အပိုင်း(၂)

480 46 1
                                    

၁၉၉၂ခုနစ်၊ နိုဝင်ဘာလ၊ ၂၇ရက်နေ့တွင် ကျွန်တော်ဆိုသည့် ပတ်ချန်ယော် တစ်ယောက် လူ့လောကြီးထဲစတင်ရောက်ရှိခဲ့သည်။ ဒါပေမယ့် သူများတွေလို ကြီးမား သည့်ဆေးရုံအတွင်းရှိ ဆရာဝန်များ၊ သူနာပြုဆရာမများရဲ့ ဂရုစိုက်ပေးသည့် မွေးကင်း စကလေးငယ် အနေအထားမျိုးတော့ မဟုတ်ခဲ့ပါဘူး။

မြို့ပြနှင့် အလှမ်းဝေးကွာလွန်းသော ကျေးလက်ရွာကလေးတစ်ရွာရဲ့ တိတ် ဆိတ်သည့် ညသန်းခေါင်ယံအချိန်မှာ ကျွန်တော်ဆိုသည့်ကောင်က ကမ္ဘာကြီးကိုငိုသံ နှင့်စတင်နှုတ်ဆက်ခဲ့သည်။ မျက်နှာထားဆိုးသည့်လက်သည်မိန်းမကြီးရဲ့ ကြောက် စရာအပြုံးကို ကျွန်တော်ပထမဆုံး မြင်ခဲ့ရလိမ့်မည်ထင်ပါသည်။

အဖေမပေါ်ဘဲ တိတ်တဆိတ်မွေးဖွားသည့် မေမေက ထိုအချိန်က ဆယ် ကျော်သက်အရွယ်အထက်တန်းကျောင်းသူလေးပင် ရှိသေးသည်။ ထို့ကြောင့် ကျွန် တော်က မွေးကင်းစအရွယ်မှာပင် မိဘမဲ့ကျောင်းသို့ စွန့်ပစ်ခံခဲ့ရသည့် ကလေးတစ်ဦး ပင်ဖြစ်သည်။ ကျွန်တော်ဆိုသည့်ကောင်က ပထမဆုံးမွေးဖွားလာစဉ်ကပင် လောက ကြီးအတွက် ကောင်းမွန်သော အရာတွေ မယူဆောင်လာခဲ့သူပင်ဖြစ်သည်။

မိဘမဲ့ကောင်၊ အဖေမပေါ်ဘဲမွေးတဲ့ကောင်၊ ရန်လိုတဲ့ လူ့အရိုင်းစိုင်းကောင်၊ စသည့်စသည့်ဂုဏ်ပုဒ်များနှင့် ကြီးပြင်းလာခဲ့သူပင်။ တစ်ခါတစ်ရံ ဆွေမျိုးသားချင်း များရှိသည့်တစ်ကောင်ကြွက်ဘဝကို မုန်းတီးပေမယ့် တစ်ခါတစ်ရံတော့လည်း ငဲ့ကွဲ့ စရာမည်သူမျှမရှိသည့် လွတ်လပ်သော ကျွန်တော့်ဘဝကို ကျွန်တော်သဘောကျမိပြန် သည်။ ဒါကြောင့် ဆိုးရွားသည့်လမ်းများကို ကျွန်တော်လျှောက်ခဲ့ဖူးသည်။ မကောင်း သည့်လုပ်ရပ်များကို ကျွန်တော်လုပ်ခဲ့ဖူးသည်။ အထက်တန်းမအောင်သည့် ကျွန်တော် က မကောင်းသည့်အပြာကားရိုက်ကူးရာတွင်တော့ သူများမတူအောင် ထူးချွန်ပြောင် မြောက်သူပင်ဖြစ်ခဲ့သည်။ စိတ်ညစ်စရာတွေ များပြားလှသည့် လောကကြီးထဲ မိနစ် ၃၀အချိန်ကာလက ကျွန်တော့်ကိုစိတ်ကျေနပ်မှုအပြည့်အဝ ဖြစ်စေသည်လေ။ အလိမ် အညာတွေများပြားလှသည့် အတုအယောင် ကမ္ဘာကြီးမှာ အိပ်ရာအထက်မှာ မိန်းမ တစ်ယောက်နှင့် ကာမဆန္ဒဆက်ဆံရေးက ကိုယ်ပေးသလောက် ပြန်ရသည့် ခံစားမှုပင် မဟုတ်လား။

ဦးဆုံး(First)Where stories live. Discover now