ကျွန်တော်ကို ၁၉၉၈ခုနှစ်ရဲ့ပထမဆုံးလဖြစ်သည့် ဇန်နဝါရီလ၏(၁၂)ရက် နေ့တွင် မွေးဖွားခဲ့သည်။
ထိုနေ့က ဇန်နဝါရီလ(၁၁)ရက်နေ့မှ ဇန်နဝါရီလ(၁၂)ရက်နေ့သို့ ကူးပြောင်း သည့်အချိန် (၁)မိနစ်တိတိကြာမြင့်ချိန်ဖြစ်သည်။ တနည်းအားဖြင့်ဆိုသော ကျွန်တော် သည် ဇန်နဝါရီလ (၁၂)ရက်နေ့၏ (၀၀၀၁) နာရီအချိန်တွင် ဖွားမြင်သူဖြစ်သည်။
အေးစက်လွန်းသည့် ဇန်နဝါရီလဖြစ်သော်လည် ကျွန်တော်မွေးသည့်နေ့က အရင်ရက်တွေထက်ပိုပြီး အေးစက်နေခဲ့သည်ဟုမေမေပြောသည်။ ပြီးတော့ ထိုနေ့ မနက်မှာပင် မကျတော့ဘူးဟုထင်ခဲ့သည့် နှစ်တစ်နှစ်၏ပထမဆုံးနှင်း စတင်ကျခဲ့ သည်။
မေမေအတွက်တော့ ကျွန်တော်က ပထမဆုံးသားယောင်္ကျားလေးဖြစ်သော် လည်း ကျွန်တော်မွေးဖွားလာခြင်းက သူမအတွက် ပုံပြင်တွေထဲမှ စနှိုးဝှိုက်မင်းသမီး လေးမွေးဖွားသလိုခံစားရစေခဲ့သည်။ ကျွန်တော်၏ပါးပြင်နှစ်ဖက်ကနီရဲပြီး ဖြူဖွေး လွန်းနေခဲ့သည်လေ။
အင်္ဂလိပ်အက္ခရာစကားလုံးများ၏ ပထမဆုံးစကားလုံးဖြစ်သော(A)က ကျွန်တော်၏ သွေးအမျိုးအစားဖြစ်သည်။ ထိုကြောင့် ကျွန်တော်သည် (A)သွေးအမျိုး စားရှိသူများနည်းတူ အရာရာတိုင်းကိုအစွဲလမ်းကြီးတတ်လွန်းသည်။ ပြီးတော့ အရာ ရာတိုင်းကို စေ့စပ်သေချာစွာပြုလုပ်တတ်သူလည်းဖြစ်ပြန်သည်။ အသေးအဖွဲ့ကိစ္စ လေးများမှအစ စေ့စပ်လွန်းသည့်ကျွန်တော့်အား သူငယ်ချင်းအများစုက ငဂျီငဂျောင် ဟု နာမည်ပြောင်ခေါ်ဆိုကြသည်။
ကျွန်တော်ကတော့ (A)သွေးသမားများနည်းတူ ပတ်ဝန်းကျင်ကို သိပ်ပြီးဂရု တစိုက်ရှိ သူမဟုတ်ပါ။
ဒါကြောင့် ပထမဆုံးဆိုသည့် ကျွန်တော်ဘဝရဲ့ ဦးဆုံးအရာတွေကို ကျွန်တော်တန်ဖိုးထားသည်။ အလေးထားသည်။
ကျွန်တော့်မွေးနေ့မှာ ပထမဆုံးမွေးနေ့ ဆုတောင်းပေးသူကို ကျွန်တော် မမေ့မလျော့ အမှတ်တရလက်ဆောင်ပြန်ပေးတတ်သလို၊ ကျွန်တော်ရဲ့ ပထမဆုံး ကျောင်းတက်ရက်တွေမှာ ခံစားရသည့်ခံစားမှုများကို အမြဲ ဒိုင်ယာရီစာအုပ်တွင် ချရေး တက်သည်။
YOU ARE READING
ဦးဆုံး(First)
Romanceပထမဆုံးဆိုသည့်အရာတွေကို ကျွန်တော် တန်ဖိုးထားသည်။ ChanSoo Fanfic BL (အသက်ပြည့်ပြီဟု သင်ထင်ပါက သင်ဖတ်လို့ရသည်။) (ဖတ်ပြီး သင်စိတ်အနှောင့်အယှက်ဖြစ်က တာဝန်မယူပါ)