ငါ့မိဖုရား-1
ငါက ဧကရာဇ်တစ်ပါး။ ငါက စစ်ပွဲတွေ အများကြီးကို ကြုံဖူးတယ်။ ငါ ဒီနေရာကို ရလာခဲ့တာကလည်း အသက်တွေ အများကြီးကို ကျော်ဖြတ်ပြီးတော့ပဲလေ။ ဒါပေမဲ့ ငါ ဘယ်တော့မှ မငြိမ်းနိုင်တဲ့ စစ်အေးတိုက်ပွဲကိုလည်း တွေ့ကြုံနေရတယ်။
ဟုတ်တယ်။ အဲဒါက ငါ့မိဖုရားပဲ။ သူက နန်းတော်ရဲ့ အနောက်နန်းဆောင်မှာ နေခွင့်ရတဲ့ တစ်ဦးတည်းသော အမျိုးသားပဲ။ အခုလည်း သူက..။
"ဧကရာဇ်ကို ဂါရဝပြုပါတယ်"
ငါ့ကို ဒူးညွှတ်အရိုအသေပေးတယ်။ ဒါပေမဲ့ ငါသိသားပဲ။ သူက ငါ့ကို တကယ်ရိုသေလေးစားနေတာမျိုး မဟုတ်ပါဘူး။
"ထပါ.."
ငါ သူ့ကို ဆွဲထူလိုက်ပြီးတော့ ပခုံးကို တင်းတင်းဖျစ်ညစ်လိုက်မိတယ်။ ငါ့မိဘုရားရဲ့အရပ်က ငါနဲ့ မတိမ်းမယိမ်းပဲ။ သူက နူးညံ့ပျော့ပျောင်းမနေတဲ့ အမျိုးသားဖြစ်တယ်။
သန်မာတယ် ထက်မြက်တယ်။ ကိုယ်ကျိုးစွန့်ရဲတယ်။ အရာအားလုံး ပြီးပြည့်စုံနေတာပါပဲ။ ငါ့ကို မချစ်တာကလွဲရင်ပေါ့။
အရင်ကတော့ ငါလည်း ငါ့မိဖုရား ငါ့ကို မချစ်တာကို တကယ် မလိုလားခဲ့ဘူး။ ဒါပေမဲ့ အခုချိန်မှာတော့ အဲလို မဟုတ်တော့ဘူး။ ပြောရရင် ငါ နေသားကျသွားပြီ။ ငါကပဲ ချစ်ပေးရလည်း ကိစ္စမရှိဘူး။ ငါကပဲ နူးညံ့ပေးရလည်း ကိစ္စမရှိဘူး။ သူသာ ငါ့အနားမှာ ရှိနေမယ် ဆိုရင် ကျန်တာအားလုံးကို ငါ ထားလိုက်နိုင်တယ်။
ဖြည်းဖြည်းပေါ့။ သူက ငါ့ကို ဖြည်းဖြည်းချင်း ချစ်လာလိမ့်မယ်။ တကယ်လို့ မချစ်ဘူး ဆိုရင်လည်း ကိစ္စမရှိပါဘူး။ ငါကပဲ ချစ်ပေးမယ်။ ငါကပဲ သူ့ကို နည်းနည်းလျော့တာပေါ့။ ငါ သူ့ကို ရခဲ့ပြီးပြီပဲ။ ကျန်တာ ထားလိုက်ပါတော့။
"မင်း ပိန်သွားပြန်ပြီ"
ငါ ရင်နာနာနဲ့ ပြောလိုက်မိတယ်။ သူက ထပ်ပိန်သွားပြန်ပြီ။ သူ ငါ့ဆီကို ရောက်လာတာ သုံးနှစ်ရှိပြီ။ သူက တဖြည်းဖြည်းနဲ့ ပိန်လာတယ်။ ငါ သူ့ကို စမြင်တုန်းကဆိုရင် သူက တကယ်ကို အသားပြည့်ပြည့်နဲ့ တက်ကြွနေတဲ့ လူငယ်လေး တစ်ယောက်ပဲ။
@@@@@
ငါ့မိဖုရား-1
ငါက ဧကရာဇ္တစ္ပါး။ ငါက စစ္ပြဲေတြ အမ်ားၾကီးကို ၾကံဳဖူးတယ္။ ငါ ဒီေနရာကို ရလာခဲ့တာကလည္း အသက္ေတြ အမ်ားၾကီးကို ေက်ာ္ျဖတ္ျပီးေတာ့ပဲေလ။ ဒါေပမဲ့ ငါ ဘယ္ေတာ့မွ မျငိမ္းႏုိင္တဲ့ စစ္ေအးတိုက္ပြဲကိုလည္း ေတြ႕ၾကံဳေနရတယ္။
ဟုတ္တယ္။ အဲဒါက ငါ့မိဖုရားပဲ။ သူက နန္းေတာ္ရဲ႕ အေနာက္နန္းေဆာင္မွာ ေနခြင့္ရတဲ့ တစ္ဦးတည္းေသာ အမ်ိဳးသားပဲ။ အခုလည္း သူမက..။
"ဧကရာဇ္ကို ဂါရဝျပဳပါတယ္"
ငါ့ကို ဒူးညႊတ္အရိုအေသေပးတယ္။ ဒါေပမဲ့ ငါသိသားပဲ။ သူက ငါ့ကို တကယ္ရိုေသေလးစားေနတာမ်ိဳး မဟုတ္ပါဘူး။
"ထပါ.."
