(Unicode)
ရှင်းရှင်းကိုလိုက်ပို့ပြီး အပြန်လမ်းမှာ တစ်လျှောက်လုံး သူစဥ်းစားနေမိသည်...အဲ့ကောင်လေးက ကျွန်တော့်ကို ဘာလို့ ဖိယိုင့်ဆိုပြီးခေါ်တာလဲ...ဒါမှမဟုတ် အရွဲ့တိုက်နေတာများလား...သူ့ကိုဂရိုက်စိုက်ပေးနေတာ မကြိုက်လို့များလား...ကျွန်တော်မတွေးတတ်တော့ပါ...ကျွန်တော်သိတာက နောက်တခါသူနဲ့တွေ့ရင် ရှင်းရှင်းလင်းလင်းမေးဖို့သာ...
အဲ့ဒါနဲ့ အဆောင်ပြန်ရောက်တော့ ဘာမှတောင်မလုပ်ရသေး...Ai Yin ကဖုန်းဆက်လာသည်....
"အေ့...ဘာကိစ္စလဲ ပြော"
"ဟဲ့....အကောင် နင်ရှင်းရှင်းကို ကြံနေတာ ငါသိတယ်နော်...ခ်ခ်"
"မ....မဟုတ်ပါပူး...ငါ့ ဂျူနီယာမို့လို့ ငါက ဂရုစိုက်ပေးတာပါ"
"အမလေး....ငါ့ကိုတော့ လိမ်ဖို့မကြိုးစားနဲ့"
"အဲ့လောက်သိသာနေလို့လား ငါက"
"အေ...ရှင်းရှင်းလည်း သတိထားမိမယ်ထင်တယ်....ဘေးကငါတို့တောင် သိနေတာပဲကို..."
"ဟုတ်လား...ငါက အခုချိန်ဖွင့်ပြောဆို အရမ်းစောသေးမယ်ထင်လို့...ကိုယ့်ညီလေးတစ်ယောက်လို ဂရုစိုက်ပေးတာလို့ပဲပြောလိုက်တာ..."
"အိုက်ဆတ်....အဲ့တော့ ဟိုကဘာပြန်ပြောလိုက်လည်း"
"ဟုတ်ကဲ့....ဖိယိုင့်တဲ့"
"ဟားဟားဟားဟား....ငါရယ်ရတာအူတက်နေပြီ...နင်ကိုယ်တိုင်က ဘရားသားဇုန်ကို အရင်ခေါ်သွင်းတာကိုး....သူလည်းနင့်ကို သဘောကျနေတဲ့ပုံပါပဲ...အမှန်တိုင်းပြောလိုက်ရင်တောင် ဟုတ်အုံးမယ်....ခုတော့ ကိုယ်စတဲ့ဇာတ် ကိုယ်ပြီးအောင်သာ ဆက်ကပေတော့..."
"အေ့ဟာ...ငါလည်း အမှန်အတိုင်းတော့ ဖွင့်ပြောချင်တာပေါ့...ဒါပေမဲ့လည်း ငါတို့က မနေ့တနေ့ကမှတွေ့တာလေ...အရမ်းစောနေတော့ ငါ့ကိုတစ်မျိုးထင်သွားမှာဆိုးလို့... "
"အေ့...အဲ့တာလည်းဟုတ်တာပဲနော်...အဲ့တော့ နင်ကဘယ်လိုလုပ်ဖို့ စဥ်းစားထားလဲ"
"ငါကတော့လေ ချစ်တယ်၊ကြိုက်တယ်ပြောပြီး လမ်းခွဲကြတာထက်စာရင် ကိုယ့်ရဲ့ဂရုစိုက်မှုတွေ၊ ချစ်မြတ်နိုးမှုတွေကို နှလုံးသားကနေတစ်ဆင့်ပဲ သူသိအောင်ပြောပြချင်တာ....ပါးစပ်ကနေ ဘယ်လောက်ပဲချစ်တယ်ပြောပြော ကိုယ့်ရဲ့အပြုအမူတွေနဲ့ အဲ့အချစ်ကို မဖော်ပြနိုင်ဘူးဆိုရင် အလကားပဲလေ...."
YOU ARE READING
I Only Love U!
Romanceလူမျိုး, နိုင်ငံ, ဘာသာစကားတွေမတူညီတဲ့ ကောင်လေးနှစ်ယောက်ရဲ့ အချစ်ပုံပြင်လေးတစ်ပုဒ်...... #BL #Comedy #Romance #Tiny drama & warning #Uni & Zaw