Parts(8)Zawgyi &Uni

882 65 0
                                    

ရူးပြီ..ဟန်နီ..ရေ
💙💙💙💙💙
Les story part..(8)
ဒီနေ့တော့ဟန်နီမေပျို...ဆေးရုံသွားကို..ကိုကိုနဲ့အတူသွားရန်ကိုကို့အိမ်သို့ကားကိုဦးတည်မောင်းခဲ့သည်...။အခုမှနေကောင်းခါစ...ပြီးတော့ကိုကို့ကိုကားမမောင်းစေချင်သေးတာလည်းပါပါသည်။ကိုကိုနဲ့တွေ့ရင်တော့..driverတယောက်အမြန်ရှာဖို့ပြောရမည်....။သူမအတွေးနဲ့ကားမောင်းနေရင်း...လေပြေကားလေးကိုနောက်မှတွေ့လိုက်တာကြောင့်...နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်မိသည်...။သူမကားလမ်းဘေးတွင်ရပ်လိုက်ပြီး...ကားပေါ်မှဆင်းလိုက်သည်.၊၊

  ''ဟိတ်!လေပြေ...´´
လေပြေကားအနီးသို့သွားပြီးခေါ်လိုက်သည်....။

   ''ဟုတ်ကဲ့...ဟန်နီ...´´

  ''ကားပေါ်ကဆင်းပါအုံး...´´

လေပြေကားပေါ်မှဆင်းလိုက်သည်....ပိုင်ကြီးနဲ့ထွန်းတောက်ကတော့ဟန်နီကိုပြုံးပြလိုက်ကြသည်....သူတိုနှစ်ယောက်လည်းလေပြေပျော်နေတာမြင်ရတော့စိတ်ချမ်းသာနေပါသည်...။

  ''အချိန်ရရင်တို့နဲ့တစ်ခုခုလိုက်စားပါအုံးလား...´´

သူမအစကကိုကိုနဲ့တစ်ခုခုစားဖို့စိတ်ကူးထားပေမဲ့...ဘာကြောင့်စိတ်ကူးပြောင်းသွားသည်မသိ....။လေပြေကချက်ချင်းခေါင်းညိတ်လိုက်သည်....။

  ''စားမယ်လေ...ဟန်နီ..´´

''အင်းအာ့ဆိုဒီနားကဆိုင်တစ်ခုခုမှာစားကြတာပေါ့...သူငယ်ချင်းတွေလည်းခေါ်လိုက်လေ....´´

   ''ရပါတယ်...အမကျွန်တော်တို့...စားခဲ့ပြီးပါပြီ...လေပြေသာဘာမှမစားရသေးတာ..´´

နှစ်ယောက်သားတိုင်ပင်ထားသည့်အလားပြိုင်တူငြင်းကြသည်....။

  ''ဟုတ်လား....အာ့ဆိုသွားရအောင်လေပြေ....´´

ဟန်နီကလက်ကမ်းပေးလိုက်တာကြောင့်လေပြေမှာ...ချက်ခြင်းဟန်နီလက်ကိုဖမ်းဆုပ်လိုက်သည်....။နူးညံ့သောဟန်နီလက်ကလေးကို...ဆုပ်ကိုင်ရင်း...ရင်တွေကတဒိန်းဒိန်း....ဒီလက်ကလေးကိုအမြဲတမ်းဆုပ်ကိုင်ခွင့်ရချင်လိုက်တာဟန်နီရယ်.....။
ဟန်နီမေပျိုမှာလေပြေသူမလက်ကိုဆုပ်ကိုင်လိုက်ချိန်တွင်....ကြက်သည်းများပင်ထသွားသည်....ပြီးတော့ရင်ထဲမှာ...မောဟိုက်သလိုလို...ဘယ်လိုကြီးမှန်းမသိ....။သူ့လက်ကိုဖမ်းဆုပ်ထားတဲ့လေပြေလက်တွေကနွေးထွေးနေသလို...။
ဆိုင်ထဲရောက်တော့လေပြေမှာ...ဟန်နီထိုင်မဲ့ခုန်လေးကိုတစ်သျူ လေးနဲ့အမြန်သုတ်ပြီးမှထိုင်စေသည်...။
ဟန်နီကတော့ပြုံးလို့....

ရူးပြီ...ဟန်နီ...ရေWhere stories live. Discover now