ငါ သူ႔ကို ဆြဲထူလုိက္ျပီးေတာ့ ပခံုးကို တင္းတင္းဖ်စ္ညစ္လိုက္မိတယ္။ ငါ့ဧကရီရဲ႕အရပ္က ငါနဲ႔ မတိမ္းမယိမ္းပဲ။ သူက ႏူးညံ့ေပ်ာ့ေပ်ာင္းမေနတဲ့ အမ်ိဳးသားျဖစ္တယ္။
သန္မာတယ္ ထက္ျမက္တယ္။ ကိုယ္က်ိဳးစြန္႔ရဲတယ္။ အရာအားလံုး ျပီးျပည့္စံုေနတာပါပဲ။ ငါ့ကို မခ်စ္တာကလြဲရင္ေပါ့။
အရင္ကေတာ့ ငါလည္း ငါ့မိဖုရား ငါ့ကို မခ်စ္တာကို တကယ္ မလိုလားခဲ့ဘူး။ ဒါေပမဲ့ အခုခ်ိန္မွာေတာ့ အဲလို မဟုတ္ေတာ့ဘူး။ ေျပာရရင္ ငါ ေနသားက်သြားျပီ။ ငါကပဲ ခ်စ္ေပးရလည္း ကိစၥမရွိဘူး။ ငါကပဲ ႏူးညံ့ေပးရလည္း ကိစၥမရွိဘူး။ သူသာ ငါ့အနားမွာ ရွိေနမယ္ ဆိုရင္ က်န္တာအားလံုးကို ငါ ထားလုိက္ႏုိင္တယ္။
ျဖည္းျဖည္းေပါ့။ သူက ငါ့ကို ျဖည္းျဖည္းခ်င္း ခ်စ္လာလိမ့္မယ္။ တကယ္လို႔ မခ်စ္ဘူး ဆိုရင္လည္း ကိစၥမရွိပါဘူး။ ငါကပဲ ခ်စ္ေပးမယ္။ ငါကပဲ သူ႔ကို နည္းနည္းေလ်ာ့တာေပါ့။ ငါ သူ႔ကို ရခဲ့ျပီးျပီပဲ။ က်န္တာ ထားလုိက္ပါေတာ့။
"မင္း ပိန္သြားျပန္ျပီ"
ငါ ရင္နာနာနဲ႔ ေျပာလုိက္မိတယ္။ သူက ထပ္ပိန္သြားျပန္ျပီ။ သူ ငါ့ဆီကို ေရာက္လာတာ သံုးႏွစ္ရွိျပီ။ သူက တျဖည္းျဖည္းနဲ႔ ပိန္လာတယ္။ ငါ သူ႔ကို စျမင္တုန္းကဆိုရင္ သူက တကယ္ကို အသားျပည့္ျပည့္နဲ႔ တက္ၾကြေနတဲ့ လူငယ္ေလး တစ္ေယာက္ပဲ။
@@@@@
YOU ARE READING
ငါ့မိဖုရား/ငါ့မိဖုရား
Romanceဘုရင်တစ်ပါးက သူ့မိဖုရားကို ဘယ်လို ရယူထားတယ်။ ဆိုတာနဲ့ နောက်ဆုံးအထိ ဘယ်လို ကာကွယ်ပေးမလဲ ဆိုတာလေးပါ။ အတိုလေးပါ။ တကယ်တိုပါတယ်။ အစအဆုံးအထိပါပဲ။ ဘုရင္တစ္ပါးက သူ႔မိဖုရားကို ဘယ္လုိ ရယူထားတယ္။ ဆိုတာနဲ႔ ေနာက္ဆံုးအထိ ဘယ္လို ကာကြယ္ေပးမလဲ ဆုိတာေလးပါ။ အတိုေလး...