ငါ့မိဖုရား-3

3.5K 349 0
                                    

ငါ့မိဖုရား-3

ငါ သူတို့ တိုင်းပြည်ကို ရာဇသံပေးလိုက်တယ်။ သူတို့ရဲ့ အိမ်ရှေ့မင်းသားဟောင်းကို ငါ့ဆီကို ဆက်သရင် ဆယ်နှစ်စာ စစ်ပွဲရပ်ပေးဖို့ ငြိမ်းချမ်းရေးလက်မှတ်ထိုးပေးမယ်လို့ပေါ့။ မဟုတ်လည်း အဲဒီလို အင်အားလျော့ကျသွားတဲ့ တိုင်းပြည်ကို ငါက စစ်ကစားဖို့အတွက် စိတ်မဝင်စားတော့ပါဘူး။

နောက်ဆယ်နှစ်မှာ ငါ့သားတော်က ဒါကို စိတ်ဝင်စားမလားတော့ ငါ မပြောနိုင်ဘူး။ ငါ့သားတော်ကို ငါက ကောင်းကောင်း ပြုစုပျိုးထောင်ထားပြီးသားလေ။ ငါ့ထီးနန်းရဲ့နောင်ရေးကို ငါက တွေးပူနေဖို့ မလိုဘူး။

သူ့တိုင်းပြည်ကို ရာဇသံပေးပြီးတဲ့နောက်မှာ သူက ငါ့ဆီကို အလံဖြူဆက်သလာပြီးတော့ ငါ့နန်းတော်ကို လိုက်ပါလာတယ်။ သူနဲ့ငါနဲ့ ချစ်ကျီစယ်တာ လေးနှစ်တာတောင်မှ ကြာခဲ့တယ်။ သူ ငါ့နန်းတော်ထဲကို ဝင်လာတော့ သူ့အသက်က နှစ်ဆယ်တောင် ရှိသွားပြီ။ ငါ့အသက်လည်း အရင််ထက် ပိုပြီး လေးနှစ်တောင် ကြီးလာပြီလေ။

ငါ့နန်းတော်ထဲကို သူ ဝင်လာပေမဲ့ သူက ငါ့အမေဆီကနေ နှစ်သက်တာကို မရရှိခဲ့ပါဘူး။ သူက အမျိုးသားကိုး။ ငါ့အမေက အမျိုးသားကြင်ရာတော်တွေကို သဘောမကျတာ မသိမသာလေးမှ မဟုတ်တာ။ ငါ့အမေက ပြောပါတယ်။ အမျိုးသားတွေက ကလေးမမွေးနိုင်ဘူးတဲ့။

ငါ့အတွေးက နည်းနည်းရိုးရှင်းတယ်။ ကလေးမွေးနိုင်တဲ့သူတွေက ငါ့အတွက် ကလေးမွေးပေးပြီးနေပြီလေ။ ဘာလို့များ သူ့ဆီကနေ ကလေးတွေ ထပ်တောင်းနေရအုံးမှာလဲ။ စိတ်ရှုပ်လို့။

သူနဲ့ငါနဲ့ ဓားတွေ လှံတွေ ဗျူဟာတွေ သုံးပြီး တိုက်ခိုက်မှုကနေ လက်နက်တွေ မပါတဲ့ စစ်အေးတိုက်ပွဲကို ဆင်နွဲတော့တာပဲ။ သူက ပေကပ်ကပ်နိုင်တယ်။ အမြဲတမ်းတိတ်ဆိတ်နေပြီးတော့ နှင်းလွင်ပြင်လိုမျိုး အေးစက်နေတယ်။ ဘယ်တော့မှလည်း လိုက်လျောညီထွေမှု မရှိဘူး။

ကြာလာတော့ တစ်ခါတလေ ငါက သည်းမခံနိုင်တာမျိုး ဖြစ်လာတယ်။ ငါ သူနဲ့ ဆုံမိတိုင်းမှာ ပြဿနာတစ်ခု မဟုတ် တစ်ခုပဲ။ ငါ ရင်နာရလွန်းလို့ သူ့ဆီ မသွားဘဲ နေတော့လည်း နန်းတော်ထဲမှာ သူ့ကို နင်းခြေချင်တဲ့သူတွေ များတယ်။

သူက အရင်ကလို တက်ကြွတဲ့ လူငယ်လေး မဟုတ်တော့ဘူး။ အေးစက်နေတဲ့ ရေခဲတုံးလိုမျိုး ပြောင်းလဲသွားတယ်။

