Part-4

80 5 5
                                    

(Unicode)

Project လုပ်ပြီးအဆောင်ပြန်ရောက်တော့ ရေအရင်ချိုးလိုက်သည်...ပြီးမှ ကျောင်း Website ထဲကိုဝင်ကြည့်လိုက်တော့...ဟော တွေ့ပါပြီ ကျွန်တော့် Buddy. . .နာမည်ကိုကြည့်တော့မှ မျက်စိပြူးရတော့သည်...မပြူးပဲရှိမလား သူ့နာမည်က ရှစ်လုံးတောင်မှ...ရှည်လိုက်တဲ့နာမည်...သူ့နာမည်ကြည့်ရတာတော့ မြန်မာကပဲထင်သည်...ကောင်းတာပေါ့ ကိုယ်လည်းမြန်မာစကားပြောလေ့ကျင့်ဖို့ အဖော်တစ်ယောက်ထပ်ရတာပေါ့...ပြီးမှ သူ့ဆီ Mail ပို့လိုက်သည်...

"Dear my buddy. . . .

I'm Mr.Songkarn Chanthotwang and really great to know you as my junior. I'm wondering that you are free tomorrow or not because I would like to meet with you. I'm waiting forward and have a good night.

Sincerely,
Your senior "

ရှင်းရှင်း Mail ကိုဝင်ဖတ်ကြည့်တော့ ဘာလဲဟပေါ့...ကျွန်တော်က Buddy programm ဆိုတာ ဘာမှန်းလဲမသိပါ...ခန့်သူရိန်က ဖုန်းဆက်ပြိီးမေးရုံသာ....

"Hello..ခန့်သူရိန် ငါ့ဆီ Dear my buddy ဆိုပြီး Mail ရောက်လာတယ်...အဲ့တာဘာအစီအစဥ်လဲ မင်းသိလား...?"

အဲ့တော့မှ သေချာသိရတော့သည်...ဒီစီနီယာက သဘောတော့ကောင်းမဲ့ပုံပါပဲ ခုလိုတကူးတက mail ပို့ပြီး ဖိတ်တယ်ဆိုတော့...ခန့်သူရိန်ပြောတာက တစ်ချို့စီနီယာတွေဆို ကိုယ့်Buddy ကို ဆက်တောင်မဆက်သွယ်ကြဘူးတဲ့...အဲ့တာဆို မနက်ကြရင်စီနီယာနဲ့ သွားတွေ့ရအုံးမှာပေါ့...ခန့်သူရိန်လည်း လိုက်မှာဆိုတော့ တော်သေးသည်...မဟုတ်ဆို တစ်ယောက်တည်း ကြောင်တောင်တောင်ဖြစ်နေအုံးမည်.....ခနရေချိုးပြီးမှပဲ Mail ပြန်ပို့လိုက်တော့မည်...

"Dear my senior

I am Mr.Shin Wai Yan Htet Myat Khant Paing Soe and you can call me Shin Shin. I really appreciate for your invitation and I would come tomorrow with my friend. Have a sweet dream.

Sincerely yours,
Your junior "

သြော်မေ့လို့....သူငယ်ချင်းမတွေဆီ ဖုန်းခေါ်ရအုံးမှာပဲ...ဒါနဲ့ Messenger gp ထဲဝင်ပြီး Vc ခေါ်လိုက်သည်....

Shin: "Hello. . . . နေကောင်းကြလား နှစ်ယောက်လုံး"

Lili: "မသာကောင်...ခုမှဖုန်းခေါ်တယ်ပေါ့ ငါတို့ရှိမှန်းတောင် သိသေးရဲ့လားမသိဘူး"

Snow: " ဟုတ်ပါ့ နင်ကလည်း.... ဘယ်လိုလဲ အခြေအနေ အဆင်ပြေလား?"

Shin: "အင်း ပြေပါတယ်...ငါ့ပါပါးရဲ့သူငယ်ချင်းသားနဲ့ငါက Major တူတူပဲဟ...နာမည်က ခန့်သူရိန်ထွဋ်တဲ့...သူက Summer ကတည်းကရောက်နေတော့ နေသားကျနေပြီ...သူနဲ့တွေ့လို့သာတော်သေးတယ် မဟုတ်လို့ကတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းသိမှာတောင်မဟုတ်ဘူး..."

I Only Love U!Where stories live. Discover now