွားမနေရဘူးဒါပဲ "
Mrs manobal မျက်နှာကိုတည်ပြီးပြောလိုက်တာကြောင့် Lisa တကယ်ထင်သွားတယ်။ ကျစ် မတက်နိုင်ဘူးလေခေါ်ထားရမှာပေါ့ဟုတ်တော့လည်းဟုတ်သားငါကဘာမှလုပ်တတ်တာမဟုတ်ဘူး။ ကိုယ်တောင်ဘာမှမလုပ်တတ်တာအနာဂတ်သူ့ချစ်သူဖြစ်လာမယ့် Jennie Ruby Jane လေးကပိုဆိုးသည်‌လေ။

" Nae appa လက်ခံပါတယ် "

" ကောင်းပါပြီ ဒါဆိုသွားနားတော့သမီးလေးပင်ပန်းရောပေါ့ "

I want you Jennie Ruby Jane // Jëñlìsã Donde viven las historias. Descúbrelo ahora