ရုန်ယွိ၏ အိမ်မက် - 14

987 162 35
                                    

Unicode ver. . .

ထိုစကားသံကြောင့် ချန်ရှုတိုက်ခိုက်နေတာ ရပ်သွားပြီး နမ်လုကလည်း ခဲတောင့်သွားသည်။ သူမက အသံတုန်တုန်နဲ့ ဆိုလာသည်။ "ရှင်တို့ ကင်မရာကို တစ်ခုခုမလုပ်ထားဘူးဆိုတာ ဘယ်လိုလုပ်သိမှာလဲ?"

ရှောင်ရုန်ယွိလေးက ရယ်လိုက်သည်။ "အစ်မ၊ မကြည့်ရဲဘူးလား?"

"ဘာလို့ မကြည့်ရဲရမှာလဲ?" သူမက ခပ်တည်တည်ဖြေလိုက်ပေမယ့် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။

ရှောင်ရုန်ယွိလေးက ဖြူစင်စွာပြုံးလိုက်ပြီး အသံအနည်းငယ်မြှင့်အော်လိုက်သည်။ "အန်တီမေ့ရေ၊ ဧည့်သည်တွေက လုံခြုံရေးကင်မရာကို ကြည့်ချင်လို့တဲ့"

သူ့စကားအဆုံးမှာ မီးမှောင်ကျသွားပြီး တောင်ဘက်က နံရံကလင်းလာပြီး အဖြစ်အပျက်တွေကို စတင်ပြသတော့သည်။

လူတိုင်းက ဗီဒိယိုကို အာရုံစိုက်နေကြသည်။ ချီနန်က မမြင်နိုင်ပေမယ့် ကြည့်နေတဲ့လူတွေ အသက်ရှူမြန်လာတာကိုတော့ ခံစားသိနေသည်။ နမ်လုက အငိုရပ်သွားပြီး ကြောက်လန့်စွာ ပြောလာသည်။ "ရပ်လိုက်၊ ဒါက အလိမ်အညာတွေ။ အကုန်အလိမ်တွေ "

သူမအသံက ပိုကျယ်လာပြီး စိတ်လှုပ်ရှားမှုကြောင့် စကားပြောနှုန်းကလည်း ပိုမြန်လာသည်။ "အစ်ကိုချန်၊ ကျွန်မကို ယုံရမယ်နော်။ ကျွန်မက အစ်မအားရန်ကို ဘာမှမလုပ်ခဲ့ပါဘူး။ ကျွန်မက ဘယ်လိုလုပ်ပြီး..."

ချန်ရှုက သား​ကောင်တစ်ကောင်ကို ကြည့်သလို အေးစက်စူးရဲစွာ ကြည့်လိုက်သည်။ နမ်လု ထိတ်လန့်သွားပြီး နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်သည်။

ချန်ရှုက သူမကို အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲချင်နေကြောင်း သူမသိသည်။

"အဲ့မျက်မမြင်ကောင်က ရှင်တို့ကိုညာနေတာ။ မကြည့်ကြနဲ့။ ရပ်လိုက်.. ရပ်လိုက်တော့" သူမ ပြောရင်း ဒေါသထွက်လာပြီး ပြသနေတဲ့နံရံကို ခုံနဲ့ရိုက်လိုက်သည်။

စိတ်မကောင်းစရာက ဗီဒီယိုက မရပ်သွားဘဲ ဆက်လက်ပြနေဆဲ​ဖြစ်သည်။ လူတိုင်းက သူမ အားရန်လည်ပင်းကို ဖြတ်လိုက်တာရော၊ ဆံပင်ရှည်က ဆွဲကိုင်ပြီး မြူတွေထဲ ကန်ထုတ်လိုက်တာကိုပါ ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။

Has llegado al final de las partes publicadas.

⏰ Última actualización: Mar 11, 2022 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

အငိုသန်ကလေးလေး အိမ်မက်ဆိုးကမ္ဘာထဲ ရောက်လာပြီးသည့်နောက်Donde viven las historias. Descúbrelo ahora