Part-1

41.8K 505 0
                                    

Unicode

"ဘာလိုလိုနဲ့မိသွင်တောင် လက်ထပ်ဖြစ်တော့မှာဘဲ တစ်ဖွဲ့လုံးက အပျိုကြီးဘဲဖြစ်သွားမယ်လို့တောင်ထင်ထားတာ"

"ဟား  ဟား"

"ဒါနဲ့၀တ်စုံတွေရော အဆင်ပြေပီလား ကျန်တာတွေရော အဆင်သင့်ဖြစ်ပီဟုတ် ငါလည်းမနက်မဂ်လာဆွမ်းကျွေးတောင်မမှီလိုက်ဘူးဟယ် ဒါတောင်အမြန်ပြန်လာခဲ့တာ"

"အင်း မနေ့က မောင်နဲ့အတူ၀တ်စုံတွေစမ်း၀တ်ကြည့်ဖို့သွားပီးပီ  ကျန်တာကလည်းအကုန်ပီးစီးနေပီ"

"ဒါနဲ့ ငါနဲ့ဒီနေ့Shopping ထွက်ရတာ ငါကလက်ထပ်ခါနီး အတွဲတွေပျော်ရမယ့်အချိန်ကို ကြားဖြတ်ယူသလိုများဖြစ်သွားလား"

"အမလေး မှုံရယ် မဖြစ်ပါဘူး မတွေ့ရတာဘဲ လေးငါးလရှိပီ ငါ့မဂ်လာဆောင်ပီးရင် နင်ကဟိုပြန်မှာနဲ့ အခုချိန်လေးဘဲ အေးဆေးတွေ့ရတာကို"

"ငါလည်းအကြာကြီးနေချင်သေးတာ ဟိုမှာငါ့ယောကျ်ားအလုပ်ကရှိသေးတာမို့ပါ"

"ရပါတယ် ငါသိပါတယ် မှုံရယ် ငါ့မဂ်လာဆောင်ကိုပြန်လာပေးတာဘဲဟာ မဟုတ်ရင်မလာလို့ကတော့ ငါကတစ်သက်လုံးမခေါ်တော့ဘူး စဥ်းစားထားတာ"

"ဒါမဲ့ ငါလာခဲ့တယ်လေ  ဒါနဲ့နင့်ရဲ့မောင်ကရော ဒီတိုင်းလွှတ်လိုက်တယ်လား ငါကသူပါလာမယ်ထင်နေတာ သူပါလာရင် ငါလည်းငါ့အမျိုးသားပါ၀င်ခေါ်လိုက်မယ်ပေါ့ အခုကမပါလာဘူးဆိုတော့"

"ပြောပြမယ် ကားကိုအရင်မောင်း သွားရင်းနဲ့ပြောမယ်"

"ဟုတ်ပီ"

"မနက်ကမဂ်လာဆွမ်းကပ်ပီးတော့ သူဒီနေ့လည်အရေးကြီးကိစ္စလေးရှိလို့မအားဘူးလေ အဲ့ဒါနဲ့ငါလည်းခေါ်မနေတော့ဘူး"

"အော်"

🤎.............

"ကဲရောက်ပီ  ဆင်းကြမယ်"

🤎...........

"သွင် တို့ဘာတွေ၀ယ်ကြမလဲ လျှောက်သွားချင်လို့သာ ထွက်လာတာ"

"တူတူဘဲမှုံ ဘာ၀ယ်ရမလည်းမသိတော့ဘူး"

"ဒါဆို အရင်ဆုံးဆိုင်တစ်ဆိုင်မှာစားသောက်ကြမလား  ပီးမှCity martထဲ လျှောက်ပတ်ကြတာပေါ့"

အမုန်းမမည်သောရပ်ဝန်း၌(Complete)Where stories live. Discover now