[ZawGyi]
Flash Back.....
ကျနော် ကိုကို ရှိတဲ့နေရာကိုရောက်လာရတဲ့
အကြောင်းအရင်းက.....
ကျနော့် သူငယ်ချင်းဖြစ်တဲ့ ဂျီမင်း လှမ်းဖုန်းဆက်လို့
သိရတာ။ မနက်က ကျောင်းသွားတော့ ဂျီမင်းက
ကျောင်းမလာဘူးလေ သူ့Crushကြီးနဲ့
လျှောက်လည်တယ်ဆိုပဲ.......အဲ့တာနဲ့ကျနော်လဲ စိတ်ညစ်ညစ်နဲ့ တစ်ယောက်ထဲအတန်း ကိုတက်ရပါတော့တယ်။
နေ့လယ်လောက်ရောက်တော့ ဂျီမင်းဖုန်းဆက်ပြောတယ်...သူ့လူကြီးနဲ့သူ လျှောက်လည်နေတုန်း ကိုကို့ကိုယ်
လျက်တပြတ်တွေ့လိုက်တယ်တဲ့။
ဂျိမင်းက သူလဲကိုကို ဘယ်သွားလဲလိုက်ချောင်းတော့
ကိုကိုက သုသာန်တစ်ခုကိုသွားနေတယ်ပြောတယ်။ကျနော်စဉ်းစားမရတာက ကိုကိုက
Seoulမှာပဲရှိနေခဲ့တာလား?
ဘာလို့ အန်ကယ်Jeonက လိမ်ခဲ့တာလဲကျနော့်ကို?
ကျနော့်ကိုဖုံးကွယ်ထားတာ တစ်ခုခုများ
ရှိနေကြတာလား?အတန်းဘယ်လိုမှဆက်တက်လို့မရတော့!!
စိတ်တွေရှုပ်လာပြီး ကိုကို့ကိုယ်လဲတအားလွမ်းနေတာကြောင့် ကိုကို့နောက်ကိုအခုပဲလိုက်သွားဖို့
ဆုံးဖြတ်လိုက်တော့တယ်။ခုမှနေ့လည်ဆိုတော့ အိမ်ကကားကလာမခေါ်သေး
ဟူးးးး နောက်ဆို ကျနော် Seoulကလမ်းတွေကို
သေချာမှတ်မိအောင်လုပ်မှရတော့မယ်။
Taxicသာငှါးပြီး ဂျီမင်းပို့တဲ့GPSနဲ့ချိတ်ပြီး
ကိုကို့စီသွားလိုက်တော့တယ်။ဟိုရောက်တော့ ကိုကို့ကိုယ်တော့ တွေ့ပါတယ်။
ကိုကို့အနားတော့ ကျနော်မသွားရက်ဘူး။
ကျနော်သွားလိုက်ရင် သူတို့ချစ်သူ ၂ဦးတွေ့ဆုံနေတာလေး ပျက်သွားမှာပေါ့။
အဝေးကနေပဲ ကိုကိုမပြန်မချင်း ရပ်ကြည့်နေလိုက်တယ်။နည်းနည်းကြာတော့ မိုးတွေမှောင်လာတာကို
သတိထားမိပေမယ့် ဘာလုပ်လို့လုပ်ရမှန်းမသိ...
ကိုကိုကလဲအဲ့အတိုင်းပဲ....
မကြာဘူး ရွာချလာတဲ့မိုးနဲ့ လေစိမ်းတွေက အသားကုန် ကိုတိုက်နေခဲ့တယ်။လွယ်အိတ်ထဲမှာ အမြဲဆောင်ထားတတ်တဲ့ ထီးလေးကိုထုတ် ဆောင်းလိုက်ပြီး ကိုကို့ကိုယ်ကြည့်မိတော့
မလှုပ်မယှက်နဲ့ ခုနကအတိုင်းမတ်တပ်ရပ်နေတုန်း..
ကိုကို့စီကိုသွားပြီး ထီးလေးမိုးပေးချင်ပေမယ့်
တစ်ကယ်တမ်းကျ ရွေ့တောင်မရွေ့တဲ့ ခြေထောက်တွေ တွန့်ဆုတ်နေခဲ့မိတယ်။
YOU ARE READING
𝙸𝚗𝚜𝚞𝚕𝚝𝚎𝚍 𝙼𝚎 //
Fantasyအောက်ကျို့ နေတယ် သည်းခံနေတယ်ဆိုတာ မင်းဖြစ်နေလို့့ပါ။ တစ်ကယ်ပင်ပန်းလာပြီဆိုတဲ့ တစ်နေ့ အရာရာကိုယ်လွှတ်ချခဲ့မိမှာ။ အဲ့တာက 'ကိုကို' မင်းဖြစ်နေပါစေပေါ့။ [Kim TaeHyung]