ရုန်ယွိ၏အိမ်မက် - 12

450 123 2
                                    

Unicode ver. . .

ပုံမှန်အနုပညာကျောင်းဆင်းတစ်ယောက်လိုပဲ ပိုင်ရင်ကျိက နောက်ခံကောင်းကောင်းမရှိတဲ့ အဆင့်၁၈ အနုပညာရှင်ငယ်လေးတစ်ယောက်အဖြစ် နှစ်အတန်ကြာ ရှိနေခဲ့သည်။

ရုပ်ရှင်တွေမှာ မျက်နှာကောင်းကောင်းမပြရတော့ ဇာတ်ညွှန်းကောင်းကောင်းက သူ့ဆီမလာ၊ ဇာတ်ညွှန်းကောင်း​ကောင်းမရှိတော့ မျက်နှာပြခွင့်မရ ဒါက အနုပညာလောကရဲ့ ရက်စက်တဲ့ သံသရာပင်ဖြစ်သည်။

အမှန်တော့ သူလိုအပ်ခဲ့တာ အခွင့်အရေးကောင်းတစ်ခုဖြစ်သည်။

နောက်တော့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့ မိတ်ဆက်ပေးမှုကြောင့် ကံကောင်းမှုကို ခိုးယူနိုင်တဲ့နည်းလမ်းကို သိခဲ့ရသည်။

သိပ်မကြာခင်မှာပဲ အခွင့်အရေးတစ်ခုရလာခဲ့သည်။

သူက ပိုပိုအောင်မြင်လာခဲ့ပြီး အခွင့်အရေးတွေကို ပိုပိုလိုချင်လာခဲ့သည်။ လိုအင်ဆန္ဒ....  ဒါက အဆုံးမရှိပေ။ သူက မထိန်းချုပ်နိုင်တော့ပဲ နောက်ဆုံး မကောင်းဆိုးရွားနဲ့ပါ ချိတ်ဆက်မိသွားခဲ့သည်။

ဒါပေမယ့် သူမ အအောင်မြင်ဆုံးအချိန်မှာပဲ မကောင်းဆိုးရွားက ပြန်လည်ပေးဆပ်ဖို့ တောင်းဆိုလာသည်။ ပထမတော့ အိမ်မက်ဆိုးတစ်ချို့သာဖြစ်ပြီး နောက်တော့ အိမ်မက်ဆိုးတွေက တစ်ခုပြီးတစ်ခု လက်တွေ့ဖြစ်လာခဲ့သည်။ တစ်ကြိမ်တွင်တော့ အိမ်အပြန်လမ်းမှာ ဘိလတ်မြေကားနဲ့ပင် ဝင်တိုက်လုနီးပါးအခြေအနေထိ ရောက်လာသည်။

ဒီအတိုင်းဆက်ဖြစ်နေရင် အကျိုးဆက်ကို ခံစားနိုင်မှာမဟုတ်တော့ဘူး။

သူက သူ့ဘဝနဲ့ ပြန်မပေးဆပ်ချင်တာကြောင့် မကောင်းဆိုးရွားကို အစားထိုးပေးမည်ဟု ညှိနှိုင်းခဲ့သည်။

သူက အမှောင်မိုက်ဆုံးနေ့မှာ ကိုယ်ဝန်ဆောင်ခဲ့ပြီး ကိုယ်ဝန်ဆောင်စဥ်နေ့တိုင်း နွားသွေးလတ်လတ်ဆတ်ဆတ်ကို သောက်သည်။ ယင်အဆီအနှစ်တွေကိုလည်း ဗိုက်ကို လိမ်းကျံပေးပြီး အစားထိုးပေါက်ဖွားလာမည့်ရက်ကို လက်ချိုးရေတွက်နေခဲ့သည်။
(Mtlမို့လို့လားတော့မသိဘူး။ ဒီမှာ bornတောင်မသုံးဘဲ hatchedကိုသုံးထားတာရယ် ပိုင်ရင်ကျိက တကယ့်မိစ္ဆာမကြီး သားအရင်းတောင် လူလို့မမြင်ဘူး)

အငိုသန်ကလေးလေး အိမ်မက်ဆိုးကမ္ဘာထဲ ရောက်လာပြီးသည့်နောက်Where stories live. Discover now