ရုန်ယွိ၏အိမ်မက် - 4

492 111 0
                                    

Unicode ver

လူတိုင်းက အသံတစ်သံမှ မထွက်ရဲကြချေ။

ချီနန်က မမြင်ရပေမယ့် သူ့ကို စူးစိုက်ကြည့်နေတဲ့ မျက်ဝန်းတွေကိုတော့ ခံစားနိုင်ပါသေးသည်။

ချီနန်ကိုယ်တိုင်ကတော့ ကိုယ့်ကိုကိုယ် ကံကောင်းသည်လို့ ထင်ပြီး သူသဘောကျသလို ဇာတ်ညွှန်းကို သရုပ်ဆောင်မည်ဖြစ်သည်။

"အလောင်းကောင်လိုမျိုး သရုပ်ဆောင်တာနဲ့ လုံလောက်ရဲ့လား?" ချီနန်က သိချင်စွာမေးသည်။ သူက လူတွေ့စစ်ဆေး​​ခြင်းဆိုတဲ့ အဓိပ္ပါယ်ကို သိပ်နားမလည်​သေးဘူး။

ပိုင်ရင်ကျိက ချီနန်ရဲ့ တည်ငြိမ်နေမှုကို မကျေနပ်စွာနဲ့ အပြုံးတွေက အေးခဲသွားသည်။ " ဇာတ်ညွှန်းကို သေချာဖတ်ပြီး ဇာတ်ကောင်ကို သေချာနားလည်အောင်လုပ်ပါ။ ဒီမှာ အဓိကအချက်က အညှိုးကြီးပြီး ကြမ်းတမ်းတဲ့ တစ္ဆေဆီကနေ အသတ်ခံရဖို့ပဲ။ အလောင်းဖြစ်ဖို့က နောက်ဆုံးအဆင့်ပဲ။ မင်းကိုယ်မင်း သရုပ်ဆောင်တဲ့နေရာမှာ လုံးဝ မြှုပ်နှံ​​ပြီး သေချာသရုပ်​ဆောင်ရမယ်နော်။"

ချီနန်က ခနစဥ်းစားပြီး ထပ်မေးသည်။ "ဒါဆို ကျွန်တော်နှင့် အတူတူသရုပ်ဆောင်မယ့်လူ ရှိတာပေါ့။" ပိုင်ရင်ကျိက ဆံပင်တွေကို နောက်လှန်သပ်တင်ရင်းပြန်ဖြေသည်။ "ဒါပေါ့ ရှိတာပေါ့။ အချိန်တန်ရင် မင်းရဲ့ တွဲဖက်သရုပ်ဆောင်က မင်းကို လာရှာလိမ့်မယ်။"

"ဒါက အနိုင်ကျင့်တာ မဟုတ်ဘူးလား" ချီနန်ဘေးမှာထိုင်နေသည့် ဟေးချာက မတရားသလို ခံစားရတာကြောင့် ဝင်ပြောသည်။

သူက ပထမက မသန်စွမ်းကို အနိုင်ကျင့်တယ်လို့ ပြောချင်ပေမယ့် ချီနန်ခံစားချက်ကို ထည့်စဥ်းစားပြီး မသန်စွမ်းဆိုသည့် စာလုံးကို ချန်ထားခဲ့သည်။

ချီနန်က သူ့ပရိသတ်ဖြစ်ပြီး သူ့အသံကို ချက်ချင်းမှတ်မိတာကြောင့် ဟေးချာ ရင်ထဲ ထိနေခဲ့တာဖြစ်သည်။

အဲ့ဒီအပြင်ကို ဒီမျက်မမြင်ကောင်ငယ်လေးက နူးညံ့သိမ်မွေ့သည့် အရုပ်လေးလိုမျိုး ချစ်စရာ​ကောင်းလွန်းတာကြောင့် ကာကွယ်ချင်စိတ်တို့ ပေါ်လာသည်လေ။

အငိုသန်ကလေးလေး အိမ်မက်ဆိုးကမ္ဘာထဲ ရောက်လာပြီးသည့်နောက်Where stories live. Discover now