23//

1K 84 5
                                    

[ZawGyi]

[Zawgyi]

" အဲ့တော့ မင်းငါ့ကိုခေါ်ရတဲ့အကြောင်းအရင်းက ?"

Dina ရဲ့အဖေနဲ့ ဂျောင်ဂုဟာစားသောက်ဆိုင်တစ်နေရာမှာ မျက်နှာခြင်းဆိုင်ထိုင်နေကြခြင်း။ ဂျောင်ဂု
အစက ဖုန်းနဲ့သာလှမ်းသတိပေးချင်ခဲ့ပေမယ့် အခုဖြစ်နေရတဲ့ကိစ္စတွေက ပေါ့ပေါ့တန်တန် ပြောဆိုရမယ့်စကားတွေမဟုတ်တာကြောင့် သူအပြင်မှာခ်ျိန်းတွေ့ခဲ့ခြင်း။

(An:::သာသာ ဇာတ်လမ်းအစမှာတစ်ခုလိုသွားခဲ့တယ်။ အားလုံးကိုတောင်းပန်ပါတယ်။ Dinaတို့ရဲ့ မျိုးရိုးကိုယ် 'Chung'လို့မှတ်ထားပေးပါနော်။သာသာအစက Dina Actorကိုကျ Dina Dinaလို့ပဲသုံးလိုက်ပေမယ့် Dina အဖေကလှည့်ကျ ဒီအတိုင်းသုံးလို့အဆင်မပြေတော့ဘူးလေ။ Mr.Chungလို့ပဲ သာသာ သုံးသွားပါမယ်နော်။ သာသာ့ ရဲ့လိုအပ်ချက်အတွက် တောင်းပန်ပါတယ်ရှင်။ )

" ကျုပ် ပါးစပ်က အထူးတစ်လည်သတိပေးနေရအုံးမှာလား Mr.Chung ! ခင်ဗျားကြီးလုပ်ရပ်တွေကသိပ်မှန်နေတယ်ထင်နေတာလား။ လူကြီးဖြစ်ပြီးဘာလို့ဒီလောက်ထိ လူမဆန်ရတာလည်းဗျ "

" မင်းသိသွားပြီပဲ "

Mr.Chung သည်ကြောက်လန့်ခြင်းပုံတစ်စက်မျှမရှိခဲ့။ သူ့လုပ်ရပ်တွေပေါ်နေတာတောင် ဘယ်သူ့ကိုမှစောက်ဂရုမစိုက်ဘူးဆိုတဲ့ မျက်နှာဘေးဖြင့်သာ။

စားပွဲပေါ်ကဆေးလိပ်တစ်ခုကို ဖွှာပြီးတော့ဖြင့်!!

" မင်းသိပ်ပျော်နေတယ်ပေါ့ ဟုတ်လား!
ငါ့သမီးကိုလှည့်စား…သေသွားတော့ မင်းကနည်းနည်းလောက်ခံစားပြလိုက်…ဟော မကြာဘူး ယောက်ကျားတောင်ကောက်ယူလိုက်သေးး ဂျွှန်ဂျောင်ဂု!ဂျွန်ဂျောင်ဂု
မင်းကိုမင်းသိပ်လည်လှ တတ်လှပြီ မင်းထင်နေသလား"

Mr.Chung ပြောသမျှကို ဂျောင်ဂုနားစွင့်လျှက်သာ။

" ပြောစမ်းပါအုံး မင်းငါ့သမီးကိုချစ်တယ်ဆိုတာဘာတုန်းး ! ဘာကိုချစ်တာလည်း အဟက်! လူမဆန်တဲ့ကောင်ကများ ! "

Mr.Chungသည် ပြောလည်းပြောနေသည်။ အမျက်လည်းအနည်းငယ်ပါနေခဲ့သည်။ ပြောရင်းနဲ့သူမျက်ရည်လည်းကျသည်။

𝙸𝚗𝚜𝚞𝚕𝚝𝚎𝚍   𝙼𝚎 //Where stories live. Discover now