ရုန်ယွိ၏အိမ်မက် - 8

468 118 0
                                    

Unicode ver. . .

ခနလောက် ပိုင်ရင်ကျိရဲ့မျက်နှာပေါ်မှာ ထိန်းချုပ်မထားနိုင်တဲ့ ကြောက်လန့်မှုပေါ်လာခဲ့သည်။

ဒါပေမယ့် သူမက လျင်လျင်မြန်မြန် ပြန်ဖုံးကွယ်လိုက်ပြီး အိတ်ထဲထဲကလက်ကိုလည်း ပြန်ရုတ်လိုက်သည်။

မီးကုန်ယမ်းကုန်ချဖို့ပြင်ဆင်ထားသည့် ဟေးချာလည်း နည်းနည်းကြောင်သွားပြီး အသံလာရာဘက်ကို လှည့်ကြည့်လိုက်သည်။

ယခင်က ဘာမှမရှိခဲ့သည့် အခန်းလွတ်ထဲတွင် အခုတော့ ၈နှစ် ၉နှစ်အရွယ်ကောင်လေးတစ်ယောက်ရှိနေသည်။ ကောင်လေး၏မျက်နှာက ပြီးပြည့်စုံစွာ ချောမောနေပြီး ​အသားအရည်ဖျော့တော့နေသည်မှာ အသက်ရှင်နေသည့် လူသားတစ်ယောက်နဲ့ပင် မတူတော့ပေ။ သူက နာရီရှိသည့်နံရံကို မှီထားပြီး တစ်ချက်အထိမှာ ကွဲကြေသွားနိုင်သည့် ပါးလျလျ ကြွေထည်လေးအလားပင်။

သေချာပေါက် ရုန်ယွိပဲပေါ့။

"အမေ၊ ဒီကိုကို့ကို အခန်းထဲခေါ်ကစားလို့ရလားဟင်?" ကောင်လေး၏အသံက နောက်တစ်ကြိမ်ထွက်ပေါ်လာသည်။

ချီနန်မမြင်နိုင်ပေမယ့် သူ့အပေါ်ကျရောက်နေသည့် တစ်ဖက်လူ၏ အကြည့်ကို ခံစားနိုင်ပါသည်။ သိမ်မွေ့ပေမယ့် စူးရဲသောခံစားမှု မြင်နိုင်စွမ်း၏တစ်ဖက်ကမ်းဆီသို့ပင် စိုက်ကြည့်နေသယောင်။

ပိုင်ရင်ကျိအပြုံးက တစ်ဖန်ပြန်ပေါ်လာပြီဖြစ်သည်။ သူမက အခန်းထဲဝင်လာပြီး ရှောင်ရုန်ယွိလေး၏ရှေ့ထိုင်ချကာ နူးညံ့စွာပြောလေသည်။ "သေချာတာပေါ့။ သားဖေဖေနဲ့ မေမေက အလုပ်တွေ အမြဲရှုပ်​နေတာ။ သားနဲ့ကစားပေးမဲ့လူရှိတာကောင်းတာပေါ့။ ဒါပေမယ့်..." ပိုင်ရင်ကျိက ချီနန်ဘက်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ "ဒီကိုကိုက 'အလုပ်' လုပ်စရာရှိနေတယ်။ အဲ့ဒါ သားကသူ့ကိုနှောင့်ယှက်လို့မဖြစ်ဘူးလေ။ သားဆီမှာ အချိန်ကုန်နေရင် အလုပ်မပြီးဘူးဖြစ်မှာပေါ့။"

ချီနန်က ယဥ်ကျေးစွာဝင်ပြောသည်။ "အချိန်မကုန်ပါဘူး။ ကျွန်တော်လည်း သခင်လေးကို အရမ်း သဘောကျတယ်လေ။"

ရှောင်ရုန်ယွီလေးက ခေါင်းလေးစောင်းပြီး နှုတ်ခမ်းလေးတွေက ကွေးညွတ်သွားသည်။ "သားလည်း ကိုကို့ကို အရမ်းသဘောကျတာပဲ။"

အငိုသန်ကလေးလေး အိမ်မက်ဆိုးကမ္ဘာထဲ ရောက်လာပြီးသည့်နောက်Opowieści tętniące życiem. Odkryj je teraz