Parts(12)Zawgyi &Uni

1K 64 0
                                    

ရူးပြီ..ဟန်နီ..ရေ
💜💜💜💜💜
Les story part (12)

မနက်မိုးလင်းတော့...သူမကိုတင်းကြပ်စွာဖတ်တွယ်ထားသော..လေပြေလက်ကိုအသာလေးဖယ်လိုက်သည်....။ပြီးတော့လေပြေနိုးသွားမှာစိုးသဖြင့်...ဖြည်းဖြည်း လေးထလိုက်သည်....။

   ''ဟန္​နီ...´´
မျက်လုံးမဖွင့်ပဲသူမကို...လေပြေခေါ်လိုက်တာကြောင့်သူမပြုံးမိသွားသည်...။ပြီးတော့လေပြေ...ပါးလေးကိုလက်နဲ့မြတ်နိုးစွာကိုင်ရင်း....

  ''လေပြေ...ကလေးလေးနိုးနေပြီလား.´´

   ''နိုးသေးပါဘူး....ဟန်နီလည်းပြန်အိပ်...´´
ပြောပြီးသူမကိုအတင်းဆွဲလှဲလိုက်သည်...။
   ''ငါးနာရီခွဲနေပြီလေ...ထရတော့မယ်လေပြေ...ရဲ့...´´

သူမအဲ့လိုပြောမှ..လေပြေကသူမကိုမလွှက်ပေးသည့်အပြင်ပိုပြီးဖတ်ထားသည်...တော်တော်ဆိုးတဲ့လေပြေ....ပင်..။

   ''မထရပါဘူး...စောသေးတယ်...ပြန်အိပ်မယ်...´´

  ''မထလို့မရဘူးလေ...လေပြေမနက်စာစားဖို့ဟန်နီတစ်ခုခုလုပ်ပေးမလို့...ပြီးရင်ဆေးရုံလည်းသွားရအုံးမှာကို...´´

  ''ဟာ...မရပါဘူး..လေပြေစားဖို့ဘာမှမလုပ်နဲ့တော့...လေပြေနားမှာဟန်နီရှိရင်ရပြီ...ပြီးရင်ဆေးရုံလည်းမသွားတော့နဲ့...´´
တကယ့်ကလေးဆိုးလေးတယောက်လိုသူဖြစ်ချင်တာကိုပဲပြောနေပါသည်...။သူမလေပြေ့နဖူးလေးကိုနမ်းရင်း...

  ''ဆေးရုံကိုတော့မသွားလို့မရဘူးလေပြေရဲ့...မနက်ဖြန် ကျမှဟန်နီခွင့်ယူလိုက်မယ်လေနော်....ဆေးခန်းလည်းပိတ်လိုက်မယ်...ပြီးရင်လေပြေနဲ့တနေကုန်အချိန်ကုန်မယ်လေ....ဘယ်လိုလည်း..´´

  ''ဟန်နီတကယ်ပြောတာနော်...အာ..ပျော်လိုက်တာ...´´

သူတကယ်ပင်ပျော်နေမိပါသည်...ဟန်နီကို့သူ့ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်သည်...ပြီးတော့ဟန်နီ့ရဲ့...ပါးပြင်အနံ့နေရာလပ်မကျန်အောင်သူနမ်းလိုက်သည်...။ဟန်နီက...သူ့ရင်ခွင်ထဲတွင်..ကျေနပ်စွာသူ့အနမ်းများကိုခံယူလျှက်...။သူမ..လေပြေကိုအရမ်းကိုချစ်မိနေပါပြီ...ဖြစ်နိုင်ရင်လေပြေ့လက်ကိုကိုင်ပြီး...လူတွေမရှိတဲ့အဝေးဆုံးနေရာသို့..ပြေးထွက်သွားချင်မိသည်...။ဟန်နီကိုကိုနဲ့လက်ထပ်ရမှာကို...ပိုပြီးကြောက်မိနေသည်...။လေပြေကသူမရဲ့နှုက်ခမ်းလေးကိုနမ်းဖို့လုပ်တော့....

ရူးပြီ...ဟန်နီ...ရေМесто, где живут истории. Откройте их для себя