@@@@@

ငါ့မိဖုရား-3

ငါ သူတို႔ တိုင္းျပည္ကို ရာဇသံေပးလိုက္တယ္။ သူတုိ႔ရဲ႕ အိမ္ေရွ႕မင္းသားေဟာင္းကို ငါ့ဆီကို ဆက္သရင္ ဆယ္ႏွစ္စာ စစ္ပြဲရပ္ေပးဖို႔ ျငိမ္းခ်မ္းေရးလက္မွတ္ထိုးေပးမယ္လို႔ေပါ့။ မဟုတ္လည္း အဲဒီလို အင္အားေလ်ာ့က်သြားတဲ့ တိုင္းျပည္ကို ငါက စစ္ကစားဖို႔အတြက္ စိတ္မဝင္စားေတာ့ပါဘူး။

ေနာက္ဆယ္ႏွစ္မွာ ငါ့သားေတာ္က ဒါကို စိတ္ဝင္စားမလားေတာ့ ငါ မေျပာႏုိင္ဘူး။ ငါ့သားေတာ္ကို ငါက ေကာင္းေကာင္း ျပဳစုပ်ိဳးေထာင္ထားျပီးသားေလ။ ငါ့ထီးနန္းရဲ႕ေနာင္ေရးကို ငါက ေတြးပူေနဖို႔ မလိုဘူး။

သူ႔တိုင္းျပည္ကို ရာဇသံေပးျပီးတဲ့ေနာက္မွာ သူက ငါ့ဆီကို အလံျဖဴဆက္သလာျပီးေတာ့ ငါ့နန္းေတာ္ကို လိုက္ပါလာတယ္။ သူနဲ႔ငါနဲ႔ ခ်စ္က်ီစယ္တာ ေလးႏွစ္တာေတာင္မွ ၾကာခဲ့တယ္။ သူ ငါ့နန္းေတာ္ထဲကို ဝင္လာေတာ့ သူ႔အသက္က ႏွစ္ဆယ္ေတာင္ ရွိသြားျပီ။ ငါ့အသက္လည္း အရင္္ထက္ ပိုျပီး ေလးႏွစ္ေတာင္ ၾကီးလာျပီေလ။

ငါ့နန္းေတာ္ထဲကို သူ ဝင္လာေပမဲ့ သူက ငါ့အေမဆီကေန ႏွစ္သက္တာကို မရရွိခဲ့ပါဘူး။ သူက အမ်ိဳးသားကိုး။ ငါ့အေမက အမ်ိဳးသားၾကင္ရာေတာ္ေတြကို သေဘာမက်တာ မသိမသာေလးမွ မဟုတ္တာ။ ငါ့အေမက ေျပာပါတယ္။ အမ်ိဳးသားေတြက ကေလးမေမြးႏိုင္ဘူးတဲ့။

ငါ့အေတြးက နည္းနည္းရိုးရွင္းတယ္။ ကေလးေမြးႏုိင္တဲ့သူေတြက ငါ့အတြက္ ကေလးေမြးေပးျပီးေနျပီေလ။ ဘာလို႔မ်ား သူ႔ဆီကေန ကေလးေတြ ထပ္ေတာင္းေနရအံုးမွာလဲ။ စိတ္ရႈပ္လို႔။

သူနဲ႔ငါနဲ႔ ဓားေတြ လွံေတြ ဗ်ဴဟာေတြ သံုးျပီး တိုက္ခိုက္မႈကေန လက္နက္ေတြ မပါတဲ့ စစ္ေအးတုိက္ပြဲကို ဆင္ႏြဲေတာ့တာပဲ။ သူက ေပကပ္ကပ္ႏုိင္တယ္။ အျမဲတမ္းတိတ္ဆိတ္ေနျပီးေတာ့ ႏွင္းလြင္ျပင္လိုမ်ိဳး ေအးစက္ေနတယ္။ ဘယ္ေတာ့မွလည္း လိုက္ေလ်ာညီေထြမႈ မရွိဘူး။

ၾကာလာေတာ့ တစ္ခါတေလ ငါက သည္းမခံႏုိင္တာမ်ိဳး ျဖစ္လာတယ္။ ငါ သူနဲ႔ ဆံုမိတုိင္းမွာ ျပႆနာတစ္ခု မဟုတ္ တစ္ခုပဲ။ ငါ ရင္နာရလြန္းလို႔ သူ႔ဆီ မသြားဘဲ ေနေတာ့လည္း နန္းေတာ္ထဲမွာ သူ႔ကို နင္းေျခခ်င္တဲ့သူေတြ မ်ားတယ္။

သူက အရင္ကလို တက္ၾကြတဲ့ လူငယ္ေလး မဟုတ္ေတာ့ဘူး။ ေအးစက္ေနတဲ့ ေရခဲတံုးလိုမ်ိဳး ေျပာင္းလဲသြားတယ္။

@@@@@

ငါ့မိဖုရား/ငါ့မိဖုရားМесто, где живут истории. Откройте их для себя