12//

970 85 1
                                    

[Zawgyi]

'' ဒီလို ထယ်ယောင်း မင်းနဲ့ငါ လက်ထပ်ရဖို့က ကျိမ်း
သေနေပြီ "

'' အင်း ''

'' မင်းအနေနဲ့ ကန့်ကွက်ချင်တာမျိုး ရှိလား ငါပြောချင်တာကို နားလည်မှာပါ "

'' ကျ နော် မေးချင်တာလေးတစ်ခုရှိတယ် ''

ဂျောင်ဂုကိုယ်လုံးက.... ထယ်ယောင်းဘက်ကို အနည်းငယ်စောင်းထားပြီး....နားထောင်နေတယ်...ပြောဆိုတဲ့ အနေအထား ။
ထယ်ယောင်းလေးကလဲ...ကိုယ်လုံးကိုတတ်နိုင်သမျှကြုံ့ထားပြီး ဒူးလေးစိကာ လက်နှစ်ဖက်ကိုတင်းတင်းဆုပ်ထားသည် ။

'' အစ်ကိုလေး..... ကျနော့်ကိုယ် အစ်ကိုလေးတို့ စီးပွားရေးအကျိုးတွက်ပဲ အသုံးချမလို့လား ပြီးတော့ လက်ထပ်ပြီးခဏနေရင် ပြန်ကွာရှင်းပေးရတာမျိုးလား ဟင် "

ဂျောင်ဂု ဒီမေးခွန်းကို ဒီကောင်လေးမေးမယ်ဆိုတာကြိုသိနှင့်ပြီးသားပါ ။ မနေ့ညထဲက သူနဲ့သူ့အဖေစကားပြောနေတာကို ကြားသွားခဲ့တာမလား ထယ်ယောင်းက ။

'' အင်းး ထယ်ယောင်းဒီလိုရှိတယ်..
စီးပွားရေးအတွက် အသုံးချတာရယ်လို့လဲမဟုတ်ပါဘူး ဘယ်လိုပြောရမလဲ ဖေဖေက...

'' သိတယ် အစ်ကိုလေး ကျနော်နားလည်ပါတယ်
ကျနော်သိချင်တာက ကျနော့်ကို ပေါပေါလောလော
ပုံစံမျိုးမထင်စေချင်ဘူး ''

'' အန်း ''

'' ကျနော့်ကို အစ်ကိုလေး မချစ်တာသိပါတယ်
မချစ်ပဲနဲ့လဲ ကျနော်နဲ့လက်ထပ်ရမှာလေ ဒါကြောင့်မို့
လက်ထပ်ပြီးရင် ကွာရှင်းတာမျိုးတွေ ဘာတွေလုပ်မှာမလားဟင် ''

'' အဲ့တာက ငါ့လက်ထဲမှာမရှိဘူး ထယ်ယောင်း
ငါ့ဘဝကိုငါမပိုင်ဘူး ဖေဖေသဘောမတူရင် ငါဘာမှလုပ်မရပါဘူး ''

ကိုကိုက ထိုစကားကိုပြောပြီးခေါင်းငုံသွားသည်။
ကျနော်လဲထပ်တူ ။

'' ဟူးးး ငါတို့ဘဝကရှေ့လျှောက် ဘာတွေဖြစ်မလဲ
မသိတော့ဘူးကွာ မင်းကိုဒီကိုခေါ်လာရတာက...
မင်းကရှေ့လျှောက် ငါ့အိမ်ထောင်ဘက်ဖြစ်ကိုဖြစ်ရတော့မယ်လူ "

'' ဟုတ် အစ်ကိုလေး ''

''ဒါကြောင့်ငါထပ်ပြီး ကြိုတင်အသိပေးတာမျိုးပါ...
ရှေ့လျှောက်ငါ့ဘက်က မင်းအပေါ်မှာမတရား တာမျိုးတွေရှိကောင်းရှိလာနိုင်တယ် ထယ်ယောင်းး...

𝙸𝚗𝚜𝚞𝚕𝚝𝚎𝚍   𝙼𝚎 //Where stories live. Discover now