အပိုင်း(၆)

466 43 0
                                    

သံယောဇဉ်ဆိုတာ နှောင်ကြိုးတစ်ခုဆို ကျွန်တော်နှောင်ကြိုးများကို မငြိတွယ်ချင်ပေ။
သူသည် ကျွန်တော်အတွက် သံယောဇဉ်တစ်ခု မဖြစ်ခဲ့ပေမယ့် ။
သူသည် ကျွန်တော့်အတွက် နှောင်ကြိုးတစ်ခုလို ရစ်ပက်နေခဲ့သည်။ ဖြတ်တောက်သင့်သည်၊ ဖြတ်တောက်ရမည်ဟု ကျွန်တော် ဆုံးဖြတ်နေခဲ့သည့်ကြားမှ ပင် သူသည် ရစ်ပတ်ချည်နှောင်မှုပညာမှာ ဆရာကျနေခဲ့ပြန်သည်။
ကျွန်တော်ကိုယ်တိုင် ချမှတ်ထားသောစည်းတွေကို သူသည် တစ်ဖြေးဖြေး ယိုင်နဲ့လာစေသည် ။
သူသည် အားကောင်းသည့်ကစားသမားမဟုတ်ခဲ့ပါပဲ ကျွန်တော်သည် အလိုလို အားနည်းလာခဲ့သည်။
ဒါကြောင့် မာနဆိုသည်ကိုဆုပ်ကိုင်ဖို့ ကျွန်တော်တွေဝေခဲ့ကာ အနိုင်ပိုင်း သည့်အပြုံးကိုမပြုံးနိုင်ခဲ့ပဲ ပျော်ရွှင်ခြင်းဆိုသည့်အတ္တကို ကျွန်တော် ပထမဆုံးဆုပ်ကိုင် ထားမိခဲ့သည်။

*****

(ကျွန်တော့်အတွက် လိုအပ်နေတာ ခင်များသာပဲ)

ကျွန်တော့်အရှေ့စားပွဲပေါ်က စာအိတ်ထူထူကို ကျွန်တော် သူမအရှေ့ ပြန်ပစ်ပေးကာ ပြောလိုက်တော့ သူမက အရှေ့ကရေခွက်ထဲရှိ ရေနှင့် ကျွန်တော့် မျက်နာကို လှမ်းပက်လိုက်သည်။ ကျွန်တော်မျက်နှာပေါ်က စိုရွှဲနေသော ရေစက်များ ကို သုတ်လိုက်ပြီး ခပ်အေးအေးပြုံးကာ သူမကို ကြည့်နေလိုက်သည်။
ဒါက ကျွန်တော်မခံစားဖူးခဲ့သည့် မိခင်တစ်ယောက်၏ မေတ္တာတရားလေ လား။ ပူဆွေးခြင်းတွေပြည့်နေသည့် သူမ မျက်ဝန်းက ဒေါသတွေ၊ အလိုမကျမှုတွေ၊ ဖိစီးမှုတွေနှင့်။ ထို့အတူ ယူကြုံးမရမှုနှင့် ကြေကွဲမှုတွေကတော့ ဒီကောင်လေး ဘယ်လောက်တောင် ချစ်ခြင်းမေတ္တာနှင့် ကြီးပြင်းလာသည်လဲ သိသာလွန်းလှသည်။ လှပလိုက်သည့် မိဘမေတ္တာတွေ။ မင်းသိပ်ကံကောင်းလွန်းတယ်မထင်ဘူးလား ကောင်လေး။ ငါ ဖျက်ဆီးလိုက်ရမှာတောင် နှမျှောမိတယ်ကောင်လေးရေ။

(အရာအားလုံး ငါတို့လိုက်လျောပေးမယ်။ ငါ့သားနဲ့ အဝေးမှာနေပေးဖို့ အရာအားလုံး ငါတို့ လုပ်ပေးမယ်)

အထက်တန်းကျပြီး မာနတွေနှင့်လှပနေသောမျက်ဝန်းတွေက သူနှင့်သိပ်ကို တူလွန်းသည်။ ပုံမှန်ကြုံနေကြအကြောင်းအရာတစ်ခုလိုသာဆို ထိုကဲ့သို့ ကျွန်တော့် ကမ္ဘာနှင့်မသက်ဆိုင်သူ သူမတို့လို အထက်တန်းကျမှုကို ကျွန်တော် အိပ်ယာအထက် လိုက်လျောခိုင်းမှုနှင့် ကျေနပ်လိုက်မိမှာ။ မတူတန်ဘူးဆိုသည့်မာနတရားများကို ကျွန်တော့်ကျွမ်းကျင်မှုနှင့် အနိုင်ပိုင်းလိုက်မိမှာ။ ကျွန်တော့်အရှေ့က မျက်ဝန်းလှလှ၊ နှုတ်ခမ်းဖူးဖူးနှင့် သူမက ပုံမှန်ဆို ကျွန်တော့် ခြေထောက်အောက် အော်ငြီးနေရမှာ။
ဒါပေမယ့် ။
ယခုတစ်ကြိမ်က ကျွန်တော် လိုချင်နေသည်က ပျော်ရွှင်မှုမို့။
ကျွန်တော် လိုအပ်နေသည်က အတ္တတစ်ခုမို့။

ဦးဆုံး(First)Where stories live. Discover now