(Unicode)
At Yangon (8.6.2020)
အတော်အသင့်ကျယ်ဝန်းသည့်ခြံလေးတစ်ခုတွင် နှင်းဆီပန်း, စံပယ်ပန်း, ပိန်းပန်း, တရုတ်စကားပန်းတို့ကို အစီအရီစိုက်ပျိုးထားပြီး ရေကူးကန်တစ်ကန်နှင့်အတူ မိုးပြာရောင်ဆိုးထားသော နှစ်ထပ်တိုက်အိမ်လေးမှာ အလွန်ပင်နေချင်စရာ ကောင်းနေပေသည်.......သို့သော် ထိုအိမ်ထဲမှ အသံဗလောင်ပေါင်းစုံထွက်လာပေသည်.......
"ရှင်းရှင်း......!!!"
ပြောရအုံးမယ်...ကျွန်တော်က ယောကျ်ားလေးတစ်ယောက်ကို ဘယ်လိုဖြစ်ပြီး အိမ်နာမည်က ရှင်းရှင်းဖြစ်နေတာလဲမသိ...မကြိုက်ပူးပြောလဲမရ ငယ်ငယ်ကတည်းက ခေါ်ခဲ့သည်တဲ့လေ....
"ဘာလဲဗျာ မာမားကလဲ..."
(ရှင်းဝေယံထက်မြက်ခန့်ပိုင်စိုး၏ အမေသည် မြန်မာပြည်ဖွားတရုတ်လူမျိုးဖြစ်သောကြောင့်
အမေကို မားမားဟုသာ ခေါ်လေ့ရှိသည်.)"ငါမင်းကို အပြင်မထွက်ရပူးပြောထားတယ်လေ..ခုက ဘယ်သဝေထိုးမလို့လဲ!!!"
မိမိမှာ ကိုမြင့်နိုင်ကြီးကြောင့် ကျောင်းပိတ်ပြီး အိမ်ထဲမှာပဲအောင်းနေရတာ နှစ်လတိတိပင်ပြည့်တော့မည်ဖြစ်သည်...ဒီနေ့တော့ ဘယ်လိုမှမနေနိုင်တော့လို့ လမ်းထိပ်ကဆိုင်မှာမုန့်ဝယ်ပြီး တစ်နေကုန်ဇာတ်ကားထိုင်ကြည့်ပစ်မည်ဟု ဆုံးဖြတ်ထားသည်....အဲ့တာကိုလေ မားတို့က မသိရင် ကိုရီးယားသွားပြီး ကြက်ကြော်သွားကိုက်တာလိုလို, မိန်းမပဲသွားခိုးတာလိုလိုနဲ့ ပြီးကိုမပြီးနိုင်ပူး .....
"မားကလဲဗျာ...အိမ်မှာပဲနေရတာပျင်းလို့ လမ်းထိပ်လေးတင် မုန့်သွားဝယ်မလို့ဟာ ဘာမှန်းကိုမသိပူး....."
ရှင်းရှင်းတစ်ယောက် နှုတ်ခမ်းကြီးကိုဆူပြီး မားကိုပြန်ပြောတော့...
"ကိုယ့်အသက်လဲပြန်ကြည့်အုံး ၁၇ ပြည့်လို့ ၁၈ ထဲတောင်ဝင်တော့မယ် သုံးနှစ်သားလေးလို လာလုပ်ပြမနေနဲ့ ချစ်စရာကောင်းတာလဲမဟုတ်" (မားကရွဲ့ပြောသည်)
မားတို့က အဲ့တာပဲ....ကိုယ်က တရုတ်စပ် ပြီးတော့မားနဲ့တူလို့ ဆံပင်အုပ်အုပ် အသားကဖွေးပြီး မျက်ရစ်ကမပါတော့ ငယ်ရုပ်ကမပျောက်နိုင်...မျက်မှန်ဝိုင်းဝိုင်းလေးလဲတပ်ထားတော့ သူငယ်ချင်းတွေကဝိုင်းစကြတယ်...ဘာလဲ *ယူကီး* ဆိုလားပဲ...မတတ်နိုင် ပင်ကိုယ်ရုပ်လေးကိုက အမေ့ဆီကအမွေရထားတာဆိုတော့လဲ...အချိန်တန်ရင်ကိုယ်က မိန်းမယူပြီး ချစ်စရာကောင်းတဲ့ကလေးလေးတွေမွေးမှာဆိုတော့လေ...ယုံတယ်မလား ဟင်းဟင်း.......
YOU ARE READING
I Only Love U!
Romanceလူမျိုး, နိုင်ငံ, ဘာသာစကားတွေမတူညီတဲ့ ကောင်လေးနှစ်ယောက်ရဲ့ အချစ်ပုံပြင်လေးတစ်ပုဒ်...... #BL #Comedy #Romance #Tiny drama & warning #Uni & Zaw