(Unicode)
ဒုတ်...ဒုတ်...ဒုတ်....
ရုတ်တရက်ဆိုတော့ ရှင်းရှင်းက လန့်သွားလို့များလား...ရင်ကအတော်လေးပင်ခုန် နေသည်....P'Songkarn ကိုကြည့်တော့လည်း ဘာမှဖြစ်ဟန်မတူ ပုံမှန်ပင်....ဟူး....သက်ပြင်းချရင်း ငါလန့်သွားလို့ဖြစ်မှာပါ....P'Songkarn က
"ဒီမှာက လမ်းဖြတ်ကူးရင် တော်တော်ဂရုစိုက်ရတယ် Nong...ကျောင်းဆင်းချိန်ဆိုတော့ ဆိုင်ကယ်တွေ၊ ကားတွေ အရမ်းများတယ်လေ...."
တကယ်တော့ အဲ့တာက အကြောင်းပြချက်သပ်သပ်သာ...မနေ့ညကလည်း Nong ရဲ့အပြုံးတွေကိုပဲမြင်ယောင်နေရင်း တော်တော်နဲ့အိပ်မပျော်...ခုတော့ မရှိရှိတာကိုအကြောင်းပြပြီး လက်ကလေးတော့ကိုင်ရပြီမဟုတ်လား...ဒီကောင်လေးကအသားအရေလဲတော်တော်ဖြူသလို သူ့လက်ဖဝါးလေးတွေကလည်း ဝါဂွမ်းထက်ပင် နူးညံ့အိစက်နေသယောင်ယောင်....
"ဟုတ်...ရတယ် P...ကျွန်တော် ကိုယ့်ဘာသာကိုယ်ပဲ ကူးလိုက်ပါ့မယ်..."
သူသိတာပေါ့...ဒီကောင်ငယ်လေး ရှက်နေတယ်ဆိုတာ...မျက်နှာတစ်တစ်ခုလုံးပင် မက်မွန်သီးလေးလို ရဲနေပြီလေ...အထင်ရှားဆုံးကတော့ ကောင်ငယ်လေးရဲ့ နှာခေါင်းထိပ်လုံးလုံးရဲရဲလေးပင်....မျက်မှန်အောက်က မျက်လုံးကလည်း ကလယ်ကလယ်နှင့် သူ့ကိုပဲအဆက်မပြတ်မော့ကြည့်နေသည်....ဟူး....ငါတော့ အူးယားလို့သေတော့မှာပဲ ကောင်ငယ်လေးရာ....
"ဘာလဲ.....Nong က P လက်ကိုကိုင်ထားရတာ ရှက်လို့လား"
"ဟို...ဟို...ဟိုလေ....အဲ့လိုလဲမဟုတ်ပါပူး"
ပြောလည်းပြောရင်း ခေါင်းကလည်း အောက်ကိုငုံ့သွားသည်.....
"ကဲ....အဲ့တာဆိုရင် ကူးတော့မယ်နော်...P လက်ကိုသေချာလေးကိုင်ထား..."
"ဟုတ်...."
သူတို့နောက်မှာရပ်ကြည့်နေကြတဲ့သူတွေက ကြက်သေသေနေသည်....အသက်ရှူဖို့တောင် သတိရဟန်မတူ....
"အမလေး.....ငါအသက်ကောရှိသေးရဲ့လား...ခုမြင်နေရတာ Ai Songkarn ကောဟုတ်ပါတယ်နော်....ငါသေပြီ....အား....တကယ်မရတော့ပူး"
P'Yin က မူးလဲတော့မည့်ဟန်လုပ်ပြရင်း မျက်နှာကိုလည်း လက်နှစ်ဖက်ဖြင့် ယပ်ခတ်သလိုလုပ်နေသည်....P'Sun ကတော့
YOU ARE READING
I Only Love U!
Romanceလူမျိုး, နိုင်ငံ, ဘာသာစကားတွေမတူညီတဲ့ ကောင်လေးနှစ်ယောက်ရဲ့ အချစ်ပုံပြင်လေးတစ်ပုဒ်...... #BL #Comedy #Romance #Tiny drama & warning #Uni & Zaw