ရုန်ယွိ၏အိမ်မက် - 2

580 125 0
                                    

Unicode ver

ကားက တိတ်ဆိတ်သွားပြီး ချီနန်အသက်ရှုသံသာ ထွက်နေသည်။

Systemပြောပြတဲ့ အိမ်မ​က်နာမည်အရရော၊ driverရဲ့ပါးစပ်ကထွက်လာတဲ့ အိမ်ဟောင်းဆိုတာအရရော လက်ရှိရောက်နေသည့် နေရာက ယန်ဟုဗီလာခရိုင်က အိမ်အမှတ် 211နားမှာသာဖြစ်လိမ့်မည်။

လူ၁၃ယောက်သေဆုံးသွားသည့် ပိုင်ရင်ကျိရဲ့ မီးလောင်သွားတဲ့ စံအိမ်ကြီး

သံသတ္တုတွေထိခတ်တဲ့အသံပေါ်လာပြီး ချီနန်ထိုင်နေသည့်ဘက်မှ ကားတံခါးပွင့်သွားပြီး စိုစွတ်စွတ်လေထုက ကားထဲ ပျံ့နှံ့လာသည်။

ချီနန်ဘာမှမမြင်ရပေမယ့်လည်း အပြင်မှာမြူထူထပ်နေသည်ကိုတော့ ခန့်မှန်းနိုင်ပါသည်။

ချီနန်လည်း သူ့ဘေးမှ မျက်မမြင်လမ်းလျှောက်တုတ်ကိုယူလိုက်ပြီး ကားထဲမှ ထွက်လာကာ systemကို စိတ်ထဲမှမေးလိုက်သည်။ "systemက လူသစ်တွေအတွက် လမ်းညွှန်ချက်တွေမပေးဘူးလား။"

systemက အကြာကြီးတိတ်ဆိတ်နေပြီးမှ ပြန်ဖြေသည်။

"လူသစ်အတွက်လမ်းညွှန်ချက်ဆိုတာမျိုး မရှိပါဘူး။ သင်က တစ်ခုခုလိုအပ်လို့လား။ အကယ်၍ တစ်ခုခုလိုအပ်တယ်ဆို တောင်းဆိုနိုင်ပြီး system က ဖြည့်ဆည်းပေးနိုင်စွမ်းရှိမရှိ ပြန်ဆုံးဖြတ်ပါမယ်။"

ချီနန် "ငါလမ်းပြလိုနေတယ်။"

ဘယ်လိုပဲဖြစ်ဖြစ် သူက မြင်မှမမြင်နိုင်တာ။

system က တိုက်ရိုက် ငြင်းဆိုလိုက်သည်။ "ဝမ်းနည်းစရာကောင်းစွာနဲ့ မဖြည့်ဆည်းပေးနိုင်ပါဘူး။ အိမ်မက်ဆိုးထဲမှာ လှည့်ပတ်စစ်ဆေးကြည့်ရှုဖို့က အိမ်မက်ခရီးသွားရဲ့ အရေးကြီးတဲ့ missionဖြစ်ပြီး systemက မကူညီနိုင်ပါဘူး။"

ထို့နောက် systemရဲ့ အသံက လုံးဝ တိတ်ကျသွားသည်။

ချီနန် ". . ."

ချီနန် သက်ပြင်းသာချလိုက်ပြီး ဖုန်းထုတ်ကာ အသံစနစ်​​​ဖြင့် gpsကိုသာ ချိတ်ဆက်လိုက်သည်။ ကားကထိပ်မှာသာရပ်ထားပြီး သူ့ကို စံအိမ်ထဲထိလိုက်မပို့သွားဘူးလေ။

"ယန်ဟုဗီလာ No 211ကိုသွားမယ်"

"လမ်းညွှန်ရန် ပြင်ဆင်နေပါသည်။ ကျွန်ုပ်တို့က သင့်လုံခြုံမှုအတွက် အမြဲအတူရှိနေမှာပါ။"

အငိုသန်ကလေးလေး အိမ်မက်ဆိုးကမ္ဘာထဲ ရောက်လာပြီးသည့်နောက်Kde žijí příběhy. Začni objevovat