ငါ့မိဖုရား-6
"မင်း မွေးနေ့ ရောက်တော့မယ် မင်း ဘာလိုချင်လဲ"
သူက ငါ့ကို ဘာမှ မပြောဘူး။ ဒါပေမဲ့ နောက်တစ်ပတ်မှာ သူက ငါ့ကို ပုံဆွဲထားတဲ့စာရွက်လေးကို ကမ်းပေးလာတယ်။ ပုံက ဓားပုံစံလေး ဖြစ်တယ်။
တကယ်ဆို အနောက်နန်းဆောင်က လက်နက် မကိုင်ရဘူး။ ဒါပေမဲ့ သူက ဓားတစ်ချောင်း လိုချင်နေတယ်။ ငါ ပန်းပဲဖိုကို သွားပြောတော့ ငါ့မယ်တော်က သိသွားပြီးတော့ ငြင်းဆန်တော့တာပဲ။ ဒါပေမဲ့ စာရွက်ကို ကမ်းပေးခဲ့တုန်းက သူ့မျက်ဝန်းထဲက မျှော်လင့်ချက်တွေကို ငါတွေ့ခဲ့တယ်။ သူ့မျက်ဝန်းတွေက တောက်ပနေမှ လှတာ။ ငါ မငြင်းနိုင်ဘူး။
သူ့မွေးနေ့ကို ငါက ခမ်းခမ်းနားနား ကျင်းပပေးခဲ့တယ်။ ဒါပေမဲ့ သူက ပျော်ရွှင်နေပုံ နည်းနည်းလေးတောင် မပြဘူး။ ဒီနှစ်မှာ ငါ့သားတော်က အသက်ဆယ့်သုံးနှစ်ရှိပြီ။ ညီလာခံတောင် တက်နေရပြီ။ ငါ့သားတော်ကလည်း သူ့ကို မကြည်ဖြူလေဘူး။ ဒါပေမဲ့ ငါ့ကို ငါ့သားတော်က ကောင်းကောင်းနားလည်တယ်။ သူ့ကို ခက်ခဲအောင် မလုပ်ပါဘူး။
ငါက သူ့မွေးနေ့မှာ ဓားတစ်ချောင်း လက်ဆောင်ပေးတာ သိတော့ ငါ့သားတော်က ငါ့ကို ပြောတယ်။ သူ အသက်ငယ်သေးတယ်တဲ့။ ဒီကောင်လေးက မိမကြောက် ဖမကြောက်လေး ဖြစ်နေပြီ။ ပြောရဲဆိုရဲ ရှိလိုက်တာ။
သူ့မျက်ဝန်းတွေက ဓားကို မြင်တော့ လင်းလက်သွားတာ သိသာတယ်။ ငါ သူ့ကို ပထမဆုံး မြင်တွေ့တုန်းက အခြေအနေကိုတောင်မှ ပြန်သတိရလိုက်မိသေးတယ်။
မြင်းပေါ်မှာ ရဲရင့်တက်ကြွနေတဲ့ လူငယ်လေးက ငါ့လက်ထဲကျမှ ဖျော့တော့ ပိန်ပါးတဲ့ အမျိုးသားလေး ဖြစ်သွားတာကို ငါ စိတ်မကောင်း ဖြစ်နေတာ ကြာပြီလေ။
"မင်း သဘောကျလား"
ငါ မေးလိုက်တယ်။ သူက ခပ်မြန်မြန် ခေါင်းညိတ်တယ်။ ကောင်းပြီလေ သူ သဘောကျတယ် ဆိုမှတော့ ကျန်တာကို ထားလိုက်ပါတော့။
@@@@@
ငါ့မိဖုရား-6
"မင္း ေမြးေန႔ ေရာက္ေတာ့မယ္ မင္း ဘာလိုခ်င္လဲ"
သူက ငါ့ကို ဘာမွ မေျပာဘူး။ ဒါေပမဲ့ ေနာက္တစ္ပတ္မွာ သူက ငါ့ကို ပံုဆြဲထားတဲ့စာရြက္ေလးကို ကမ္းေပးလာတယ္။ ပံုက ဓားပံုစံေလး ျဖစ္တယ္။
