Unicode ver. . .
"ဘာလို့လဲ?" ချီနန်က ပုံမှန်ခံစားချက်မရှိတဲ့အသံနဲ့ မေးလိုက်သည်။
"ဟမ်" သူမက တစ်ခါမှ အခုလို အေးစက်စက် ဆက်ဆံမခံရဖူးတာကြောင့် နေရာမှာတင် ကြောင်သွားသည်။
"ဒါ... ဒါက... ဘာဖြစ်လို့လဲဆိုတော့.... ကျွန်မကြောက်လို့.... ကျွန်မကြောက်လို့ပါ ရှင့်ပုံစံက ဘာမှ မကြောက်တတ်တဲ့ပုံဆိုတော့..."နမ်လုက နှုတ်ခမ်းကိုက်ရင်း တုန်ယင်စွာပြောလိုက်သည်။ ထို့နောက် ချီနန်နဲ့ ဆက်ဆံရေးကောင်းတဲ့ ဟေးချာကို သူမဘက်က ကူပြောပေးဖို့ လှမ်းကြည့်လိုက်သည်။
ဒါပေမယ့် ဟေးချာက အဲ့လိုနှပ်ချလို့ရတဲ့ ကလေးတစ်ယောက်မဟုတ်ပါပေ။ "ချီနန်က အခု နေမကောင်းဘူး။ သူ့ကို ခနလောက်အနားယူခိုင်းထားတာ ပိုကောင်းတယ်"
နမ်လု ". . ." ဟေးချာသူမဘက်က မလိုက်ပေးဘူးလို့ မမျှော်လင့်ထားမိခဲ့ပေ။
စုန်းယွဲ့က မျက်လုံးတွေနီရဲပြီး တုန်ယင်ကြောက်လန့်နေတဲ့ နမ်လုကိုကြည့်ပြီး "နင်လည်းခနနားလိုက်ပါလား။ နင့်စိတ်ကိုငြိမ်အောင်မထိန်းနိုင်ရင် နိုးထမှုအမှတ်ပေါ် သက်ရောက်မှုရှိလိမ့်မယ်"
နမ်လု "ဒါ...ဒါပေမယ့် အစ်မအားရန်က ပျောက်နေတုန်းလေ"
စုန်းယွဲ့ "အိမ်က အဲ့လောက်မကြီးပါဘူး။ ငါတို့တွေပဲလည်း လူတစ်ယောက်ကို ရှာနိုင်ပါတယ်"
နမ်လုစဥ်းစားပြီး တွန့်ဆုတ်ဆုတ်နဲ့ပဲ လက်ခံလိုက်သည်။
ဟေးချာ "အဲ့ဒါဆို ကျွန်တော်နဲ့ လောင်ယုက တစ်ဖွဲ့နေမယ်။ စုန်းယွဲ့က...."
အမျိုးသား "ကျွန်တော့်နာမည် ရှုကျင်းပါ"
အဖွဲ့ခွဲပြီးတော့ သူတို့က ဘယ်နေရာတွေရှာမယ်ဆိုတာပါ ဆွေးနွေးပြီး ထွက်သွားကြသည်။ လူတွေထွက်သွားတော့ နမ်လုက အကူအညီမဲ့ပြီး ကိုယ့်ကိုကိုယ်အပြစ်တင်နေတဲ့ မျက်နှာပေးနဲ့ ချီနန်ရှေ့ထိုင်ချလိုက်သည်။
သနားစရာကောင်းတာက ချီနန်က မျက်စိမမြင်ရတာကြောင့် နမ်လုရဲ့ သနားစရာကောင်းတဲ့ ဟန်ပန်ကို သတိမပြုမိပေ။
YOU ARE READING
အငိုသန်ကလေးလေး အိမ်မက်ဆိုးကမ္ဘာထဲ ရောက်လာပြီးသည့်နောက်
Mystery / ThrillerTranslate from mtl Original Title After the little crybaby enters the nightmare cycle Chapter - 127