-10-

3.8K 296 22
                                    

" ဘယ်ကိုသွားချင်လဲ မ "
ကားပေါ်ရောက်တော့ Lisa က Jen ကိုခါးပတ်ပတ်ပေးရင်းမေးလိုက်တယ်။
Lisa ခါးပတ်ပတ်ပေးတော့နီးကပ်လွန်းတဲ့ Lisa မျက်နှာကြောင့် Jen ရင်ခုန်သံတေဝုန်းတိုင်းကြဲနေတယ်။ အနီးကပ်ကြည့်တော့ Lisa ရဲ့ချောမောလှတဲ့မျက်နှာကြောင့် Jen ရင်ခုန်မိတယ်။ Jen ခုန်နေတဲ့သူ့ဝဲဘက်ရင်ဘတ်လေးကိုအသာဖိထားမိတယ်။ ရင်ခုန်သံတေက လီ ကြားသွားမှာတောင်ကြောက်ရတယ်။ လီ Jen သတိမထားမိခင်မှာပင်ခေါ်လိုက်မိတဲ့နမ်စားလေး လီ တဲ့။
Lisa Jen သူ့ရင်ဘတ်ကိုဖိထားပြီးဘာစကားမှပြန်မပြောတာကြောင့်စိတ်ပူသွားတယ်။ ပခုံးလေးကိုအသာကိုင်ကာ။

" မ!! မ!! ဘာဖြစ်တာလဲဟင် အဆင်ပြေရဲ့လား "
အဲ့တော့မှ Jen လည်းသတိဝင်လာကာ။

" ဟင် အင်း အင်း တို့အဆင်ပြေပါတယ် Lisa "
Jen သူ့စိတ်ထဲကနေ လီ လို့ခေါ်လိုက်ပေမယ့်အပြင်မှာတော့ Lisa လို့ပဲခေါ်နေဆဲ။

" ဘာဖြစ်တာလဲလို့ ကိုယ်ကစိတ်ပူသွားတာ ဘယ်ကိုသွားချင်လဲဟင် "
Jen မေးလေးပေါ်လက်ညိုးလေးထောက်ပြီးစဉ်းစားနေသည်မှာတကယ်ကိုချစ်စရာ Lisa မှာအူယားနေမိတယ်။

" ရတယ် လီဆာ အဆင်ပြေမယ့်နေရာသွား တို့ကအဆင်ပြေတယ် "
ဘယ်လိုကောင်မလေးပါလိမ့်စဉ်းစားပြီးမှ Lisa အဆင်ပြေမယ့်နေရာတဲ့။ အဟမ်း lalisa ကိုဘာမှတ်ဒီအဒေါ်ရီးကိုတစ်ခါထဲခိုးပြေးသွားလို့ Lisa ရဲ့ကောင်မလေးအဆင့်ကိုကျော်ပြီးမိန်းမနေရာရောက်သွားမှဖြင့်....။

" ဟုတ်ပါပြီ ဒါဆိုလဲအဆင်ပြေတဲ့နေရာသွားကြတာပေါ့ နေလည်စာကောစားပြီးရဲ့လား "

" အင်း စားပြီးပြီ "

" အင်း အင်း ဒါဆိုသွားရအောင်နော် "

" ဟုတ် "
Lisa လည်းကားကိုတစ်နေရာကိုဦးတည်လိုက်တယ်။ အေးချမ်းပြီးတိတ်ဆိတ်မယ့်နေရာတစ်‌နေရာ။

" ဒီနေရာလေးကလှတယ်နော် "

" ဒီနေရာလေးကလှတယ်နော် "

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.
I want you Jennie Ruby Jane // Jëñlìsã Donde viven las historias. Descúbrelo ahora