တကယ္ဆို အေနာက္နန္းေဆာင္က လက္နက္ မကိုင္ရဘူး။ ဒါေပမဲ့ သူက ဓားတစ္ေခ်ာင္း လိုခ်င္ေနတယ္။ ငါ ပန္းပဲဖိုကို သြားေျပာေတာ့ ငါ့မယ္ေတာ္က သိသြားျပီးေတာ့ ျငင္းဆန္ေတာ့တာပဲ။ ဒါေပမဲ့ စာရြက္ကို ကမ္းေပးခဲ့တုန္းက သူ႔မ်က္ဝန္းထဲက ေမွ်ာ္လင့္ခ်က္ေတြကို ငါေတြ႕ခဲ့တယ္။ သူ႔မ်က္ဝန္းေတြက ေတာက္ပေနမွ လွတာ။ ငါ မျငင္းႏုိင္ဘူး။
သူ႔ေမြးေန႔ကို ငါက ခမ္းခမ္းနားနား က်င္းပေပးခဲ့တယ္။ ဒါေပမဲ့ သူက ေပ်ာ္ရႊင္ေနပံု နည္းနည္းေလးေတာင္ မျပဘူး။ ဒီႏွစ္မွာ ငါ့သားေတာ္က အသက္ဆယ့္သံုးႏွစ္ရွိျပီ။ ညီလာခံေတာင္ တက္ေနရျပီ။ ငါ့သားေတာ္ကလည္း သူ႔ကို မၾကည္ျဖဴေလဘူး။ ဒါေပမဲ့ ငါ့ကို ငါ့သားေတာ္က ေကာင္းေကာင္းနားလည္တယ္။ သူ႔ကို ခက္ခဲေအာင္ မလုပ္ပါဘူး။
ငါက သူ႔ေမြးေန႔မွာ ဓားတစ္ေခ်ာင္း လက္ေဆာင္ေပးတာ သိေတာ့ ငါ့သားေတာ္က ငါ့ကို ေျပာတယ္။ သူ အသက္ငယ္ေသးတယ္တဲ့။ ဒီေကာင္ေလးက မိမေၾကာက္ ဖမေၾကာက္ေလး ျဖစ္ေနျပီ။ ေျပာရဲဆုိရဲ ရွိလိုက္တာ။
သူ႔မ်က္ဝန္းေတြက ဓားကို ျမင္ေတာ့ လင္းလက္သြားတာ သိသာတယ္။ ငါ သူ႔ကို ပထမဆံုး ျမင္ေတြ႕တုန္းက အေျခအေနကိုေတာင္မွ ျပန္သတိရလိုက္မိေသးတယ္။
ျမင္းေပၚမွာ ရဲရင့္တက္ၾကြေနတဲ့ လူငယ္ေလးက ငါ့လက္ထဲက်မွ ေဖ်ာ့ေတာ့ ပိန္ပါးတဲ့ အမ်ိဳးသားေလး ျဖစ္သြားတာကို ငါ စိတ္မေကာင္း ျဖစ္ေနတာ ၾကာျပီေလ။
"မင္း သေဘာက်လား"
ငါ ေမးလိုက္တယ္။ သူက ခပ္ျမန္ျမန္ ေခါင္းညိတ္တယ္။ ေကာင္းျပီေလ သူ သေဘာက်တယ္ ဆိုမွေတာ့ က်န္တာကို ထားလိုက္ပါေတာ့။
@@@@@

VOUS LISEZ
ငါ့မိဖုရား/ငါ့မိဖုရား
Roman d'amourဘုရင်တစ်ပါးက သူ့မိဖုရားကို ဘယ်လို ရယူထားတယ်။ ဆိုတာနဲ့ နောက်ဆုံးအထိ ဘယ်လို ကာကွယ်ပေးမလဲ ဆိုတာလေးပါ။ အတိုလေးပါ။ တကယ်တိုပါတယ်။ အစအဆုံးအထိပါပဲ။ ဘုရင္တစ္ပါးက သူ႔မိဖုရားကို ဘယ္လုိ ရယူထားတယ္။ ဆိုတာနဲ႔ ေနာက္ဆံုးအထိ ဘယ္လို ကာကြယ္ေပးမလဲ ဆုိတာေလးပါ။ အတိုေလး...