ရူးပြီ...ဟန်နီရေ...(7)Zawgyi &Uni

859 66 0
                                    

ရူးပြီ..ဟန်နီ..ရေ
💙💙💙💙💙
Les Story part (7)

အာကာကားမောင်းရင်း..သီးချင်းကိုဖွင့်ပြီးလိုက်ညည်းနေမိသည်....။သူ့ကားနောက်ကမှကားတစ်စီးလိုက်လာတာကိုသူသတိမထားမိ...။

''ဒုန္​း!´´

အနောက်မှလေပြေအရှိန်နဲ့ရှေ့ကကားကိုဝင်ဆောင့်ပစ်လိုက်သည်....။အာကာဒေါသထွက်သွားသည်...။သူ့ကားကိုနောက်မှဝင်ဆောင့်ခံလိုက်ရတာကြောင့်ကားပေါ်မှဆင်းလိုက်ပြီးသူ့ကားနောက်ပိုင်းကိုကြည့်လိုက်သည်..။ကားနောက်ပိုင်းမီးသီးကွဲသွားတဲ့အပြင်ကားဘော်ဒီလည်းတော်တော်ပိန်သွားသည်..။

''တောက်!မင်းတို့မျက်စိမမြင်ဘူးလားဟင်...ဒီလောက်လမ်းအကျယ်ကြီးကို...´´

လေပြေကအာကာကိုခပ်စူးစူးလေးစိုက်ကြည့်ပြီး....

  ''အာရုံနောက်လို့ တိုက်လိုက်တာဘာဖြစ်လဲ...အခုရော်ကြေးဘယ်လောက်ပေးရမလဲပြော...´´

ရုပ်ကလေးလှသလောက်ပေကပ်ကပ်ဂျစ်ကန်ကန်စွာကျယ်မလေးကိုကြည့်ပြီးအာကာမှာအရမ်းကိုစိတ်တိုသွားသည်..။

  ''ဘာလဲမင်းတို့ကငါ့ကိုသက်သက်ရန်စတာလား...´´

  ''ဟုတ်တယ်....ဟန်နီကိုနှောက်ယှက်လို့လေ....´´

''အဟက်!မင်းနဲ့ဘာဆိုင်လို့လည်း...´´

  ''ဆိုင်တာပေါ့...ဒီမှာဟန်နီ့ကိုထပ်နှောက်ယှက်ဖို့မစဉ်းစားနဲ့နော်...နောက်တစ်ခါဆိုရင်...ဒီထက်ဆိုးမယ်...´´

အာကာတယောက်သူ့ကိုအသာလွက်ကျိမ်းနေသောကောင်မလေးက်ိုကြည့်ပြီးတဟားဟားရယ်လိုက်သည်...။ကောင်မလေးဘေးကကောင်လေးနှစ်ယောက်ကလည်းသူ့ကိုပေစောင်းစောင်းနဲ့ကြည့်နေပြန်သည်....။

  ''ခြောက်တိုင်းကြောက်တဲ့အထဲမှာကိုယ်မပါဘူး..ကလေးမ...အခုလိုပြောမှ...မေပျိုကိုပိုပြီးချစ်လာသလိုပဲ...´´
အာကာ့စကားကြောင့်လေပြေသွေးများဆူပွတ်လာပြီး...အာကာ့ပါးကိုဖြောင်းကနဲမြည်အောင်ရိုတ်ပစ်လိုက်သည်...။အာကာမှာ..လုံးဝမထင်မှတ်ထားတာကြောင့်ရှောင်ချိန်ပင်မရလိုက်...။

  ''တောက်!မင်း...မင်းတွေ့မယ်...ငါ့ပါးကိုအခုလိုရိုက်တဲ့အတွက်မင်းနောင်တအကြီးကျယ်ရစေရမယ်...´´

ရူးပြီ...ဟန်နီ...ရေDonde viven las historias. Descúbrelo ahora