အပိုင်း(၅)

479 44 0
                                    

နှုတ်ဆက်ခွဲခွာရခြင်းတွေကို ကျွန်တော်မုန်းသည်။
ကျောခိုင်းဝေးကွာခြင်းတွေကို ကျွန်တော်မုန်းသည်။
လမ်းခွဲပျက်သုန်းခြင်းတွေကို ကျွန်တော်မုန်းသည်။
လက်လွှတ်ဆုံးရှုံးခြင်းတွေကို ကျွန်တော်မုန်းသည်။
ထို့အတူ ရက်စက်ယုတ်မာခြင်းတွေကိုလည်း ကျွန်တော်မုန်းသည်။
ဒါပေမယ့်။
ကျွန်တော်မုန်းတီးသည့် ထိုအရာတွေကို ကျွန်တော်ကိုယ်တိုင်ပြုလုပ်ခဲ့ သည်။
သူ့အနား ရှိနေနိုင်ဖို့ အကြောင်းပြချက်လေးတစ်ခုအတွက် အကြောင်းတရား များစွာတို့အား ကျွန်တော်စွန့်ပစ်ဖို့ သတ္တိများစွာ ကျွန်တော့်အနား ရှိနေခဲ့သည်။
ထိုနေ့က ကျွန်တော် ပထမဆုံး လူယုတ်မာတစ်ယောက်ဖြစ်ခဲ့သည်။

*****

(မင်းကို ငါ စိတ်ကုန်သွားလို့။မင်းကိုငါ မလိုချင်တော့လို့)
လမ်းခွဲဖို့အတွက် အကြောင်းပြချက်ကို ထပ်ခါထပ်ခါမေးနေသော သူမ အတွက် ကျွန်တော်ဖြေလိုက်သည့်အကြောင်းပြချက်က သူမကို ဆိုးဝါးစွာ ထိခိုက် နာကျင်လိမ့်မည်ဟု ကျွန်တော်သိသည်။ ကျွန်တော်ပြောလိုက်ချိန် အံ့ဩပြီးကြေကွဲမှု များဖြင့် ကျွန်တော့်ကိုကြည့်နေသည်။ လက်မောင်းတစ်ဖက်ကို မလွတ်တမ်းကိုင်ထား ပြီး မျက်ရည်များနှင့် သူမက ညာနေတာမလားဟု အတွင်တွင်ပြောကာ ကျွန်တော့်ဆီမှ သံယောဇဉ်ကို မျှော်လင့်နေသေးသည်ကို ကျွန်တော်ကြည့်ပြီး။

(ငါ မင်းကိုမချစ်တော့ဘူး စနိုး။ မင်းက ငြီးငွေ့ပြီးစိတ်ပျက်စရာ ကောင်း တယ်)

သေးသွယ်သော လက်ဖဝါးတစ်ဖက်က ကျွန်တော့်ပါးပြင်ပေါ်ရှိ အရှိန်နှင့် ကျရောက်လာသည်။ နာကျင်ပေမယ့် ထိုက်တန်သည်ဟု ကျွန်တော် မှတ်ယူလိုက် သည်။ မျက်ရည်မျာနှင့်နီရဲနေသော သူမမျက်ဝန်းက ခံစားမှုပေါင်းများစွာ။ အဓိပ္ပါယ် ပေါင်းများစွာ။ ဘာတွေလဲဟု ကျွန်တော်စဉ်းစားပုံဖေါ်စရာမလိုအောင် သူမက နောက်ဆုံးစကားတစ်ခွန်းကို နှုတ်ဖျားမှ တုန်ရီစွာ ထွက်ကျလာခဲ့သည်။

(လူ ယုတ် မာ)
##########


"ကျွန်တော် ဒီနေ့ပဲ စနိုးနဲ့ လမ်းခွဲလိုက်ပြီ ချန်ယော်"

ဦးဆုံး(First)Where stories live. Discover now