အပိုင်း(၄)

425 41 0
                                    

ထာဝရ။
အစဉ်အမြဲ။
အမြဲတစေ။
ထာဝစဉ်။
သက်ဆုံးတိုင်။
သက်ဆုံးတိုင်။
အတူတကွ။
လောကကြီးအတွင်း အရမ်းကို လှပလွန်းလှသည့် အသုံးအနှုန်းများ။
လူသားများအတွက် အရမ်းကိုကဗျာဆန်လှသည့် အခေါ်အဝေါ်များ။ ဒါတွေက ကျွန်တော်ဆိုသည့် ပတ်ချန်ယောလ်နှင့် သက်ဆိုင်ခြင်း မရှိခဲ့ပါ။ ဖြစ်လွယ်၊ ပျက်လွယ်ပြီး အပြောင်းအလဲမြန်သည့်လောကကြီးကသာ ကျွန်တော့်အတွက် ဖြစ်လာ သည်ထင်သည်။ ဒါကြောင့် ကျွန်တော်မည်သူ့ကိုမျှ မတွယ်တာတတ်ပါ။ မည်သည့် အကြောင်းအရာကိုမျှ မနာကျင်တတ်ပါ။
ဒါပေမယ့်...။
ကျွန်တော့်ဘဝတွင် တစ်ဦးတည်းသောသူဆိုသည့် လူသာတစ်ဦးတော့ရှိ သည်။
ထာဝရမဟုတ်ခဲ့ပေမယ့်။
အစဉ်အမြဲ မဖြစ်ခဲ့ပေမယ့်။
ထာဝစဉ်မသက်ဆိုင်ခဲ့ပေမယ့်။
သက်ဆုံးတိုင် မဆိုပေမယ့်။
အတူတကွ မရှိပေမယ့်။
ထိုလူသည် ကျွန်တော့်အတွက်တော့ တစ်ဦးတည်းသောလူပင်ဖြစ်သည်။ ထို့ကြောင့်။ ကျွန်တော် ပထမဆုံးမျက်ရည်ကျခဲ့သည်။ တကယ်တော့ လူနှစ်ယောက် ကြားမှ အချစ်ထက်ပိုပြီး ကြီးကျယ်ခမ်းနားသည့် ခံစားမှုတွေအများကြီးရှိလိမ့်မည် ထင်သည်။ ထိုကြီးကျယ်ခမ်းနားခြင်းတွေကို ကျွန်တော့်ဘဝတွင် ဖန်တီးပေးခဲ့သော သူ။
တစ်ဦးတည်းသောသူ။

*****
(ငါ့နာမည် ဂင်မင်ဆော့ ငါတို့ သူငယ်ချင်းလုပ်ရအောင်)
ကျွန်တော့်လိုလူအား လာရောက်မိတ်ဖွဲ့ပြီး ခင်မင်ခွင့်တောင်းသော တစ်ဦး တည်းသောသူ။ မင်ဆော့။ ထိုအချိန်က အလယ်တန်းကျောင်းသားဘဝ မင်ဆော့သည် အရမ်းကို ရိုးသားပြီး အပြစ်ကင်းစင်လွန်းလှသည်။

*****
(မင်းရန်မဖြစ်ပါနဲ့လားကွာ။ အသတ်အပုတ်ဝါသနာပါရင်လည်း တိုက်ကွမ်ဒို သင်တန်းပဲ တတက်ပြီး နိုင်ငံ့ ကိုယ်စားပြုလုပ်ပါလား။)
ကျွန်တော့်ရဲ့ မကြာခဏဆိုသလို ရရှိတတ်သည် ဒဏ်ရာများကို ဆေးထည့် ပေးတတ်သည့် တစ်ဦးတည်းသောသူ။ မင်ဆော၊၊ ထိုအချိန်တိုင်း နားငြီးတယ်ဟု ကျွန်တော် အော်ဟစ်တတ်ပေမယ့် သူကတော့ အပြုံးမပျက်ခဲ့ပါ၊ ကျွန်တော်ကလည်း ရန်ဖြစ်လျှက်ပါ။

*****
(မင်းစိတ်ကိုလျှော့နော်။ စိတ်လိုက်မာန်ပါမလုပ်နဲ့ ဟိတ်ကောင်။ ပတ်ဝန်း ကျင်ဆိုတာကလည်း တစ်ဆိတ်ကို တစ်အိတ်လုပ်တတ်တာ မင်းသိရဲ့သားနဲ့။)
အထက်တန်းကျောင်းသားအရွယ်က ကျွန်တော် ရူးရူးမူးမူးချစ်မိသည့် မိန်းက လေးမှ ဖောက်ပြန်သည်ဆိုသည့်စကားများကိုကြားရစဉ်က ကျွန်တော့်အား ဖြောင်းဖြ ခဲ့သည့် တစ်ဦးတည်းသောသူ။ မင်ဆော့။ ထိုနေ့ကရန်ပွဲမှာ သူဒဏ်ရာရခဲ့၍ သူ့မိဘ များက ကျွန်တော်နှင့်အပေါင်းအသင်းမလုပ်ရန် အမိန့်ပေးသည်။ ဒါပေမယ့် မင်ဆော့ ကျွန်တော့်ဆီ ပြန်ရောက်လာသည်။

ဦးဆုံး(First)Where stories live. Discover now