အိုဆယ်ဟွန်း။
ပထမဆုံးကျွန်တော့်အားသွားထွက်အောင် လုပ်ခဲ့သောသူ...။
ထိုအချိန်က ကျွန်တော်နှင့် ဆယ်ဟွန်းက မူကြိုတတ်နေစဉ်အရွယ်။ ကျွန်တော်အသက်လေးနှစ်ကပင်။ အတူတူဆော့ကစားနေစဉ် ဆယ်ဟွန်းလက်ထဲရှိ ခဲတံဖြင့် ကျွန်တော့်လက်ထိမိရာ ကျွန်တော် သွေးထွက်သည်အထိ ဒဏ်ရာ ဖြစ်ခဲ့သည်၊ ထိုကိစ္စကြောင့် နိုင်ငံခြားသို့ မိသားစုလိုက်ပြောင်းသွားသည့် ဆယ်ဟွန်းကို မနှုတ်ဆက် မိသည်အထိ ကျွန်တော်စိတ်ဆိုးခဲ့တာ။ အခုပြန်တွေးရင် ကျွန်တော်တော်တော်လေး ကို ကလေးဆန်ခဲ့သည်။
*****
ကင်ယောင်ဂျေးလ်
ပထမဆုံး ကျွန်တော့် ပါးပြင်ကို နမ်းသွားသည့် မိန်းကလေး...။
ထိုအချိန်က မူလတန်းကျောင်းသား ကျွန်တော့်ပါးပြင်ကို လျှပ်တစ်ပြတ်လာ နမ်းသည့် ဆရာမယောင်ဂျေးလ်ကို ကျွန်တော်စိတ်ဆိုးကာ တစ်ပတ်လုံးလုံးစကား မပြောခဲ့။ ဆရာမရဲ့ရေမွှေးအနံ့ကို ကျွန်တော်က အနံ့စူးသည်ဟုဆိုကာ ဒေါသထွက်ခဲ့ သည်။ တကယ်တော့ ကလေးမရနိုင်သည့် ဆရာမယောင်ဂျေးလ်သည် ကျွန်တော့်အား သားအရင်းလို ချစ်ခင်ခဲ့သည်ကို ကျွန်တော်အရွယ်ရောက်မှ ခံစားလာရသည်။
*****
လုဟန်ပထမဆုံး ကျွန်တော် ပြန်လှည့်ကြည့်မိသည့်သူ...။
အလယ်တန်း ကျောင်းတတ်စဉ်က ပထမဆုံး လှမ်းမြင်မိသည့် လုဟန်ကို မိန်းကလေးထင်ကာ လည်ပြန်ငေးကြည့်ဖူးသည်။ ပြီးတော့မှ လုဟန်က ယောကျာ်းဆို မှ ကျွန်တော်စာသင်ရင်းထအော်မိသည်အထိ အံ့ဩခဲ့သည်။ ဤမျှလောက် လှရက် လွန်းတဲ့ယောကျာ်းလေး လောကမှာရှိသည်တဲ့လား။ ဒါပေမယ့် လုဟန်ကတော့ သူ့ကိုယ်သူ ယောကျာ်းပီသလွန်းသူကြီးဟု အမြဲကြိမ်းဝါး ပြောဆိုတတ်သူပင်ဖြစ် သည်။
*****
စီနီယာဆူဟို
ပထမဆုံး ကျွန်တော်အားကျမိသည့် သူ...။
စာတော်၊ ရုပ်ချော၊ စိတ်သဘောထားကောင်း၊ ဖော်ရွေတဲ့ စီနီယာဆူဟိုကို ကျွန်တော် လေးစားအားကျခဲ့သည်။စီနီယာကဲ့သို့ ထူးချွန်သည့်ကျောင်းသားနှင့် စီနီယာလို ဆိုးလ်တက္ကသိုလ်တတ်မည်ဟု အတန်းရှေ့ ခေါင်းမော့စွာ ပြောခဲ့ဖူးသည်။ ဒါပေမယ့် စီနီယာလို အသက်ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ပြုဖို့တော့ ကျွန်တော့် မှာစိတ်ကူးမရှိပါ၊
YOU ARE READING
ဦးဆုံး(First)
Romanceပထမဆုံးဆိုသည့်အရာတွေကို ကျွန်တော် တန်ဖိုးထားသည်။ ChanSoo Fanfic BL (အသက်ပြည့်ပြီဟု သင်ထင်ပါက သင်ဖတ်လို့ရသည်။) (ဖတ်ပြီး သင်စိတ်အနှောင့်အယှက်ဖြစ်က တာဝန်မယူပါ)