Unicode
"တောက် မအိပ်နေဘဲ ဘယ်ရောက်သွားပြန်တာလည်းကွာ"
တည်တံ့အိပ်ရာကနိုးနိုးလာချင်းဘေးမှာရှိနေရမဲ့ခန္ဓာကိုယ်လေးကရှိမနေ။မျက်နှာသစ်အဝတ်စားလဲပီး အောက်ဆင်းလာတော့ ထမင်းစားခန်းထဲမှာ ကျောပေးရပ်နေသောခန္ဓာကိုယ်လေး။"ဒီမှာခင်ဗျား ဘာလို့အစောကြီးထသွားတာလည်း''
သွင် မောင့်အသံကိုကြားတာကြောင့် လူကဆတ်ခနဲတုန်ပီးလက်ထဲကဆေးလုံးလည်းလွတ်ကျသွားတော့သည်။
"ဟို ဒီတိုင်းအိပ်မပျော်တော့လို့"
"ဘာဆေးလဲ ကျသွားတာ ပြစမ်းဆေးကဒ်ကို ဘာဆေးတွေသောက်နေတာလဲ"
"ဟို တားဆေး"
"ဘာ"အသံကြီးကဟိန်းခနဲ။
"တာဆေးသောက်နေတာ"
"ခင်ဗျားကဘာလို့သောက်နေတာလဲ ဟမ်"
"မင်းနဲ့ငါက ပတ်သက်လွန်ကြူးပီးသွားပီလေ မတော်တဆရှိလာခဲ့ရင်ဘယ်လိုလုပ်မလည်း မင်းကလည်းတာဝန်မယူချင်ရင်
ငါတို့နှစ်ယောက်ကြားထဲခလေးကမြေစာပင်ဖြစ်နေမယ်""တောက် ဝုန်း........."
အလှပန်းအိုးလေးသည်ကြမ်းပြင်နဲ့မိတ်ဆက်သွားတော့သည်။
တည်တံ့လည်းကားကိုထုတ်ကာမောင်းထွက်လာလိုက်တော့သည်။
"ဟေ့ရောင်မာန်ထက် မင်းတို့ဘယ်မှာလည်း"
"ငါ့အိမ်မှာဘဲအကုန်စုနေကြပီ မင်းလာမလို့လား တီ"
"ခွေးကောင်တည်တံ့ပြန်မဖြေဘဲဖုန်းချသွားပြန်ပီ"
🤎...........
သွင်လည်းမောင်ခွဲသွားတဲ့ပန်းအိုးအစတွေကိုလိုက်လံသိမ်းဆည်းရတော့သည်။ပီးရင်
ရေခဲသေတ္တာထဲကရှိတာလေးနဲ့ချက်ပြုတ်ရတော့မည်။အလုပ်သမားတွေကတော့ဘယ်ချိန်ရောက်မယ်မသိ။✨ ......................
"တီ "
"ဟာဟိုမှာ တည်တံ့ကားမဟုတ်လား
ဘာဖြစ်လာတာလည်းမသိ""ဟေ့ရောင် တည်တံ့ဘာဖြစ်လာတာလည်း"
"ဘာမှလာမမေးနဲ့နားငြီးတယ်ကွာ"
![](https://img.wattpad.com/cover/291982792-288-k573992.jpg)
ESTÁS LEYENDO
အမုန်းမမည်သောရပ်ဝန်း၌(Complete)
Romanceအတိတ်ကဖြစ်ရပ်တစ်ခုကြောင့် သွင်တခေတ်ကိုချစ်ဟန်ဆောင်ပြီးပိုးပန်းလက်ထပ်ယူခဲ့တဲ့ "တည်တံ့နိုင်" ကိုယ့်ထက်အသက်ငယ်တဲ့ကောင်လေးကိုအချစ်ကြီးချစ်မိသွားပြီးမှ အမုန်းတရားတခုကြောင့်ချစ်ဟန်ဆောင်ကာလက်ထပ်ခဲ့မှန်းသိသွားခဲ့တဲ့ ...