ရူးပြီ..ဟန်နီ..ရရေူးပြီ..ဟန်နီ..ရေ
💜💜💜💜💜
Les story part(5)လေပြေသွေး...နာကျင်ဝမ်းနည်းမှုများနဲ့အိမ်ကိုပြန်လာခဲ့သည်...။သူ့ဖုန်းကိုပိုင်ကြီးနဲ့ထွန်းတောက်ကတောက်လျှောက်ခေါ်နေပေမဲ့သူမကိုင်မိ....ဟန်နီ့ရဲ့အေးစက်စိမ်းကားသောအကြည့်တွေကိုသာမြင်ယောင်နေမိသည်....။ဟန်နီရယ် အဲ့ဒိလူကြီးကိုဟန်နီဘာလို့ချစ်ရတာလဲ....။တောက်!သူအံကိုတင်းတင်ကြိတ်လိုက်သည်....တွေ့ကြသေးတာပေါ့...ဒေါက်တာကောင်းမြတ်သူရယ်...။
''လေပြေရာ...နင်ကတော့လေ..ငါတို့မှာစိတ်ပူလို့သေတော့မယ်...ဆေးရုံဘက်ကိုလည်းရောက်ခဲ့သေးတယ်..နင့်ကိုမတွေ့လို့...ဒီမှာလာစောင့်နေတာ..´´
အိမ်ထဲဝင်ဝင်ခြင်းပိုင်ကြီးကဆီးပြောသည်...။သူဆိုဖာပေါ်သို့အရုပ်ကြိုးပျက်ထိုင်ချလိုက်သည်...။
''နင်ဘာဖြစ်လာတာလဲဟင်..´´
''ငါ...ငါဘာမှမဖြစ်ပါဘူးဟာ..´´
ပိုင်ကြီးနဲ့ထွန်းတောက်ကသူ့မျက်နှာကိုအကဲခတ်ပြီးစိတ်ပူစွာမေးသည်...။
''ငါတို့ဒီည..ကလပ်သွားရအောင်ဟာ..မသွားတာကြာပြီ..´´
''အေးပါ...နင်သွားချင်ရင်သွားတာပေါ့..ဒါပေမဲ့´´
''ဘာလဲ...´´
ဒါပေမဲ့ နဲ့ရပ်သွားသောထွန်းတောက်ကိုသူစိတ်မရှည်စွာကြည့်ရင်းမေးလိုက်သည်၊.၊
''နင်ဘာမှမစားဘူးဆို..မမပြုံးပြောတယ်...အခုတစ်ခုခုတော့စားလိုက်ပါဟာနော်...´´
''ငါမစားချင်ဘူး...´´
''အဲ့လိုမလုပ်ပါနဲ့လေပြေရယ်...လေပြေဘာစိတ်ညစ်စရာရှိလို့လည်းဟင်...မမပြုံးကိုပြော...´´
မမပြုံးမှာမနေနိုင်စွာဝင်ပြောမိသည်။...လေပြေပုံကိုကြည့်ပြီးသူမလည်းဘယ်လိုစိတ်ချမ်းသာနိုင်ပါ့မလဲ....။လေပြေအခုလိုသာဆက်နေမယ်ဆိုရင်...ကျန်းမာရေး ထိခိုက်လာနိုင်သည်...အခုတောင်လေပြေမျက်နှာလေးမှာ...ဖြူ ဖတ်ဖြူ ရော်...။မျက်တွင်းများမှာလည်းချောင်ကျနေပါသည်၊၊ဟိုနှစ်ယောက်ကိုလေပြေမရှိခင်မေးတော့လည်းဝေ့လည်ကြောင်ပက်နှင့်...ဘာမှရေရေရာရာမပြော...။
YOU ARE READING
ရူးပြီ...ဟန်နီ...ရေ
Romanceသူ့နာမည်ကလေပြေသွေးဆိုပေမဲ့...သူမအတွက်တော့သူက..မုန်းတိုင်းထက်မပို... သို့ကြောင့် သူမ...သူ့ကိုသိပ်ကြောက်တယ်... but.......