[ZawGyi]
အခန်းထဲဝင်တာနဲ့ကျနော် ရင်တွေခုန်နေခဲ့သည်။
ကိုကိုက စကားပြောဖို့ခေါ်ခဲ့တာလား?
မဟုတ်မှ ကိုကိုလက်ထက်ပွဲကိစ္စသိထားပြီလား
ကိုကိုများ ထယ့် မုန်းသွားတာများလား မသိဘူး။
ဘာပဲဖြစ်ဖြစ်ပါ ကျနော်ဆုံးဖြတ်ပြီးပြီထင်တယ်...
ကိုကိုသာ ကျနော်နဲ့သူ့ရဲ့ လက်ထက်ပွဲကိုငြင်းခဲ့ရင်
ကျနော်လဲ ကိုကို့ဆန္ဒကိုယ်လိုက်ရောပေးဖို့အသင့်ပဲ။
အနည်းဆုံးတော့ မပိုင်ဆိုင်ရလဲ အဝေးကချစ်နေခွင့်
ရှိသေးတယ်။ကျနော် ရေမြန်မြန်ချိုးပြီ အဝတ်ကိုမြန်မြန်ဝတ်ပြီး
ုကိုကိုခေါ်တဲ့ခြံထဲကိုဆင်းလာခဲ့သည်။
ခြံထဲကိုဆင်းသွားတော့ ကိုကို့ကိုယ် လှည့်ပတ်ရှာမိတော့ မတွေ့ဘူး။ ခြံအနောက်ကိုသွားမည်အလုပ်။''ငါအပေါ်မှာ ထယ်ယောင်း!!!''
ကျနော်အသံလာရာကို မော့ကြည့်တော့
လသာဆောင်မှာ ကျနော့်ကိုကြည့်နေသောကိုကို''ကျနော် တက်ခဲ့ရမလား အစ်ကိုလေး''
''အင်း တက်ခဲ့လိုက်
အောက်မှာခြင်တွေကိုက်လို့''''ဟုတ်''
.
.
.
.
.
.
.
.
''လက်ထက်ပွဲ ကိစ္စကိုယ်
မင်းသိပြီးရောပေါ့''ကျောပေးရင်းပဲ ကိုကိုက
ပြောနေသည်။
ကောင်းကင်ကိုမော့ကြည့်ရင်းပေါ့။
ကျနော်ကတော့ ကိုကို့ကျောပြင်ကြီးကိုသာ
ကြည့်နေရင်းပေါ့။''ငါလေ မင်းကိုရှေ့လျှောက်နာကျင်
စေမိမယ်ထင်တယ် ထယ်ယောင်း''''အ အစ်ကိုလေး
လက်ထက်ပွဲကို ငြင်းလဲရပါတယ်''ထိုအခါကျနော့်ဘက်လှည့်လာသည်။
''ငါမင်းနဲ့ လက်ထက်မှရမှာ''
''ကျနော် သိပြီးပါပြီ အစ်ကိုလေး
အစ်ကိုလေးမှာချစ်သူရှိ...ရှိ''''သူမ မရှိတော့ဖူး''
''ကျနော်သိပါတယ်
စိတ်လဲမကောင်းပါဖူး အစ်ကို...ကို''''ဒါပေမယ့် သူမ ရှိသေးတယ်
ဒီမှာ''ကိုကိုက သူ့ရင်ဘက်ကို လက်ညိုးထိုးပြသည်။
ကျနော် ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေခဲ့ချိန်!!
YOU ARE READING
𝙸𝚗𝚜𝚞𝚕𝚝𝚎𝚍 𝙼𝚎 //
Fantasyအောက်ကျို့ နေတယ် သည်းခံနေတယ်ဆိုတာ မင်းဖြစ်နေလို့့ပါ။ တစ်ကယ်ပင်ပန်းလာပြီဆိုတဲ့ တစ်နေ့ အရာရာကိုယ်လွှတ်ချခဲ့မိမှာ။ အဲ့တာက 'ကိုကို' မင်းဖြစ်နေပါစေပေါ့။ [Kim TaeHyung]