(Unicode)
တစ်...နှစ်...သုံး...လေး...ငါး...
ငါးစက္ကန့်ကြာတော့ သူတို့တစ်ယောက်နဲ့တစ်ယောက် အကြည့်လွဲလိုက်သည်...ပြီးမှ အဲ့စီနီယာက
"Nong က Mr.Shin Shin လား...အဲ့တာဆို P ရဲ့ buddy ပေါ့...P က Mr.Songkarn Chanthotwang ပါ မနေ့ညက Email ပို့တဲ့တစ်ယောက်လေ...မှတ်မိလား"
ဒီကောင်လေးကိုကြည့်ရတာ အသားကလိုသည်ထက်ကို ပိုဖြူလွန်းနေသလိုပင်...နှာခေါင်းထိပ်လေးကလုံးလုံး၊ ဆံပင်ကခပ်အုပ်အုပ်နှင့် အရပ်ကလည်း သူ့ပုခုံးလောက်ပင် ရှိမည်ထင်သည်...နှုတ်ခမ်းပါးပါး ဝိုင်းစက်နေသောမျက်လုံးနှင့်အတူ ကိုင်းမျက်မှန်ဝိုင်းဝိုင်းလေးကိုပါတပ်ဆင်ထားသည်မှာ မြန်မာလို့ပင်မထင်ရ...တရုတ်လူမျိုးနဲ့ပင်ခပ်ဆင်ဆင်...အယ်...ငါဘာတွေတွေးနေမိတာပါလိမ့်....
"Ohh...Sawadee khrub P'Songkarn...ကျွန်တော်က P ကိုခနမှလာတွေ့မလို့...ခုလိုဆုံတော့လည်း ကျွန်တော်လိုက်ရှာစရာမလိုတော့ပူးပေါ့...ဟိဟိ"
ဟော...ဒီကောင်လေးက သွားတွေအကုန်ပေါ် ၊ မျက်စိတွေမှိတ်သွားသည်ထိ ရယ်ပြနေသည်...သူ့သွားမှာ Brace လေးလဲတပ်ထားတာပဲ...ပြီးတော့ ပါးနှစ်ဖက်မှာ ပါးချိုင့်နက်နက်ကလေးပါ အဆစ်ပါလိုက်သေး...ဒီကောင်လေးရယ်လိုက်ရင် တော်တော်လေးချစ်ဖို့ကောင်းတာပဲ...Omg...ဘုရားရေ ငါခုဒီကောင်လေးကို ချစ်စရာကောင်းတယ်လို့တွေးလိုက်မိတာလား...
သူ့ရဲ့ အနက်ရှိုင်းဆုံးရင်ထဲတစ်နေရာက တိတ်တိတ်ကလေးခုန်နေမိတာကိုတော့ သူကိုယ်တိုင်ပင် သတိမထားမိပေ...
"ဟုတ်တာပေါ့...P က မေ့တောင်မေ့တော့မလို့...ခုလည်း Ai Sun က သူ့ buddy နဲ့မိတ်ဆက်ပေးမယ်ဆိုလို့ ခနလိုက်လာတာ...တွေ့ရတာဝမ်းသာပါတယ် Nong Shin...အကူအညီလိုရင်လဲ P ကို အချိန်မရွေးပြောနော် P တတ်နိုင်သလောက်ကူညီပေးမယ်"
"ဟုတ်...ကျွန်တော်လည်း တွေ့ရတာဝမ်းသာပါတယ်ဗျ P'Songkarn..."
ခုန P'Songkarn ကိုစတွေ့တော့ ချေမယ်ထင်ထားတာ...သူ့ရုပ်ကြီးကတည်ကတည်တံ့တံ့နဲ့လေ...ခုလိုကြတော့လည်း သဘောကောင်းမဲ့ပုံပါပဲ ...ရုပ်ကလည်းချောသည့်အပြင် စကားပြောရတာကလည်း အဆင်ပြေသည်...တော်သေးတာပေါ့ သဘောကောင်းတဲ့ စီနီယာ buddy နဲ့တွေ့တာဆိုတော့.... အတွေးထဲမျောနေတုန်း P'Yin က...
YOU ARE READING
I Only Love U!
Romanceလူမျိုး, နိုင်ငံ, ဘာသာစကားတွေမတူညီတဲ့ ကောင်လေးနှစ်ယောက်ရဲ့ အချစ်ပုံပြင်လေးတစ်ပုဒ်...... #BL #Comedy #Romance #Tiny drama & warning #Uni & Zaw