17//

910 77 0
                                    

[Zawgyi]

"ထယ်ယောင်း မင်းတို့အိမ်ထောင်ရေးအဆင်ပြေရဲ့လားကွ မင်းမျက်နှာကလဲမှုတ်ကုတ်နေတာပဲ"

"ဟင်းးး ငါဘယ်လိုပြောရမလဲ ဂျီမင်းရာ
ကိုကိုနဲ့က ပြေတစ်လှည့်မပြေတစ်လှည့်ပေါ့။

"မင်း မျက်ခွက်ကြီးက အဲ့လိုမနေနဲ့လေကွာ
မင်းကိုငါမမြင်ချင်ဘူးဒီလိုပုံစံ"

"ငါတို့ အိမ်ထောင်ရေး အဆင်ပြေအောင်ငါဘယ်လိုလုပ်ရမလဲဟင် "

်မျက်ရည်အနည်းငယ်လဲ့နေသော မျက်လုံးလေးနဲ့ သူ့အားကြည့်ပြီးမေးလာသော ထယ်ယောင်း ဟာဘယ်လောက်တောင်မှ စိတ်ပင်ပန်းမှုတွေနဲ့ရင်ဆိုင်နေရမလဲဆိုတာ ဂျီမင်းတပ်အပ်သိပါသည်။

"ဟူးးးးး အစ်ကို ဂျောင်ဂုက မင်းကိုဘာတွေလုပ်တာလဲ ယောင်းငယ် ငါ့ကိုပြော"

" သူဘာမှမလုပ်ပါဘူးကွာ  ဒါပေမယ့်

စကားပြောတာကို ခဏလောက်ရပ်ပြီးမှ.……

"သူ့ လုပ်ရပ်တွေက အပြုအမူတွေက ငါ့ကို နာကျင်စေတယ်ဆိုတာ သူမသိဘူးထင်တယ် "ာ

ဂျီမင်း ထယ်ယောင်းဘာလို့များဒီလောက်ဖြစ်သွားလဲဆိုတာ ဒီထပ်သိချင်သေးသည်။ ထယ်ယောင်းကိုယ်သူအရမ်းချစ်တာမလား အခုလိုသူ့အချစ်ဆုံး သူငယ်ချင်းက မှိုင်တိုင်နေတာမြင်ရတာ သူ့အနေနဲနည်းနည်းလေးမှ မသက်သာ။ သို့ပေမယ့် သူထပ်မမေးဘူးဆိုတာ သူများအိမ်ထောင်ရေးကြား သူဝင်မပါချင်ကြောင့်လဲပါသည်။ သူငယ်ချင်းဆိုတိုင်းလဲ သူ့စည်း ကိုယ့်စည်းဆိုတာ ရှိရမယ်မဟုတ်လား။ သို့သော် လားလားမှသူနဲ့မဆို်င်သလိုတော့ နေလိမ့်မည်မဟုတ်ပါ။

"အေးပါကွာ ဘာမှစိတ်ရှုပ်မခံပါနဲ့  မင်းတစ်နေရာရာသွားချင်လား စိတ်ပြေလက်ပျောက်ပေါ့ "

"အင်း သွားမယ်လေ ငါနေရာတစ်ခုသိထားတယ်
မင်းကိုလဲလိုက်ပြမယ်"

"အေးသွားမယ် ဟို ဟိုလေ ထယ်ယောင်း ငါ့လူကြီးကိုပါ ခေါ်လိုက်မယ်လေ ရတယ်မလား ဟီးဟီး"

" အောင်မလေး ခေါ်တော်မူပါ ခေါ်တော်မူပါ"

ကျနော်လဲမဲ့ရွဲ့ကာပြောလိုက်သည် ဒီကောင့်အား။
သိတာပေါ့ ဂျီမင်းက ကျနော့်ကိုယ်စိတ်ပူနေတယ်ဆိုတာ
ဒီကောင်က အရင်ထဲက ကျနော့်မျက်နှာတစ်ချက်ညှိုးရင်တောင် ကြိုက်တာမဟုတ်။
ဂျီမင်းနဲ့သွားမယ့်နေရာက ဟိုတစ်ခါ ကိုကို ကျနော့်ကိုယ် ခေါ်သွားပေးဖူးတဲ့ ဥယျဉ်ငယ်လေးစီကို။
ဟုတ်တယ် အဲ့နေရာလေးက သိပ်အေးချမ်းတာ။ လက်ထပ်ပြီးထဲက ကျနော်စိတ်ညစ်နေခ်ျိန်ဆို ကိုကိုမသိအောင် ဥယျဉ်လေးစီးသွားနေကြ။

𝙸𝚗𝚜𝚞𝚕𝚝𝚎𝚍   𝙼𝚎 //Where stories live. Discover now