ငါ့မိဖုရား-7

4.2K 381 42
                                    

ငါ့မိဖုရား-7

သူ့မွေးနေ့ပြီးတော့ ငါက အလုပ်တွေ ရှုပ်နေခဲ့တယ်။ ငါ့မှာ အတွေးတစ်ခု ရှိသေးတယ်။ သူနဲ့ငါ ပြေလည်ပြီးသွားရင် ငါ သူ့ကို ဧကရီဖြစ်စေချင်တယ်။ ငါ့မယ်တော်နဲ့ ငါ့သားတော်ကို သူ ရင်ဆိုင်နိုင်အောင် ငါသူ့ကို သင့်တော်တဲ့ အာဏာတချို့တော့ သူ့ကို ပေးမှ ရမယ်။

ငါ အဲကိစ္စတွေကို စီမံရင်းနဲ့ အလုပ်များနေခဲ့တယ်။ သူ့နန်းဆောင်ကနေ အပျိုတော်တစ်ယောက် မရောက်လာခင်အထိပဲ။

"မင်းကြီး ချင်အန်းနန်းဆောင်ကနေ မိဖုရားက မင်းကြီးကို ဖိတ်လိုက်ပါတယ်"

သုံးနှစ်အတွင်းမှာ ပထမဆုံးသော ဖိတ်ကြားချက်ပဲ။ ငါ ကိုင်ထားတဲ့ တင်ပြလွှာတွေကို စုစည်းလိုက်ပြီးတော့ ငါ့သားတော်ရဲ့နန်းဆောင်ကို ပို့ခိုင်းလိုက်တယ်။ ဒီနှစ်မှာ သူက ဆယ့်လေးနှစ် ရှိတော့မယ်လေ။ ကိစ္စတွေကို သူ့ကို ကိုင်တွယ်ခိုင်းသင့်ပြီ။

ငါ ချင်အန်းနန်းဆောင်ကို ရောက်တော့ သူက ငါ့ကို သေရည်အိုးနဲ့ ကြိုဆိုနေတယ်။ ဟုတ်သားပဲ။ ငါတို့ နှစ်ယောက်လုံးက အမျိုးသားတွေလေ။ အလှအပတွေ ပြီးတော့ အကတွေနဲ့ ကြိုဆိုနေဖို့ မလိုဘူး အာရုံနှောက်တယ်။

သေရည်နဲ့ဆိုရင် ပြည့်စုံနေပြီပေါ့။ ငါ ပျော်ရွှင်စွာနဲ့ သေရည်အိုးကို ငှဲ့ပေးလိုက်တယ်။ သူက ငါငှဲ့ပေးတဲ့ သေရည်တစ်ခွက်ကို သောက်တယ်။

"မင်း စိတ်ကြည်နေတာလား"

ငါ သူ့ကို မေးလိုက်တယ်။ သူက ငါ့ကို ငေးကြည့်နေတယ်။ သူ့အကြည့်တွေက တစ်ခုခုပဲ။ လက်ခနဲ ငါ့မျက်လုံးထဲ အလင်းရောင် ပြန်သွားတယ်။ သေရည်ခွက်နဲ့ ဓားလာရာ လမ်းကြောင်းကို ဟန့်တားလိုက်ပေမဲ့ သူနဲ့ငါက သိပ်ပြီးတော့ နီးလွန်းတယ်။

"ဇွပ်.."

ငါ့ရင်ဘတ်ထဲကို ဓားဝင်သွားတဲ့အသံက တိုးတိုးသဲ့သဲ့ပဲ။ ငါ ဒီလောက် နာကျင်မှုကို ခံစားဖူးတာ ပထမဆုံးပဲ။ ငါ အော်လိုက်ချင်တယ်။ ဒါပေမဲ့ ငါအော်လိုက်ရင် သူ့ကို ဘယ်လိုလုပ်မလဲ ဆိုတဲ့အတွေးက ငါ့ကို အံကြိတ်ထားစေတယ်။

ငါ့မိဖုရား/ငါ့မိဖုရားDonde viven las historias. Descúbrelo ahora