ဇာတ်သိမ်း

850 81 19
                                    

ပဲရစ်။
လူတွေရဲ့ အိမ်မက်မြို့တော်တဲ့။ အလှဆုံးသော အိမ်မက်နယ်မြေလေးလို့ လည်းခေါ်ကြပြန်တယ်။ အချစ်မြို့တော်။ ရေမွှေးမြို့တော်။ ဖက်ရှင်မြို့တော်။
ပဲရစ်မြို့။
ဒီမြို့က လမ်းတွေရော၊ လမ်းကြားတွေရော၊ အဆောက်ဦးတွေရော၊ ကော်ဖီ ဆိုင်လေးတွေရော အရာရာတိုင်းက လူတိုင်းရဲ့အိမ်မက်ထဲမှာသာ မြင်တွေ့နိုင်တဲ့ အလှတရားမျိုးတွေလိုမျိုးပေါ့။ ရှေးမူမပျက်သလိုခံစားချက်တွေနဲ့ နန်းဆန်တယ်။ ပြီးတော့ အေးချမ်းပြီးနွေးထွေးနေစေတယ်။
မနက်လင်းလို့ ဆူညံနေတဲ့ကားသံနှင့် အိမ်အရှေ့လမ်းပေါ်က လူသွားလမ်းရှိ သွားလာနေကြတဲ့ ပုံစံမျိုးစုံလူတွေ၏တီးတိုးစကားသံတွေ။ ဒါတွေတောင် လှပလွန်း နေခဲ့ပြန်သည်။ ကျွန်တော်ငှားရမ်းနေထိုင်သည့်အခန်းက အဆောက်အဦး၏ ပထမ ထပ်တွင်ရှိသောကြောင့် လမ်းမအထက်က လှုပ်ရှားသွားလာနေမှုကို အမြဲမြင်တွေ့ နေကြ။ ရောက်ခါစကတော့ အခန်းတစ်ခုလုံးကိုတောင် မြင်နိုင်သည့် ကြီးမားသော မှန်ပြူတင်းပေါက်ကြီးကို မြင်ပြီး လိုက်ကာကိုတောင် ‌တော်ရုံဖွင့်မထားခဲ့။ ကိုယ်အနား ယူရာနေရာကို အပြင်ကလှမ်းမြင်နေရသည်ဆိုသည့်ခံစားမှုဖြင့် ကျွန်တော် စိတ်တွေ မလုံမလဲဖြစ်ခဲ့ဖူးသည်။
အခုတော့လည်း မနက်လင်းသည်နှင့် ပထမဆုံးလုပ်မိသည်က ထိုလိုက်ကာ ကြီးကြီးကို ဖွင့်ထားလိုက်ခြင်းပင်။ ကျောင်းပိတ်သည့်ရက်များဆို ထိုမှန်ဘေးတွင် ကော်ဖီတစ်ခွက်၊ စာအုပ်တစ်အုပ်နှင့် ထိုင်နေတတ်သည်။ လူတွေ၏ လှုပ်ရှားနေမှုကို မြင်နေရသည်ကို ကျွန်တော် သဘောကျနှစ်သက်တတ်လာသည်။ ပြင်သစ်နိုင်ငံက ယဉ်ကျေးမှုအလှအပတွေက ပုံပြင်ဆန်လွန်းလှသည်။ ပြီးတော့ ပွင့်လင်းမှုတွေက လည်း သိမ်မွေ့လွန်းလှပြန်သည်။

  ( ညက ပျော်ခဲ့ရတယ်)

(ထပ်ပြီး တွေ့ချင်သေးတယ်ကွာ)

ကျွန်တော့်ဖုန်းထဲရောက်လာသည့်စာ(၂)စောင်။ ကျွန်တော် ထိုလိုင်း အကောင့်ကို ဖျက်ပစ်လိုက်သည်။ တစ်ညတာအတွက်သာ ပျော်ရွှင်ဖို့စိတ်ကူးခဲ့သည့် ကျွန်တော်၏ညတွေကို ထိုကဲ့သို့ ငြိတွယ်ခြင်းတွေနဲ့ မဖျက်စီးချင်ပါ။
လိင်ဆက်ဆံရတာကို သာယာနေတာ၊ ဒါက အချစ်မဟုတ်ဘူးဆိုသည့် လူ တစ်ယောက်စကားကို ပြန်ကြားယောင်တိုင်း အချစ်ဆိုတာရော ဘာလဲဟု ကျွန်တော် ပြန်ကာတွေးခဲ့ဖူးသည်။ ပြီးတော့ အချစ်ဆိုသည့်အရာက တကယ်တည်ရှိနေတာ လားဟု ကျွန်တော်သံသယဝင်မိလာသည်။ ဘာလို့များ ကျွန်တော့်ဖက်က ဒီလောက် လိုက်လျောကာ အရာရာတိုင်းကိုပုံအောပေးထားပါလျှက်နှင့် ထိုအလိုလိုက်ခြင်းတွေ ကို သာယာမှုလို့ သူခေါင်းစဉ်တပ်ရက်သည်။ ပိုပြီး ရင်နာစရာကောင်းလွန်းခဲ့သည်က ထိုစကားလုံးကိုငြင်းဆိုနိုင်ရန် ကျွန်တော်တွင်စကားလုံးကင်းမဲ့နေခဲ့ခြင်းပင်။ ထိုတိတ် ဆိတ်နေမိခြင်းအခိုက်အတန့်မှာပင် ကျွန်တော် အမှန်တကယ်ပင် သူ့အပေါ် ချစ်ခြင်း တရားထက် သာယာခြင်းသာ ပိုခဲ့မိသည်ကို သိမြင်လာခဲ့သည်။
ထိုသာယာခြင်းကို ကျွန်တော် ပဲရစ်မြို့သို့ရောက်ရှိလာချိန်တွင် ပိုပြီး အတည်ပြုနိုင်သွားသည်။ ဖြူနုနုနှင့် ချစ်စရာကောင်းသည့် ကောင်လေးတွေကိုမြင်ရင် ကျွန်တော် ချန်ယော်ကဲ့သို့ သူတို့အပေါ်ပြုမှုချင်သည်။ ထိုအတူ ခန့်ညားပြီး ဆွဲဆောင် မှုရှိသည့်ယောင်္ကျားတွေကို မြင်ပြန်တော့လည်း ကျွန်‌တော် ချန်ယော်ဆီမှရသည့် ကြမ်းတမ်းမှုမျိုးကိုခံစားချင်မိပြန်သည်။ သေချာတာတစ်ခုကတော့ ကျွန်တော်၏ သာယာခြင်းတွေက ယောင်္ကျားတွေအပေါ်သာတည်ရှိနေခဲ့သည်ပင်။ ဒါကြောင့် လွန်ခဲ့ သည့်(၁)နှစ်က ကျွန်တော်ဆီ မေမေနှင့်ဖေဖေရောက်လာစဉ်က ကျွန်တော်ဝန်ခံခဲ့ သည်။

ဦးဆုံး(First)Where stories live. Discover now