-3-

3.5K 315 6
                                    

Jen လည်းအိမ်ပြန်ရောက်တော့ ကားကိုဂိုဒေါင်ထဲအမြန်ထည့်ကာ အိမ်ထဲကိုအမြန်ဝင်လာတယ်။မလာလို့လည်းမရအိမ်က မမ နောက်ကျတယ်ဆိုပြီးဆူနေမှဖြင့်။ Jen တို့က appa နဲ့ Omma ကဆုံးသွားပြီဆိုတော့ မမ ကပဲခုချိန်ထိသူပဲဦးစီးဦးဆောင်လုပ်နေတာ။
ဟီးခုတော့ချွဲရအုံးမယ်။ အိမ်ထဲကိုဝင်လာတော့တွေ့ပါပြီ ဧည့်ခန်းထဲကဆိုဖာပေါ်မှာထိုင်နေတဲ့ မမ Jen လည်း မမ အနားကိုသွား မမ ရင်ခွင်ထဲတိုးဝင်ကာချွဲလိုက်တယ်။

" ဟီး မမ "

" အင်း အဟင်းလုပ်ပြီအပြစ်လုပ်ထားရင်ဒီလိုပဲချွဲနေတော့ မမ ကဘယ်လိုစိတ်ကောက်ရမလဲပြောပါအုံး jendeukie ရယ် "

" အဲ့ကျတော့စိတ်မဆိုးနဲ့ပေါ့လို့ မမ ကဟွန်း "
ရင်ခွင်ထဲကနေခလေးလေးစိတ်ယောက်လိုချွဲနေသည်မှာအသည်းယားလာတာ‌ကြောင့်ပါးဖောင်းဖောင်းတေကိုဖြစ်လိုက်တော့နှုတ်ခမ်းလေးတေကခုနကလိုဆူမနေတော့ပဲတွန့်ချိုပြီးပြုံးရောင်သန်း‌လာတယ်။

" အင်း ပြောပါအုံးဘာဖြစ်လာတာလဲ "

" ဟီ ဒီလို မမ ရဲ့လမ်းမှာကောင်မလေးတစ်ယောက်ကိုကားနဲ့ဝင်တိုက်မိလို့ "
Jen အပြောကြောင့် jisoo တစ််ယောက်အထိတ်တလန့်ဖြစ်ကာ Jen ကိုရင်ခွင်ထဲကထုတ်ပြီး။

" ဘယ်လို jendeukie ဘာ‌ဖြစ်သွားသေးလဲ မမ ကိုပြောစမ်း "
Jisoo Jen ကိုယ်လေးကိုဟိုကြည့်ဒီကြည့်လုပ်နေတယ်။

" Jen ကဝင်တိုက်တာလေ မမ ရယ် Jen ကဘာမှမဖြစ်ဘူး ဟိုကလေးမလေးကတော့ခြေထောက်အဆစ်လွဲသွားတယ် Jen ဆေးခန်းသေချာပြပေးပြီး အိမ်ထိပို့ပေးခဲ့ပါတယ် ပြီးတော့သူ့ Omma ကိုလည်းတောင်းပန်ခဲ့တယ် အာ့တာကြောင့်နောက်ကျနေတာ မမ ရဲ့ဟီး "

" ညီမလေးရယ် နောက်ကိုကားကိုသေချာဂရုစိုက်မောင်းကြားလား မမ မှာဒီညီမလေးတစ်ယောက်ထဲရှိတာ တစ်ခုခုဖြစ်သွားရင် မမ ပဲရင်ကျိုးရချည်ရဲ့ "

" ဟုတ်ကဲ့ပါ မမ ရဲ့ "

" အင်း ဟုတ်ပြီခုတော့ရေချိုးတော့ ပြီးရင်ပြန်ဆင်းလာခဲ့ညစာစားရအောင် "

" Nae မမ "
ပြောပြီး Jen လည်းအိမ်ပေါ်ပြေးတက်သွားတယ်။ jisoo မှာသူ့ညီမလေးကိုကြည့်ပြီးပြုံးမိတယ်။

I want you Jennie Ruby Jane // Jëñlìsã Donde viven las historias. Descúbrelo ahora