Unicode....
"ဘယ်သူလည်း ခင်ဗျားက ဘာကိစ္စနဲ့ကျွန်တော့်မိန်းမကိုဖမ်းခေါ်တာလည်း ဘာလိုချင်တာလည်း "
"အိုဟိုး......အင်းပါလိုရင်းဘဲပြောတာပေါ့ ပိုက်ဆံသိန်းငါးရာငွေသားချည်းလိုချင်တယ်
တည်နေရာကိုပို့ထားမယ် နောက်တစ်နာရီအတွင်း လာပို့ပါ ဘာညာရှုပ်ရှုပ်ယှက်ယှက်ပါလာရင် မင်းမိန်းမ နောက်ပီးသတင်းကြားထားသေး ခလေးရှိနေတာဆို အဟက် မျှော်နေမယ် ""တောက် .....ဟာကွာ ဒုန်း...."
ဒယ်ဒီဆီကိုဖုန်းခေါ်ကာအကြောင်းစုံလှမ်းပြောပီးတာနဲ့ဘဏ်ကိုတန်းသွားကာငွေထုပ်ပီးထွက်လာလိုက်သည်။.....................
"တည်တံ့နိုင်"
"ဟင် 'မ'ထွက်ပြေးလာတာလားဟင် ထိခိုက်မိသွားလား ဗိုက်တွေရော ဘာတွေဖြစ်သွားသေးလည်း အမြန်ကားထဲမှာစောင့်မောင်ရှင်းလိုက်မယ်"
"ဟဲ့ ဖြေးဖြေး မင်းဒယ်ဒီရဲ့လူတွေနဲ့ရဲတွေရောက်လာပီးဖမ်းမိတဲ့သူကဖမ်းမိထွက်ပြေးတဲ့လူတွေလည်းလိုက်ဖမ်းနေကြတယ်"
"ဟာ ဒါဆိုမောင်ကဘာမှမလုပ်ရတော့ဘူးပေါ့ အပီဖိုက်မယ်ဆိုပီးထွက်လာကာမှ"
"ဘာကိုဖိုက်ချင်သေးတာလည်းဟေ့ကောင်"
"ဒယ်ဒီ့သားကလူစွမ်းကောင်းလုပ်မလို့ဟာ ဒယ်ဒီကအရင်ကယ်တင်ရှင်ကြီးဖြစ်သွားတယ်"
"ငါလည်းငါ့ချွေးမနဲ့ငါ့မြေးကိုစိတ်ပူတယ် ဟေ့ သွား သေချာခေါ်ပီးပြန်ကျတော့"
"ဟုတ် လာ'မ'မောင်နဲ့အတူပြန်ရအောင်"
..................
" 'မ'နော် မောင်စိတ်ချမယ်နော် အပြင်ထပ်မထွက်နဲ့တော့နော်"
"သွားပါ စိတ်ချလက်ချ"
"အင်း ဒါဆိုမောင်သွားပီစားချင်တာရှိရင်ဝယ်ခိုင်းလိုက်မယ်"
"အခုဘာမှမစားချင်သေးဘူး"
"ဒါဆိုတခုခုစားချင်ရင်ဖုန်းဆက်လိုက် မောင်လာပို့ခိုင်းလိုက်မယ်"
"အင်း"
"သွားပီ မွ အမောပြေလေး"
"အကောင်စုတ်လေး အသားကယူသွားသေး"

BẠN ĐANG ĐỌC
အမုန်းမမည်သောရပ်ဝန်း၌(Complete)
Lãng mạnအတိတ်ကဖြစ်ရပ်တစ်ခုကြောင့် သွင်တခေတ်ကိုချစ်ဟန်ဆောင်ပြီးပိုးပန်းလက်ထပ်ယူခဲ့တဲ့ "တည်တံ့နိုင်" ကိုယ့်ထက်အသက်ငယ်တဲ့ကောင်လေးကိုအချစ်ကြီးချစ်မိသွားပြီးမှ အမုန်းတရားတခုကြောင့်ချစ်ဟန်ဆောင်ကာလက်ထပ်ခဲ့မှန်းသိသွားခဲ့တဲ့ ...