ငါ့မိဖုရား-4
"ချီဟိုက်.. မင်း တစ်ရက် တစ်ရက် ဒီလိုမျိုးနဲ့ ပိန်သွားတာက ငါကိုယ်တော်ကို ပုန်ကန်နေတာလား"
"ကျွန်တော် မလုပ်ရဲပါဘူး"
သူက ငါ့ကို မလုပ်ရဲပါဘူးလို့ မျက်နှာပြောင်တိုက်ပြီး ညာတယ်။ သူ မလုပ်ရဲတာ ဘာရှိလို့လဲ။ သူ နေ့တိုင်း ငါ့ကို လုပ်ကြံဖို့ ကြိုးစားနေတာ နန်းတော်ထဲမှာ ဘယ်သူ မသိလို့လဲ။ နောက်ဆုံး သူ့ကို ဒီနန်းဆောင်ထဲကနေ ဘယ််မှ မသွားနိုင်အောင် ခြေကျင်းခတ်နှိပ်ထားလိုက်ရတဲ့အထိပဲ။
ညတိုင်း ညတိုင်း ငါ့ရဲ့အောက်မှာ ငါးအသေလိုမျိုး အံကြိတ်ပြီးတော့ တောင့်တင်းနေတယ်။ တစ်ခါတလေ သူ့ဆီကနေ တုုံ့ပြန်မှု တစ်ခုလေး ရချင်လို့ သူ့ကို ပိုပြီး နာအောင် လုပ်လိုက်မိပြီးရင် ရင်နာရတာက ငါပဲ။ သူ့ခန္ဓာကိုယ်ရဲ့ သွေးသားဆန္ဒကိုတောင်မှ သူက ရူးလောက်အောင် ချုပ်ထိန်းထားနိုင်တယ်။ မြင်ရတဲ့ငါကပဲ မခံစားနိုင် ဖြစ်ပြီးတော့ မနွေးထွေးနိုင်တဲ့ တောင့်တောင့်တင်းတင်း ခန္ဓာကိုယ်ကို နွေးထွေးလာလေမလား ပျော့ပျောင်းလာလေမလား ဆိုပြီး ကြိုးစားပမ်းစား ပွေ့ဖက်ဖို့ ကြိုးစားရတယ်။ ရလဒ်က မထူးခြားနားပါပဲ။
တစ်ခါတလေ ငါသိချင်တယ်။ သူရှင်သန်ချင်တဲ့ ဘဝက ဘယ်လို ပုံစံမျိုးလဲ ဆိုတာကို ငါ တကယ်ပဲ သိချင်မိတယ်။
"ချီဟိုက် မင်း ရှင်သန်ချင်တဲ့ ဘဝပုံစံက ဘယ်လိုမျိုးလဲ"
ငါ သူ့ကို မေးလိုက်တယ်။ သူ ဖြေလာတဲ့ အဖြေက ငါ့ကို ဓားနဲ့စိုက်လိုက်တာကမှ သက်သာအုံးမယ်။
"မင်းမပါဘူး။ ကျန်တာ အဆင်ပြေတယ်".. တဲ့။ ဖြေရဲလိုက်တာ။
"သုံးနှစ်ရှိပြီ မင်း မတော်သေးဘူးလား ချီဟိုက်.."
ငါမေးဖူးတယ်။
ဟုတ်တယ်။ သူ့ကို ငါ သဘောကျ နှစ်သက် မြတ်နိုးလာတာ ခုနှစ်နှစ်ရှိပြီ။ သူနဲ့ လေးနှစ်တာကို ပြေးလွှားသတ်ပုတ်နေခဲ့ရပြီး သုံးနှစ်တာကို အေးစက်စက် ဖြတ်သန်းခဲ့ရတယ်။
"မင်းကော မတော်သေးဘူးလား။ ဝမ်ယိ.."
တစ်ခါတလေကျတော့ သူက ငါ့ကို ဧကရာဇ်တစ်ပါးရယ်လို့ မသတ်မှတ်ချင်ပုံရတယ်။ ငါ့နာမည်ကို တန်းခေါ်တယ်။ ငါ့မယ်တော်သာ အနားမှာ ရှိရင် ဆူပူကြိမ်းမောင်းနေအုံးမှာပဲ။ တော်သေးတာက ငါ့မယ်တော်က အနားမှာ မရှိနေဘူး။
ВЫ ЧИТАЕТЕ
ငါ့မိဖုရား/ငါ့မိဖုရား