ရူးပြီ..ဟန်နီ...ရေ
💜💜💜💜💜
Les story part.(2)ပိုင်ဇေနဲ့..ထွန်းတောက်ဘီယာဆိုင်တစ်ခုတွင်ဘီယာသောက်ရင်းသူတို့ညကရောက်ခဲ့တဲ့ခြံအကြောင်းက်ိုစုံစမ်းရန်ကြံစည်နေကြသည်...။သူတို့နှစ်ယောက်က..လေပြေသွေးရဲ့...အရုပ်များဆိုရင်လည်းမမှား...လေပြေသွေးတို့မိသားစုရဲ့ကျေးဇူးကသူတို့ရဲ့မိသားစုပေါ်တွင်ဒီတသက်ဆပ်မကုန်ပါ...။လေပြေသွေးရဲ့ဖေဖေကနိုင်ငံခြားမှာ..ကုမ္ပဏီ များထူထောင်ထားသည့်တကယ့်သူဌေးကြီး..။မြန်မာပြည်မှာသိပ်မနေ..။လေပြေသွေးမေမေကတော့မရှိတော့...နှလုံးရောဂါနဲ့သူမဆယ်တန်းနှစ်ကတည်းကဆုံးသွားခဲ့တာ။အခုဒီမြန်မာပြည်တွင်ရှိတဲ့လုပ်ငန်းများကိုပိုင်ဇေရဲ့အဖေနဲ့ထွန်းတောက်ရဲ့အဖေကိုအကုန်လွှဲပြောင်းပေးထားတာဖြစ်သည်...။ပိုင်ဇေနဲ့ထွန်းတောက်က..လေပြေသွေးထက်တစ်နှစ်လောက်ကြီးသည်...သူတို့နှစ်ယောက်မှာ...လေပြေသွေး ကိုကို့ကျေးဇူးရှင်သမီးထက်...ကို့ညီမလေးလိုသဘောထားကြတာ...ငယ်ငယ်ကတည်းက..လေပြေသွေးသေဆိုသေရှင်ဆိုရှင်လူသားနှစ်ဦးပင်ဖြစ်သည်..။လေပြေသွေးစိတ်ချမ်းသာဖို့ကအဓိကပဲ...။
''ဖေဖေသမီးဆေးရုံသွားတော့မယ်..´´
နံနက်စာ စားနေသောဖေဖေနဲ့မေမေကသူမကိုမျက်မှောင်ကျုံ့ကာလှမ်းကြည့်ပြီး''နံနက်စာ စားသွားအုံးလေ..ဟန်နီ..´´
ဖေဖေ့ကိုသူမခေါင်းခါပြလိုက်သည်....။ညကကိစ္စနဲ့ပက်သက်ပြီးသူမ..စိတ်မကြည်မှန်းဦမင်းခေါင်သိပါသည်...တကယ်ဆို...ဟန်နီမလုပ်ချင်တာကိုသူတို့အတင်းအကြပ်စီစဉ်ခဲ့တာ..သူတို့လည်းအခုလိုပွဲပျက်သွားမယ်ဆိုတာကြိုမသိခဲ့...ဘယ်ကကလေကဝတွေမှန်းမသိ...။သူရဲစခန်းကိုဖုန်းဆက်နေစဉ်မှာပဲ....ထွက်ပြေးသွားကြတာ။ဟန်နီမပြောနဲ့သူပါဒေါသဖြစ်မိသည်...။နေရင်းထိုင်ရင်းကို့ခြံထဲဝင်ပြီးအစော်ကားခံလိုက်ရတာ...။
''မစားတော့ဘူးဖေဖေ...လမ်းမှာတစ်ခုခုဝင်စားသွားတော့မယ်....´´
''အင်းပါ..ကားကိုဂရုစိုက်မောင်းအုံးနော်.ာဟန်နီ...´´
မေမေကကော်ဖီကိုသောက်ရင်းလှမ်းသတိပေးလိုက်သေးသည်....။
BẠN ĐANG ĐỌC
ရူးပြီ...ဟန်နီ...ရေ
Lãng mạnသူ့နာမည်ကလေပြေသွေးဆိုပေမဲ့...သူမအတွက်တော့သူက..မုန်းတိုင်းထက်မပို... သို့ကြောင့် သူမ...သူ့ကိုသိပ်ကြောက်တယ်... but.......