ရူးပြီ...ဟန်နီ...ရေ(1)

3.1K 111 0
                                    

ရူးပြီ.. ဟန်နီ..ရေ
💙💙💙💙💙
Les story..part(1)

  ''သူ့ကိုအများကခေါ်ကြတာတော့...
    လေပြေ...တဲ့....သူမအတွက်တော့
     သူဟာ...အချိန်မရွေး..တိုက်ခက်နိုင်တဲ့
      မုန်တိုင်း..တစ်ခုသာ...
       ထို့ကြောင့်..သူ့ကိုကျွန်မ...
         သိပ်ကြောက်တယ်...´´

          #ဟန်နီမေပျို

    ''ဟန်နီ့...ကိုစတွေ့လိုက်ရတဲ့အချိန်
      မှာ...သူ့ကမ္ဘာကြီးခဏရပ်တန့်

        သွားတယ်...သူအသက်ရူဖို့ပင်
         သတိမရတော့...နှလုံးခုန်သံ
          တွေဟာလည်းဆူညံလို့..
           ဟန်နီ့ကြောင့်..မှောင်
            နေတဲ့သူ့ကမ္ဘာကြီး
             အလင်းရောင်ရလာ
              သလိုပဲ...အချိန်တိုင်း
               ဟန်နီ့ပုံရိပ်လေးပဲမြင်
                နေတယ်.....
                ကိုယ်တော့...
                 ရူးပြီ...ဟန်နီ..ရေ
              #လေပြေသွေး

ဝင်ဒါမီယာလမ်းထဲမှာရှိတဲ့ခြံကျယ်ကြီးတစ်ခုတွင်ရောင်စုံမီးများနဲ့လှပစွာအလှဆင်ထားသည်...။မီးရောင်စုံများအောက်တွင်...လူကြီးလူငယ်အားလုံးစားပွဲပေါ်တွင်ဧည့်ခံထားသောအစားအသောက်များကိုစားရင်းအချင်းချင်းစကားလက်ဆုံကြလျှက်ရှိသည်...။
ထိုစဉ်...အိမ်ထဲမှကောင်မလေးတယောက်ခြံထဲသို့ဆင်းလာသည်...။အားလုံးရဲ့အကြည့်များကထိုကောင်မလေးဆီသို့ရောက်သွားသည်....။ပန်းနုရောင်ရင့်စေ့လက်ရှည်ဝမ်းဆက်လေးကိုရိုးရှင်းစွာဝတ်ဆင်ထားပေမဲ့အားလုံးရဲ့မျက်လုံးထဲမှာတော့သူမဟာသိပ်ကိုကျက်သရေရှိနေပါသည်။မိန်းကလေးတယောက်တွင်ရှိသင့်သောအရပ်အမောင်း...ဝင်းဝါဆိုပြည်တဲ့သူမ၏အသားအရေ...အပိုအလိုမရှိအချိုးကျလှပနေတဲ့သူမရဲ့ခန္ဓာကိုယ်...။ညို့ဓာတ်အပြည့်ပါသောသူမရဲ့အကြည့်များ။အထူးခြားဆုံးကတော့...သူမရဲ့လည်တိုင်ကျော့ကျော့လေးကမှဲ့စိမ်းလေး။သူမဟာ...လှသည်...လှတာထက်သူမက...နန်းစံတာပေါ့..။
သူမနာမ်မည်ကဒေါက်တာ...ဟန်နီမေပျိုပင်ဖြစ်သည်....။ဒီနေ့ဟာသူမရဲ့အသက်၂၇နှစ်ပြည့်မွေးနေ့ပွဲလေးပါ...။ဒီပွဲက်ိုသူမ...မလုပ်ချင်ပါ...ဖေဖေနဲ့မေမေရဲ့ဆန္ဒနဲ့သူငယ်ချင်းများ၏တိုက်တွန်းချက်ကြောင့်လုပ်ဖြစ်သွားတာဖြစ်သည်....။သူမအနေနဲ့ဆိုဘုရားသွားကျောင်းတက်လောက်ပဲလုပ်ဖြစ်မှာပါ...။အခုလည်းသူမမှာဖေဖေ့မိတ်ဆွေများနဲ့သူမ၏လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းများကို...လိုက်ဧည့်ခံနေရသည့်အလုပ်မှာသူမအတွက်အလွန်ကြီးလေးသောအလုပ်တစ်ခု...ပင်...။
သူမဖေဖေ့မိတ်ဆွေများနဲ့နှုက်ဆက်နေချိန်တွင်...လူသုံးယောက်ပြေးဝင်လာသည်...။သူတို့နောက်မှလူတစ်စုတုတ်များကိုကိုင်ပြီးလိုက်လာကြသည်....။

ရူးပြီ...ဟန်နီ...ရေOnde histórias criam vida. Descubra agora