Part-7

13.1K 288 2
                                    

Unicode....

"တောက်....."

"ဖိတ်ကုန်ပီ မမရရဲ့လား"

"တောက်  ဘယ်လိုလုပ်လိုက်တာလည်း
ကော်ဖီခွက်လေးတောင် ဖြောင့်အောင်မကိုင်နိုင်ဘူးလား ဧည်သည်ပူကုန်ပီ"

"ကိုကိုမမကိုစွတ်အော်မနေနဲ့လေ မမလည်းအပူလောင်တာဘဲလေ လက်ချော်တာတော့ဖြစ်တတ်တာဘဲ"

"ဖြူလေး မင်းလည်းယုံသင်တဲ့လူလူကောင်းကိုဘဲ ယုံပါ အဟက်.....ခဏလေးနဲ့ကိုယ့်ဘက်ရပ်တည်နိုင်အောင် ဘာအစွမ်းတွေများရှိနေသလည်း  ဟမ်  ဒီမှာမဇွန်ပန်း အဆင်မပြေဖြစ်သွားတာSorryပါ အပြင်မှာဘဲလိုက်ဧည့်ခံတော့မယ် သွားရအောင်"

           ....................

"မမ အရမ်းနာသွားလားဟင်  "

"ရတယ် ဖြူလေး "

"မမဆေးရှိလား ဖြူလေးလိမ်ပေးမယ် ဘယ်မှာလည်းဟင်"

"အဲ့အံဆွဲထဲမှာရှိတယ် ဖြူလေး"

"ဟယ် တော်တော်ကြီးလက်ကရဲသွားတာဘဲ
အသားကလည်းဖြူလက်ကလည်းနုနုလေးကိုဟယ်"

"ရပါတယ် ဖြူလေးရဲ့"

"မမ ဖြူလေးမမကိုသံယောဇဥ်တွယ်သွားပီမို့ မမနဲ့တစ်ညလောက်တူတူအိပ်သွားချင်တယ် ပေးအိပ်မလားဟင်"

"အိပ်လေး ဖြူလေးရဲ့ တစ်ညမဟုတ်ဘူးအကြိုက်အိပ်"

"ဟီး ကျေးဇူး ဒါဆိုအိမ်ကကားနဲ့အဝတ်စားလာပို့ခိုင်းလိုက်မယ်"

                .................

"ဒေါ်သွင်တခေတ် ဒေါ်သွင်တခေတ်"

"ကိုကိုစွတ်အော်မနေနဲ့ မမညဘက်ဘုရားခန်းဝင်ပီး ဘုရားရှိခိုးနေတယ်"

"နင်ကရော မပြန်သေးဘူးလား"

"ဒီမှာညအိပ်မှာလေ ဒါနဲ့နော်ညနေကကိုကိုလုပ်ပုံကြီးကမမိုက်ဘူးနော်"

"ခလေးကခလေးလိုနေ ဝင်မပါနဲ့"

"ဝင်မပါချင်ပါဘူး မမကတစိမ်းလူရှေ့အအော်လည်းခံရ လက်နုနုလေးကလည်းကော်ဖီအပူတွေလောင်ပီးနီရဲနေတာဘဲ အခုထိနာပီးစပ်နေတုန်း"

"မူယာ မာယာများတာနေမှာ တော်ပီ ငါအပေါ်တက်တော့မယ် သာလိကာရေ"

အမုန်းမမည်သောရပ်ဝန်း၌(Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