ငါ့မိဖုရား-5
"မင်း မကြားရဲရင် မင်းမမေးသင့်ဘူး"
အေးတိအေးစက်နဲ့ တီးတိုး ပြောတယ်။ ငါ သူ့ကို လည်ပင်းကနေ လှမ်းဆွဲလိုက်ပြီးတော့ ပေါင်ပေါ်ကို တင်လိုက်တယ်။ သူ့ရဲ့အေးတိအေးစက် လျှာကို အပြစ်ပေးချင်တယ်။ ငါ့ရဲ့သွေးရူးတန်းရူး နမ်းရှိုက်မှုအောက်မှာ သူ့ခန္ဓာကိုယ်က တုန်ယင်နေတယ်။ သူ ဒေါသထွက် နေပြန်ပြီ။
ငါက သူ့လည်ပင်းကို တင်းတင်း ဆုပ်ကိုင််ထားတော့ သူ့မျက်နှာက နီရဲလာတယ်။ အသက်ရှုမဝ ဖြစ်ပြီးတော့ သူ့မျက်လုံးတွေက မျက်ရည်တွေ ဝဲလာတယ်။ နောက်ဆုံးမှာ သူ့နှုတ်ခမ်းတွေကို ပေါက်အောင် ကိုက်လိုက်ပြီး အပြစ်ပေးရရုံနဲ့ ငါ ကျေနပ်ရပြန်တယ်။ ငါပဲ သူ နေရခက်မှာစိုးလို့ လွှတ်ပေးလိုက်မိတယ်။
သူက ငါ့ကိုယ်ပေါ်ကနေ လျောကျသွားပြီးတော့ သူ့အပေါ်ဝတ်ရုံကို တင်းတင်းဆွဲလိုက်ပြီးတော့ အံကြိတ်နေတယ်။ အနမ်းတစ်ခုစာလေးတောင် မလိုက်လျောနိုင်ဘူး။ တွန့်တိုတတ်လိုက်တာ။ ငါ သူ့ကို ချီးကျူးတယ်။ သူက ငါ့ကိုဆို အနမ်းတစ်ရှိုက်စာလေးတောင် မလိုက်လျောဘူး။
ငါ့မှာ သူနဲ့ပတ်သတ်လာရင် သရဲမရဲစီးနေတဲ့ တဏှာဘီလူးတစ်ကောင်အတိုင်းပဲ။ လိုက်လျောညီထွေမှု ဆိုတာမျိုးကို နည်းနည်းတောင် ရှာလို့ မတွေ့ဘူး။ ငါကပဲ မနေနိုင်ဘဲနဲ့ ခုံကနေ ဆင်းပြီးတော့ သူ့ကို အနောက်ကနေ တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်မိတယ်။
"ငါကိုယ်တော်တို့ ပြေလည်ရအောင်လေ.. မင်း လိုချင်တာ ဘာရှိလဲ။ မင်း မရဘူးဆိုတာ မဖြစ်စေရဘူး။ ငါကိုယ်တော် မင်းနဲ့ ပြေလည်ချင်တယ်"
ငါ့မှာ သူ့အပေါ်မှာဆို အချိန်ကြာကြာ မတင်းမာနိုင်ဘူး။ အမြဲတမ်း ပြေလည်ဖို့ကို ကမ်းလှမ်းနေမိတယ်။
"ငါ မင်းရဲ့ဇနီး မဖြစ်ချင်ဘူး။ ငါက ယောက်ျားလေး၊ စစ်တပ်တစ်တပ်ကိုတောင်မှ ငါ အုပ်ချုပ်နိုင်ခဲ့တဲ့ ယောက်ျားလေး"
ငါ အရင်တုန်းက သူ အဲလို ပြောရင် တကယ် စိတ်ဆ်ိုးတယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ ငါ ဒီစကားကိုပဲ ထပ်ခါထပ်ခါ ကြားရပြီးတဲ့ နောက်မှာ ငါ အဲဒီစကားကို နားလည်ပေးလိုက်ဖို့ စတွေးမိလာပြီ။
ESTÁS LEYENDO
ငါ့မိဖုရား/ငါ့မိဖုရား